Tuesday, June 30, 2009

ရေချိုးမယ်

မရှက်နဲ့

မြန်မာလိုပြောကြရအောင်။


ပြည်တွင်း
ဟုတ်ကဲ့ ? ထုတ်ပြန်ကြေငြာလိုက်သည်။ ထပ်မံ၍ ထုတ်ပြန်ကြေငြာလိုက်သည်။ ကန့်ကွက်လိုက်သည်၊ ပြင်းထန်စွာကန့်ကွက်လိုက်သည်။ ဟုတ်ကဲ့ ဘာမှထပ်မကြားရတော့ပါ၊ အရမ်းကိုစိတ်ပူနေပါတယ်။

သတင်းစာဆရာကြီးများလည်း သိသည့်အတိုင်းပါပဲ ABSDF, NCGUB, FTUB,.....တို့လုပ်တာပါ...။

ပြည်ပ
ဟုတ်ကဲ့ ?ပြည်တွင်းမှာလုပ်လို့မရလို့ပြည်ပကိုထွက်လာရပါ။ ကျွန်တော်တို့စောင့်ကြည့်နေပါသည်၊ အခြေအနေအာလုံးကို ဆက်လက်စောင့်ကြည့်နေပါတယ်။ ပြည်တွင်းက အဓိကကြပါသည်။ ပြည်တွင်းကစလှုပ်မှ ကျွန်တော်တို့ပြည်ပက နိုင်ငံတကာဖိအားနဲ့ ပံ့ပိုးနိုင်မယ်။

I တော့ မြန်မာလိုတတ်သွားပြီး။



Monday, June 29, 2009

အ၀တ်လဲမယ်

ခိုးမကြည်ရဘူး။

သင်ပုံကြီးဖတ်စာ-၁

ယက်တောကြီးလဲ စားနေသည်၊
မမကြိုင်မအားသေး၊
ဘုရားသခင်နဲ့တိုင်ပင်အုံးမည်၊
ဘာဆက်လုပ်မည်နည်း။

Sunday, June 28, 2009

သင်ပုံကြီးဖတ်စာ-၂

မြန်မာစကားပြောတော့လူများ လေနေကြသည်၊
ဂမ်ဘာလာကြီးလည်း ဒိုးနေသည်၊
အားလူးပေးမဲ့ သူများလဲပါသည်၊
အလည်ကလူ အသားမဲ၏။


ကာကာကွယ်ကွယ်

ကြောက်တတ်သူများမကြည်ရ။

Saturday, June 27, 2009

ခေတ်မှိတိုးတက်သော အနာဂတ်မြန်မာနိုင်ငံတော်

ခေတ်မှိတိုးတက်သော အနာဂတ်မြန်မာနိုင်ငံတော်အား တည်ဆောက်မည့်သူများသည်
  • ရည်ရွယ်ခိုင်မာရမည်၊ ရဲရင့်ရမည်၊ ပြတ်သားရမည်။
  • တရား ဥပဒေအား လေးစားလိုက်နာသူဖြင့်ရမည်။
  • အသင်း အဖွဲ့အစည်းပုံစံဖြင့် လုပ်ဆောင်နိုင်ခြင်း နှင့်မိမိအသင်းအဖွဲ့၏ စည်းလုံးညီညွတ်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးကို အလေးအနက်ထားသူဖြစ်ရမည်။
  • မိမိလုပ်ဆောင်မှုအား တာဝန်ယူနိုင်ရမည်၊ မိမိအမှားများအား ၀န်ခံရဲသည့် သတ္တိရှိရမည်။
  • မိမိကိုယ်တိုင်လွတ်လပ်ရမည်၊ သူတပါး၏ လွတ်လပ်မှုအား လေးစားရမည်။
  • ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်ရမည်။
  • မြန်မာ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး ဆိုင်ရာ သမိုင်းရာဇ၀င်အား နားလည်းတတ်ကျွမ်းရမည်။
  • မြန်မာစာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံစံအား မြတ်နိုးရမည်။
  • ကမ္ဘာ့နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေးအား မျက်ချေမပြတ် လေ့လာခြင်း၊ ဝေဖန်သုံးသပ်ခြင်း နှင့်မိမိအမြင်အား သူတစ်ပါး နားလည်းအောင် တင်ပြဆွေးနွေးနိုင်ရမည်။
  • မိမိ မိသားစုအရေးအား မိမိအရည်းချင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရမည်။
  • ဘာသာရေး၊ လူမျိုးရေး ဓလေ့ထုံလမ်း အစဉ်လာများအား လေးစားလိုက်နာရမည်။
  • ခေတ်ပညာအား ဆည်းပူးနိုင်ရမည်၊ တတ်မြောက်ရမည်။
  • အရည်းအချင်းရှိသော မျိုးဆက်သစ်လူငယ်များအား ကောင်းမွန်သော လုပ်ဆောင်ချက်များကို သင်ကြားခြင်း၊ လက်တွဲခေါ်ယူခြင်း၊ နေရာပေးခြင်း စသည့် စိတ်ရင်းစေတနာများ ထားနိုင်ရမည်။
  • အစဉ်အလားကြီးမားသူများ၏ လုပ်ဆောင်ချက်များအား ရိုသေလေးစားခြင်း၊ အသိအမှတ်ခြင်း နှင့် ထိုသူများ၏ သြ၀ါဒအမှာစကားများကို နာခံခြင်း စသည့် စိတ်ဓါတ်များထားရမည်။
  • အင်္ဂလိပ်စာပေ နှင့် ကမ္ဘာ့ယဉ်ကျေးမှုအမွေနှစ်များအား လေ့လာဆည်းပူးနေရမည်။