Sunday, May 16, 2010

အပူလှိုင်းဒဏ်ကြောင့် လူအသေအပျောက်များ


၁၄-၀၅-၂၀၁၀. voa.news. မြန်မာနိုင်ငံမှာ အပူချိန်အဆမတန် မြင့်မားမှုကြောင့် သောက်ရေပြတ်လပ်မှု အပြင် အခု အပူရှိန်ကြောင့် သေဆုံးတာတွေလည်း တိုးလာတယ်လို့ ဒေသခံ တွေကပြောပါတယ်။ အသက်အရွယ်ကြီးသူတွေနဲ့ အလုပ်ကြမ်းလုပ်သူတွေ အသေအပျောက် များတယ်လို့ ပြောကြပါတယ်။ မိုးမရွာပဲ လနဲ့ချီကြာ အပူချိန် အဆမတန် မြင့်မားမှုကြောင့် ကျန်းမာရေးအရ သတိပေးချက်တွေ ထုတ်ပြန်ထား တဲ့ကြားက အပူကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိနေတာပါ။ အများစုကတော့ အပူချိန်ဒဏ်မခံနိုင်တဲ့ သက်ကြီးပိုင်းတွေ ဖြစ်ပေမဲ့ လူလတ်ပိုင်းတွေ လူငယ်ပိုင်း တွေလည်း ဦးနှောက် သွေးကြောပေါက်ပြီး ရုတ်တရက် သေဆုံးမှု တွေရှိတယ်လို့ သိရပါတယ်။ ရန်ကုန်မှာ နာရေး အကူအညီ တွေပေးနေတဲ့ နာရေးကူညီမှု အသင်းက ကိုကျော်သူက အခု ရက်ပိုင်း အတွင်း သူတို့ကူညီရတဲ့ နာရေးတွေ ပိုများလာတယ်လို့ ပြောပါတယ်။

“အခြေအနေက တော်တော်များတယ်၊ များတယ်ဆိုတာ အရင်တုန်းကဆိုရင် ကျနော်တို့ ပုံမှန်ခါတိုင်း ဒီ့ပြင်နှစ်တွေ၊ ဒီ့ပြင်ရာသီတွေ ဆိုရင် ၄၀နဲ့၄၅ လောက် ရှိတယ်။ အခုကျတော့ ၅၀ ကျော်ပြီးတော့ အခု၇၀လောက် ကျနော်တို့ အကူအညီ ပေးနေရတယ်။ တနေ့တနေ့ သေဆုံးတဲ့သူ အယောက် ၇၀ကျော် လုပ်ပေး နေရတယ်။ ကျနော်တို့ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေ တချို့ဆိုရင် ည၈ နာရီ လောက်မှ အိမ်ပြန်ရတာ တွေဖြစ်နေတယ်။”

အပူကြောင့် သေဆုံးတဲ့လူများတယ်ဆိုတာ ဘယ်လိုရောဂါမျိုး၊ ဘယ်လိုပုံစံမျိုး တွေနဲ့ သေဆုံးတာများလဲ ခင်ဗျ၊ အစ်ကိုတို့ တွေ့ရသလောက်။ “ကျနော်တို့ မြင်တာကတော့ ရာသီဥတုပူတယ်၊ ပူတော့ ကျနော်တို့တောင် နေရထိုင်ရတာ တော်တော်လေး ဒုက္ခရောက်တယ်။ အထူးသဖြင့် မီးမလာတော့ ပိုပြီးဆိုးတာပေါ့။ ပန်ကာတို့ အဲကွန်းတို့လဲ ဖွင့်မရ၊ တက္ကဆီမောင်း ကားဆရာ တွေဆိုရင် ကားမောင်းရင်းနဲ့ ဆုံးသွားတာတွေ ရှိတယ်။ တချို့ ဆိုက်ကားဆရာ တွေလဲဒီတိုင်းပဲ။ ဒီအပူထဲမှာ သွားရင်းနဲ့ နေပူတော့ မျက်နှာသုတ် ပုဝါကို ရေဆွတ်ပြီးတော့ လည်ပင်းမှာအုပ်ပြီး မောင်းတယ်၊ အဲဒါနဲ့တင် ဦးနှောက်ကြော ပြတ်တာတို့ ဘာတို့ ချက်ခြင်းဆုံးကုန် တာတွေရှိတယ်။ နောက်လူကြီးပိုင်းတွေ ဆုံးတာတွေ များတယ်။ များတာတော့ အားလုံး မျှနေတာပါပဲ။ လူကြီးပိုင်းလည်း ဆုံးတယ်၊ လူငယ်ပိုင်းလည်း ဆုံးတာများတယ်။

“ပန်းချီသန်းမြင့်အောင်ဆိုရင် ပြီးခဲ့တဲ့လက မော်လမြိုင်ဘက်က လိုဏ်ဂူတွေမှာ သွားပြီးတော့ Field ဆင်းပြီးတော့ ပန်းချီတွေ ဆွဲလာတယ်၊ ဆွဲလာပြီးတော့ ပြန်လာတာနဲ့ အဲဒီမှာဖျားတာပဲ။ ဖျားပြီး အပူရှိန်တက်ပြီးတော့ အသက်ပါ ပါသွားတဲ့ သဘောမျိုးတွေ။” ရာသီဥတုရော အခြေအနေ၊ အစ်ကိုဘယ်လိုရှိလဲ၊ နည်းနည်း သက်သာလား၊ ဒီနေ့ “မသက်သာဘူး တော်တော်လေးကို ပူတယ်။ မနက်ကဆို ကျနော်တို့ ပဲခူးဘက် သွားတာ။ ပဲခူးဘက်က ရေဘေး ဒုက္ခသည်တွေက သောက်ရေ သုံးရေမရှိလို့ အဲဒါလည်း သွားလုပ်ရသေးတယ်။” မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့အတွင်းမှာ အပူချိန် လွန်ကဲမှုကြောင့် ဖျားနာမူးဝေ မောပန်းပြီး ဆေးရုံ ရောက်လာတဲ့ လူနာတွေ ရှိသလို၊ အပူချိန်လွန်ကဲမှုကြောင့် အဲဒီလူနာတွေထဲက ၇ ဦးသေဆုံးခဲ့တယ်လို့ ကျန်းမာရေး ၀န်ကြီးဌာန ကတော့ ဒီကနေ့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အပူဒဏ် ကာကွယ်ရေး နှိုးဆော်ချက် တွေကိုလည်း အစိုးရမီဒီယာတွေမှာ သတိပေး ဖော်ပြထားပါတယ်။ ရန်ကုန်မြို့မှာ အပူကြောင့် အသက်ဆုံးရှုံး တာတွေရှိသလို ရန်ကုန်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ပဲခူးတိုင်း အတွင်းမှာလည်း ၀မ်းပျက်ဝမ်းလျှော ရောဂါအပါအ၀င် နာမကျန်းဖြစ်ပြီး အသက်ဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ပဲခူးမြို့ခံ ဆရာဝန် တယောက်က လည်းပြောပါတယ်။

သမ္မတအိုဘားမား စစ်အစိုးရအပေါ်ဒဏ်ခတ်မှု သက်တမ်းတိုး

သောကြာ, 14 မေ 2010. VOA NEWS. မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ဒဏ်ခတ်ထားတာကို နောက်ထပ် တနှစ်သက်တမ်းတိုးဖို့ သမ္မတအိုဘားမား (Barack Obama) လက်မှတ်ရေးထိုး လိုက်တဲ့အကြောင်း မေလ ၁၄ရက်နေ့စွဲနဲ့ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစစ်အစိုးရရဲ့လုပ်ရပ်တွေ၊ မူဝါဒတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ အမျိုးသား လုံခြုံရေးကို ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ ထူးထူးကဲကဲ ဆက်လက် အန္တရာယ်ပြု ခြိမ်းခြောက် နေတာကြောင့် ၁၉၉၇ ခုနှစ် မေလ ၂၀ရက်နေ့ က အမေရိကန်ပြည်ထောင်စု အမျိုးသား အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်ကို ၂၀၀၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က သမ္မတရဲ့ အုပ်ချုပ်မှုအာဏာအရ အမိန့်ပြန်တမ်းအမှတ် ၁၃၃၁၀၊ ၂၀၀၇ ခုနှစ် အောက်တိုဘာ လ ၁၈ ရက်နေ့က အမိန့်ပြန်တမ်းအမှတ် ၁၃၄၄၈၊ ၂၀၀၈ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က အမိန့်ပြန်တမ်းအမှတ် ၁၃၄၆၄ တို့နဲ့ အသီးသီး ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၀ ပြည့်နှစ် မေလ ၂၀ ရက်နေ့ကစပြီး ဆက်လက်အကျိုးသက် ရောက်မှုရှိအောင် နောက်ထပ် တနှစ်သက်တမ်းတိုးဖို့ သမ္မတအိုဘားမား ကိုယ်တိုင် ၂၀၁၀ပြည့်နှစ် မေလ ၁၃ ရက်နေ့ နေ့စွဲနဲ့ လက်မှတ်ထိုး လိုက်တဲ့အကြောင်း အိမ်ဖြူတော်က သောကြာနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

Saturday, May 15, 2010

အာကာသနှင့် တကယ်ကိုစိတ်မကောင်းပါ


ဂျပန်လူမျိုး အာကာသယာဉ်မှူး Naoko Yamazaki (၃၉နှစ်)လိုက်ပါစီးနင်းတဲ့ အာကာသလွန်းပျံယာဉ်ဟာ ဧပြီလ၅ရက်နေ့က အပြည်ပြည်ဆိုင်ရာအာကာသစခန်းကိုထွက်ခွာသွားပါတယ် Yamazaki ဟာဂျပန်လူမျိုးထဲမှ ဒုတိယမြောက်အမျိုးသမီးအာကာသယာဉ်မှူးဖြစ်ပြီး ၁၉၉၄ ကနေ ၁၉၉၈အထိတာဝန်ထမ်းဆောင်ခဲ့တဲ့ Chiaki Mukaiကတော့ Yamazaki ရဲ့ရှေ့ပထမဦးဆုံးအမျိုးသမီး အာကာသသူရဲကောင်းပါတဲ့ ... အခုအာကာသလွန်းပျံယာဉ်မှာ အာကာသယာဉ်မှူး ၇ ယောက်စီးကြမှာဖြစ်တဲ့အပြင် အာကာသထဲ စမ်းသပ်လေ့ကျင့်ရာမှာအသုံးပြုတဲ့ပစ္စည်းများထောက်ပံ့ဖို့ ရှစ်တန်အလေးချိန်ရှိတဲ့ပစ္စည်းများလဲပါတယ်ဆိုပဲ ဂျပန်လူမျိုး အာကာသယာဉ်မှူး ရဲ့တာဝန်က အာကာသထဲမှာ ပစ္စည်းသယ်ဆောင်မဲ့စက်ရုပ်လက်ပုံစံ စက်ကို အော်ပရေတာလုပ်ပေးရမှာပါ... ဂျပန်လူမျိုးတွေ အာကာသယာဉ်ကိုစီးပြီး အာကာသထဲ အရင်ဆုံးရောက်ခဲ့တာက မြန်မာပြည်ရဲ့ ၁၉၉၀ ရွေးကောက်ပွဲ ဖြစ်ပြီး ၂နှစ်အကြာ ၁၉၉၂ ခုနှစ်ကဖြစ်ပါတယ် လေယာဉ်မှူးကြီးရဲ့နာမည်က Mamoru Mori လို့ခေါ်ကြောင်းသိရပါတယ်ခင်ဗျ... အဲဒီအချိန်က ဗိုလ်ခင်ညွန့်ရဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ ဘီဘီစီ ဗွီအိုအေ ရဲ့မိုးလုံးပြည့်မုသာဝါဒ ဘာညာပြောနေတဲ့အချိန် ဂျပန်လူမျိုးက မိုးလုံးကိုကျော်ပြီးအာကာသထဲသွားနေပါပြီ... ပြီးခဲ့တဲ့နှစ်ကဆိုရင် ဂျပန်လူမျိုး အာကာသသူရဲကောင်း Koichi Wakata ကအပြည်ပြည်ဆိုင်ရာအာကသစခန်းထဲ ကမ္ဘာ့ဆွဲအား သုညမှာ အ၀တ်အစားခေါက်ပြတာတို့ မျက်စဉ်းဆေးထည့်ပြတာ အဲဒါမျိုးတွေစမ်းသပ်ပြသအသုံးတော်ခံခဲ့တယ်ဆိုပဲ ရွှီးဖြောင်းဖြောင်းဖြောင်းပေါ့နော် အားပေးတယ်ခင်ဗျ ရွှေမြိုင်အောင်တို့ကတော့ အားပေးရင်းပဲ... အခုတခါ Yamazaki က အာကာသထဲကို ၆ပေလောက်ရှည်တဲ့ ကိုတို ခေါ် ဂျပန်ရိုးရာစောင်းကိုသယ်သွာမယ်ဆိုပြန်ရော တကယ်ဆိုရင် အရှည် ၆ပေလောက်ရှိတဲ့ အဲဒီဂျပန်ရိုးရာစောင်းကို အာကာသထဲသယ်ဘို့ဆိုတာက မလွယ်ရေးချ မလွယ်တဲ့ကိစ္စပါ ဒါကြောင့်စောင်းအသေးစားကလေးလုပ်ပြီးသယ်သွားရပါတယ်ခင်ဗျာ... အဲဒီစောင်းအသေးစားကလေးကိုဘာလုပ်မလို့လဲဆိုတော့ ... Yamazaki က ဖြေပါတယ် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းထဲရောက်ရင် အရင်ရောက်နှင့်ပြီးသား ဂျပန်လူမျိုး အာကာသယာဉ်မှူး Soichi Noguchi (၄၄နှစ်)ကဂျပန်ရိုးရာပုလွေကိုသယ်ဆောင်သွားခဲ့တာဖြစ်တဲ့အတွက် အတူတကွသီဆိုတီးမှုတ်လို့ရအောင်တဲ့... ဂျပန်တွေကတော့ သူတို့အစီစဉ်နဲ့သူတို့ ဂျပန်ရိုးရာဓလေ့ထုံးစံကိုအာကာသထဲ မှာလုပ်ပြမယ်ဆိုပဲ ..တော် မှ တော် ..တကယ်လဲအာကာသထဲရောက်တော့ .. ဟုတ်တယ်ဗျား ဂျပန်ရိုးရာစားစရာ ဆူးရှီးကိုလိပ်ပြီး အတူပါလာတဲ့အာကာသယာဉ်မှူးတွေကိုကျွေးသတဲ့လေ ... ၇ယောက်မြောက် ဂျပန်အာကာသယာဉ်မှူးစီးခဲ့တဲ့ Discovery အာကာသလွန်းပျံယာဉ်ဟာဧပြီလ ၂၀ရက်နေ့မှာ ကမ္ဘာမြေကိုချောချောမေါမေါ ပြန်ရောက်ခဲ့ပါတယ် ရွှေမြိုင်အောင်လဲ ရင်တမမနဲ့ သတင်းကိုနားထောင်ရင်း သြဘာပေးမိပါတယ်... ဂျပန်တွေ အာကာသထဲသွားနိုင်ဘို့အတွက် ဂျပန် ရုရှား အမေရိကန် ဥရောပအာကာသအေဂျင်စီနဲ့ ကနေဒါနိုင်ငံတို့ပါဝင်တဲ့အပြည်ပြည်ဆိုင်ရာ အာကာသစခန်းထဲကို ဂျပန်တို့ဘယ်လိုကဏ္ဍကပါဝင်ခဲ့သည်ဆိုတဲ့စွမ်းဆောင်ချက်ကို အသိအမှတ်ပြုရမှာပါ.. ဂျပန်တွေအာကာသထဲကို မိုးရှီ မိုးရှီ လုပ်ပြီးသွားတဲ့အချိန်ကာလအတွင်းမှာ မြန်မာပြည်မှာလဲ ဝေဟင်ထဲပျံသန်းဘို့ကြိုးစားရင်းတ၀ုန်းဝုန်းနဲ့မြေကြီးအောက် ရောက် ရောက်သွားတဲ့သတင်းတွေကို ကြားသိရပါတယ်... ၁၉၉၀ ရှမ်းပြည်တောင်အိုင်းအင်းလေးကန်အနီး လေယာဉ်ပျက်ကျလို့ လေယာဉ်မှူး ၂ဦးသေဆုံးတာကစလို့ ပြီးခဲ့တဲ့နှစ် ၂၀၀၉ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဧရိယာထဲ တိုက်လေယာဉ်ဆင်းသက်နေတုန်း မီးလောင်မှုဖြစ်လို့ လေယာဉ်မှူး ဗိုလ်ကြီးပြည့်ဖြိုးမျိုး သေဆုံးခဲ့တဲ့အထိ ကာလထဲမှာ လေယာဉ် ၁၀ကြိမ်ပျက်ကျခဲ့ပြီး လေယာဉ်မှူး ဗိုလ်မှူး ၊ဗိုလ်ကြီး ၊ဗိုလ် ၈ဦးသေဆုံးခဲ့ရပါတယ်... ဒါဟာတရုတ်နိုင်ငံလုပ်တိုက်လေယာဉ်တွေပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်အရှိန်ထိန်းတဲ့တောင်ပံဖလက်ပြားတွေတွေ ဂဒေါက် ဂဒေါက် ဂဒေါက်နဲ့ မကြာခဏပြုတ်ထွက်တတ်တာကိုလဲတွေ့ရတယ်တဲ့ခင်ဗျ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော မြန်မာ့လေတပ်မတော်ဆိုတာပေါ့ဗျာ.. ဟုတ်တယ်ဟုတ်... နအဖလေတပ်ကအမျာ.ဆုံးဝယ်သုံးခဲ့တာက တရုတ်လုပ်F-27K ,AF-2K နဲ့F-7 အမျိုးအစားတိုက်လေယာဉ်တွေဖြစ်တယ် ပြီးတော့အဲဒီလေယာဉ်တွေ ဝေဟင်ထဲပျံသန်းဘို့ သင်တန်းပေးတဲ့အနေနဲ့ မြန်မာ့လေတပ်ကစစ်ဗိုလ်တွေကို တရုတ်စစ်တပ်က သင်တန်းခေါ်ပေးသတဲ့လေ.. တရုတ်အပြင်ကို ဖေါက်သည်ဖြစ်အောင် ယူဂိုဆလပ်လုပ် G-4 ရုရှားကMIG -29တို့ကိုပါဝယ်သေးသတဲ့... အာကာသထဲကိုဂျပန် လွှမ်းမိုးနိုင်ပြီဖြစ်တာကိုရွှေမြိုင်အောင် မုဒိတာပွားပါတယ် အာရှတိုက်သားကိုးဗျနော် ..မြန်မာတွေဝေဟင်ထဲပျံဝဲဘို့ကြိုးစားကြချိန်မှာ ဒါရိုက်ဟစ်နဲ့ မြေကြီးထဲရောက်သွားကြတာတွေအတွက် စိတ်မကောင်းပါဘူး ဒါကမြန်မာနိုင်ငံသားမဟုတ်လားဗျာ ဒီထက်ပိုပြီးစိတ်မကောင်းဖြစ်ရတာကတော့... မြန်မာနိုင်ငံသားစစ်စစ် မိဘ၂ပါးကနေ တိုင်းပြည်မှာလုပ်ကိုင်စားသောက်ဘို့အခက်အခဲဖြစ်လို့ ထိုင်းနိုင်ငံထဲမှာ ခိုးကြောင်ခိုးဝှက်နေထိုင်ရင်း မွေးဖွားလာတဲ့ ရှမ်းတိုင်းရင်းသားစစ်စစ် ကလေး စိုင်းမောင်သောင်းဒီ ဟာ ထိုင်းနိုင်ငံကိုကိုယ်စားပြုလို့ဂျပန်မှာကျင်းပပြုလုပ်တဲ့ အိုရီဂါမီ စက္ကူခေါက် လေယာဉ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ပြီး အုပ်စုလိုက်ပြိုင်ပွဲမှာ ပထမ တဦးချင်းပြိုင်ပွဲမှာ တတိယဆုရခဲ့ပေမဲ့ သူဟာထိုင်းနိုင်ငံသားမဟုတ်ပါဘူး.. ဒါဆိုမြန်မာနိုင်ငံသားခလေးလားလို့ ဂုဏ်ယူချင်လို့မေးခဲ့တော့လဲ ဟင့်အင်းဆိုပဲ... စက္ကူလေယာဉ်ကလေးနဲ့ပြိုင်ပွဲဝင်ခဲ့တဲ့ သူကလေးအတွက် ..............ရွှေမြိုင်အောင်တကယ်ကိုစိတ်မကောင်းပါခင်ဗျာ...
(ရွှေမြိုင်အောင်)
မေလထုတ် မိုးသောက်ကြယ်ဂျာနယ်မှကူးကူဖေါ်ပြသည်

Thursday, May 13, 2010

မြန်မာ့ရွေးကောက်ပွဲ နိုင်ငံတကာ အကဲခတ် ပုဂ္ဂိုလ်တွေ လက်ခံဖို့ ကုလ တိုက်တွန်း

13 May 2010.VOA NEWS.မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အာဆီယံ အပါအ၀င် နိုင်ငံတကာက လာရောက်စစ်ဆေးဖို့ မလိုအပ်ဘူးလို့ မြန်မာနိုင်ငံကို ၂ ရက်ကြာခရီး လာရောက်ခဲ့တဲ့ အမေရိကန် အဆင့်မြင့်ပုဂ္ဂိုလ်ကို မြန်မာစစ်အစိုးရက ပြောဆိုခဲ့တာကြောင့် ဒေသတွင်းနဲ့ နိုင်ငံတကာက စောင့်ကြည့် လေ့လာသူတွေကို ဖိတ်ကြားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

မေလ ၉ ရက်နေ့က အမေရိကန်နိုင်ငံ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက် နိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တွေ၊ အထူးသဖြင့် အာဆီယံအဖွဲ့တွေ လာရောက်ခွင့် ပြုမပြု မေးမြန်းတဲ့အခါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အတွေ့အကြုံ များစွာရှိပြီး ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်တွေ သေသေချာချာ ပြဋ္ဌာန်း ဆောင်ရွက် နေတာမို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ ထင်ရှားတဲ့အတွက် နိုင်ငံတကာ အဖွဲ့တွေ လာရောက်ဖို့ မလိုကြောင်း ပြန်ကြားခဲ့ပါတယ်။ အခုလို မြန်မာစစ်အစိုးရဘက်က လက်မခံပေမဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေကို ဖိတ်ကြားဖို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

Tuesday, May 11, 2010

ရန်ကုန် ၊ ကန်တော်ကြီး ဗုံးပေါက်ကွဲမှု သတင်းစာ ရှင်လင်းပွဲ

ရန်ကုန် ၊ ကန်တော်ကြီး ဗုံးပေါက်ကွဲမှု သတင်းစာ ရှင်လင်းပွဲ အပိုင်း (၁)
ရန်ကုန် ၊ ကန်တော်ကြီး ဗုံးပေါက်ကွဲမှု သတင်းစာ ရှင်လင်းပွဲ အပိုင်း (၂)
ရန်ကုန် ၊ ကန်တော်ကြီး ဗုံးပေါက်ကွဲမှု သတင်းစာ ရှင်လင်းပွဲ အပိုင်း (၃)
ရန်ကုန် ၊ ကန်တော်ကြီး ဗုံးပေါက်ကွဲမှု သတင်းစာ ရှင်လင်းပွဲ အပိုင်း (၄)
ရန်ကုန် ၊ ကန်တော်ကြီး ဗုံးပေါက်ကွဲမှု သတင်းစာ ရှင်လင်းပွဲ အပိုင်း (၅)

NLD (LAဂျပန်) ၆လပတ်ညီလာခံ

















အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ

၂၀၀၈-၂၀၁၀ အလုပ်အမှုဆောင်သက်တမ်း၏ စတုတ္ထအကြိမ်

၆ လပတ် ညီလာခံကို ၂၀၁၀ခုနှစ် မေလ ၉ရက်နေ့က

ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ကျင်းပစဉ်။

-သတင်းဓါတ်ပုံ -အောင်ပြည့်ဖြိုး (NLD-LA ဂျပန်)

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာကမ့်ပ်ဘဲလ်တို့ တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ့်ပ်ဘဲလ်(ယာ) တို့ တွေ့ဆုံနေစဉ်(ဓာတ်ပုံ-အေပီ). 10. 05. 2010. VOA NEWS.

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် မြန်မာပြည်သူတွေကို ဆက်ပြီး ထောက်ခံသွားမယ်လို့ မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Mr. Kurt Campbell) က သူ့ရဲ့ ခရီးစဉ် အဆုံးမသတ်ခင် ရန်ကုန်မှာ ကြေညာချက် ထုတ်ပြန် ပြောကြား လိုက်ပါတယ်။ ဒီနှစ်ကုန်လောက်မှာ ပြုလုပ်မယ်လို့ ယူဆရတဲ့ နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ရွေးကောက်ပွဲကိစ္စကို အဓိကထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်တို့ ဒီနေ့ တွေ့ဆုံဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ အမေရိကန်သံရုံးက ထုတ်ပြန်လိုက်တဲ့ မစ္စတာ ကမ့်ပ်ဘဲလ် ကိုယ်တိုင် ဖတ်ပြသွားတဲ့ ကြေညာချက်ထဲမှာ “မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှု အမျိုးမျိုးတွေ အတွင်း ကျနော်တို့ဘက်က ကမ်းလှမ်းခဲ့တာ တခုကတော့ စစ်အစိုးရ အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ အဘက်ဘက်က အရေးပါသူတွေ အားလုံး ပါဝင်ခွင့် ပြုထားတဲ့ ဂုဏ်သိက္ခာရှိရှိ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သွားဖို့ပါပဲ။ ဒီနှစ်ထဲလုပ်မယ့် ရွေးကောက်ပွဲတွေကို ကံမကောင်း အကြောင်းမလှစွာနဲ့ဘဲ စစ်အစိုးရကတော့ အရေးပါသူတွေနဲ့ ဆွေးနွေးတိုင်ပင်ခြင်း မရှိဘဲ တဖက်သတ် လုပ်ဆောင်ဖို့ ရွေးချယ်သွားခဲ့ပါပြီ။

“မသွယ်မ၀ိုက်ဘဲ ပြောရမယ်ဆိုရင် အဲဒီရွေးကောက်ပွဲတွေဟာ နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှု ရမှာ မဟုတ်ဘူးလို့ ယုံကြည်စရာ အကြောင်းအချက်တွေ ကျနော်တို့ တွေ့မြင်ထားခဲ့ပါတယ်။ ရွေးကောက်ပွဲတွေ မလုပ်ခင် ကျန်နေသေးတဲ့ အချိန်မှာ ရွေးကောက်ပွဲမှာ အားလုံး ပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်ကို ချမှတ်တဲ့ လုပ်ရပ်တွေ ချက်ချင်းလုပ်ပါလို့ စစ်အစိုးရကို ကျနော်တို့ တိုက်တွန်းပါတယ်။” မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေဟာ တချို့က ရွေးကောက်ပွဲဝင်ဖို့၊ တချို့က ရွေးကောက်ပွဲ မ၀င်ဖို့ အခက်အခဲတွေ အမျိုးမျိုးကြားက ဆုံးဖြတ်ချက် ချခဲ့ကြတာကို အမေရိကန် ပြည်ထောင်စုက နားလည်ပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားပါတယ်လို့ မစ္စတာ ကမ့်ပ်ဘဲလ်က ပြောဆိုခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ပတ်သက်ပြီး သူပြောတာကတော့. “မြန်မာပြည် သူလူထုတွေရဲ့ ဘ၀ကို မြှင့်တင်ပေးဖို့ နှစ်ပေါင်း ၂၀ ကျော် ရုန်းကန် လှုပ်ရှားခဲ့တဲ့ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တွေ၊ ကျနော်နဲ့ အချိန်ကြာကြာ တွေ့ဆုံ ဆွေးနွေးခဲ့ရတဲ့ ဒီခေါင်းဆောင်တွေကို ကျနော် ဒီအချိန်မှာ ချီးကျူး ဂုဏ်ပြုပါရစေ။ စစ်အစိုးရရဲ့ အပြစ် အနာအဆာတွေနဲ့ အုပ်ချုပ်ရေး စည်းမျဉ်း စည်းကမ်းတွေထဲမှာ တရားဝင် ၀င်ရောက်ပါဝင် လုပ်ဆောင်မယ့် အစိတ်အပိုင်းတခု ဖြစ်ရေး ပယ်ချခံရပေမဲ့လည်း ဒီ NLD ခေါင်းဆောင်တွေဟာ မြန်မာပြည်သူ လူထုအတွက် လူထုကို ကိုယ်စားပြုပြီး ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားကြဖို့ အခိုင်အမာ ဆုံးဖြတ်ထားကြသူတွေပါ။

“NLD ဟာ အနာဂတ်မှာ ဘယ်လိုပုံစံမျိုးနဲ့ပဲ ရပ်တည်သွားသည် ဖြစ်စေ၊ NLD အပါအ၀င် မြန်မာပြည်သူလူထုကို ထောက်ခံသူတွေရဲ့ နောက်မှာ အမေရိကန် ပြည်ထောင်စုက ဆက်ပြီး ရပ်တည်သွားမှာပါ။” ဒါ့အပြင် မစ္စတာ ကမ့်ပ်ဘဲလ်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့လည်း သူ့ရဲ့ ရှုမြင်သုံးသပ်ချက်ကို ကြေညာချက်ရဲ့ နိဂုံးပိုင်းမှာ အခုလို ဖတ်ကြားသွားပါတယ်။

“နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ အဆက်မပြတ် ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်တွေနဲ့ သူ့ကို ဖမ်းဆီး ထိန်းသိမ်းထားသူတွေ အပေါ်မှာ စိတ်ရှည်သည်းခံပြီး မေတ္တာတရား ထားနေတာကို ဒေါ်အောင်ဆန်းစုကြည်က ပြသနေတယ် ဆိုတာပါ။ ပိုပြီး သာယာဝပြောတဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ငြိမ်းချမ်းစွာ ဖြေရှင်းမှုတရပ် ရှာဖွေရေး အတူတကွ အလုပ်လုပ်သွားကြဖို့ မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ သူ့ရဲ့ မေတ္တာရပ်ခံမှုတွေကို အလေးဂရုမပြုတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ်ကတော့ အင်မတန် ၀မ်းနည်းစရာ ကောင်းလှပါတယ်။”

မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်က အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာစစ်အစိုးရ အပေါ် ပိတ်ဆို့ ဒဏ်ခတ်ထားမှုကို ရုပ်သိမ်းမှာ မဟုတ်သလို တဘက်မှာလည်း စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတွေကို တွေ့ကြုံနေရပေမဲ့လည်း မြန်မာစစ်အစိုးရနဲ့ ဆက်ပြီးတော့ ထိတွေ့ ဆက်ဆံသွားမယ့် မူဝါဒကို ကျင့်သုံးသွားမယ်၊ လောလောဆယ်မှာလည်း အကြိမ်ပေါင်းများစွာ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ အမေရိကန် အစိုးရ အဆင့်မြင့် ပုဂ္ဂိုလ်တွေရဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Sunday, May 9, 2010

Kurt Campbell မြန်မာနိုင်ငံခရီးစဉ် ဒီနေ့စတင်

09 May 2010.VOA NEWS. မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုမယ့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့ ကန့်(မ်)ဘဲ(လ်) (Kurt Campbell) ဟာ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိပါတယ်။ မစ္စတာ ကန့်(မ်)ဘဲ(လ်) ဟာ သူ့ရဲ့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း မြန်မာအတိုက်အခံ အင်အားစုတွေနဲ့ရော စစ်ဖက်အရာရှိ တွေနဲ့ပါ တွေ့ဖို့စီစဉ် ထားတယ်လို့ ရန်ကုန်အမေရိကန် သံရုံးတာဝန်ခံ တွေက ပြောပါတယ်။ မစ္စတာ ကန့်(မ်)ဘဲ(လ်) မြန်မာနိုင်ငံကို လာရောက်မယ်လို့ မြန်မာအရာရှိတွေက စနေနေ့မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။ ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့ မစ္စတာ ကန့်(မ်)ဘဲ(လ်) တွေ့ဆုံဖို့ရာ မသေချာပေမဲ့ စစ်ခေါင်းဆောင် အရာရှိ အများအပြားနဲ့ တွေ့ဆုံဖို့တော့ ရှိတယ်လို့ ပြောပါတယ်။

Friday, May 7, 2010

The Vigorous Burmese Student Warriors (VBSW)




သင်္ကြန်ဗုံးခွဲသူ မိပြီဟု ရဲချုပ်ခင်ရီ ရှင်းလင်း

07 May 2010. VOA NEWS. ရန်ကုန်သင်္ကြန် ဗုံးခွဲမှုနဲ့ ပတ်သက်သူ တဦးကို ဖမ်းမိထားပြီး ဒါဟာ ပြည်ပက အဖွဲ့အစည်းတွေ လက်ချက် ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲချုပ် ခင်ရီက မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဗုံးခွဲတဲ့ အဓိက တရားခံ အဖွဲ့အစည်းကတော့ စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (VBSW) ဖြစ်တယ်လို့ ရဲချုပ်ခင်ရီက ဒီကနေ့ နေလယ်ပိုင်း တနာရီကျော်ကြာ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဗုံးခွဲမှုမှာ ကိုယ်တိုင် မဟုတ်ပေမဲ့ ဘေးက စောင့်ကြည့်ပေးတဲ့ ပတ်သက်သူ ဖြိုးဝေအောင် ခေါ် မိုဟာမက် ယှဗန်ကိုတော့ ဖမ်းမိထားပြီး အခြား ၃ ဦးကတော့ လွတ်မြောက် သွားတယ်လို့ ရဲချုပ်ခင်ရီက ပြောပါတယ်။ သူတို့ဟာ VBSW အဖွဲ့ဝင်တွေဖြစ်ပြီး ဒီလုပ်ရပ်တွေ အတွက် ABSDF၊ KNU စတဲ့ အဖွဲ့အစည်းတွေက ပံ့ပိုးကူညီ ပါဝင်ပတ်သက် တယ်လို့ စွပ်စွဲထားပါတယ်။ ABSDF ဥက္ကဋ္ဌ ကိုသံခဲကတော့ ဒါကို ငြင်းပါတယ်။ ဒီဗုံးခွဲမှုဟာ စစ်အစိုးရ အ၀န်းအ၀ိုင်းထဲက ဖန်တီးမှု ဖြစ်တယ်လို့ သူကပြန်လည် စွပ်စွဲခဲ့ပါတယ်။

Monday, May 3, 2010

အစဉ်အလာ


ဒီသူတောင်းစားတွေ လက်ထက်မှပဲ အစဉ်အလာကြီးလို ဖြစ်နေပြီး။