Friday, July 31, 2009

မြန်မာနိုင်ငံမှာ ကမ္ဘာ့လူတုတ်ကွေးကပ်ရောဂါ ဖြစ်ပွါးသူ (၁၀)ဦးရှိပြီး


၃၀-၀၇-၂၀၀၉ မြန်မာ့အလင်း သတင်းစာ

မြန်မာနိုင်ငံတွင် ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ ဖြစ်ပွါးသူ (၉)ဦးရှိပြီး။


မြန်မာနိုင်ငံတွင် ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ ဖြစ်ပွါးသူ (၉)ဦးရှိပြီး။
၂၈-၀၇-၂၀၀၉ ကြေးမုံသတင်းစာ။

Thursday, July 30, 2009

[စက်တင်ဘာလမှာကြားဖြတ်အစိုးရ ဖွဲ့စည်းဖို့ အလားအလာရှိ]


2009-07-29
လာမဲ့စက်တင်ဘာလမှာလက်ရှိ စစ်အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး ကြားဖြတ်အစိုးရ ဖွဲ့ဖို့ အလားအလာ ရှိတဲ့အကြောင်း နေပြည်တော် ဝန်ကြီးတဦးက ထုတ်ဖော် ပြောကြားပါတယ်။ စက်တင်ဘာလမှာ ကြားဖြတ်အစိုးရ ဖွဲ့ကောင်း ဖွဲ့နိုင်တယ်လို့ စက်မှု(၁) ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းက မကြာခင်က နေပြည်တော်မှာ ကျင်းပတဲ့ စက်မှု(၁) ဝန်ကြီးဌာန အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးမှာ ခုလို ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံးနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်ကပြောပါတယ်။
RFA News

[ဒေါ်စုအပေါ် တရားစွဲဆိုမှု ရုပ်သိမ်းပြီး လွှတ်ပေးဖို့ ဘန်ကီမွန်း တောင်းဆို]

30 July 2009
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာစစ်ဆေးနေတဲ့ တရားခွင် အဆုံးသတ်တော့မယ့်အချိန် နီးကပ်လာတာနဲ့အမျှ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးဖို့ တောင်းဆိုသံတွေ ထွက်ပေါ်လာနေပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်းပဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်တွေကို ပယ်ဖျက်ပြီး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ ရုံးချုပ်မှာ မနေ့တုန်းကပဲ တိုက်တွန်း ပြောဆိုလိုက်တာပါ။
VOA News

Tuesday, July 28, 2009

မြန်မာ့အလင်း ဆောင်းပါးအညွန်း(နိုင်ငံရေးသမား) ၂၈-၀၇-၂၀၀၉


နိုင်ငံရေးလုပ်တဲ့သူတွေကို အပြစ်ရှိတဲ့လို့ ပြောလို့မရဘူး၊ မတရားအရေးယူ ထောင်ချတာက တရားဥပဒေကိုချိုးဖောက်တာဖြစ်တယ်၊ အပြစ်ရှိတဲ့လူဖြစ်တယ်။ ယနေ့မြန်မာနိုင်ငံမှာ ငြိမ်းချမ်းသောနည်းလမ်းနဲ့ မြင်တာတွေကို ဒါမှန်တယ်၊ ဒါမှားတယ်လို့ ပြောတဲ့သူတွေဟာ ဘယ်သူတွေလဲ၊ သူတို့မှာ အပြစ်ရှိသလား၊ သူတို့ ဘယ်မှာရှိနေတယ်ဆိုတာကို မကွယ်ဝှက်ပဲ ဒဲ့ဒဲ့ဒိုးဒိုး ရေးပြပါ။

ကမ္ဘာ့လူတုပ်ကွေးရောဂါ အခြေအနေ (၂၈-၇-၂၀၀၉)


၂၈-၀၇-၂၀၀၉ မြန်မာ့အလင်းသတင်းစာမှ ကူးယူထားသည်။

ကမ္ဘာ့လူတုပ်ကွေးရောဂါဖြစ်ပွါးသူတစ်ဦး မြန်မာနိုင်ငံတွင် ထပ်မံတွေရှိ




28-7-2009 မြန်မာ့အလင်း သတင်းစာမှ ကူးယူထားသည်။

DOG

စာအုပ်စင်

စာအုပ်ယူမယ်

Monday, July 27, 2009

မြန်မာနိုင်ငံက ရောဂါသုံးမျိုးအတွက် Global Fund ပြန်လည်ကူညီဖို့ စဉ်းစားနေ]


2009-07-26
မြန်မာနိုင်ငံက ငှက်ဖျား၊ တီဘီနဲ့ HIV/AIDS ရောဂွသုံးမျိုး ကာကွယ်ကုသပေးရေး ရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ သန်း ၃၂ဝ ကူညီဖို့ မြန်မာနိုင်ငံက လျှောက်လွှာတင်ထားတာကို Global Fund အဖွဲ့ကြီးက လက်ခံစဉ်းစားနေတယ်လို့ သိရပါတယ်။
RFA NEWS.

Sunday, July 26, 2009

[ထိုင်း‌ရောက်‌ မြန်‌မာတဦး ဝက်‌တုပ်‌‌ကွေးး‌ရောဂါကြောင့် ‌ဆေးရုံတက်‌ရ]


ကမ္ဘာ့ ဝက်‌တုတ်‌‌ကွေး‌ရောဂါဟာ ကမ္ဘာ့ နိုင်‌ငံ‌ပေါင်း ၁၆၀ ကို ကူးစက်‌ ပြနှံလာ‌နေပြီလို့ WHO ကမ္ဘာကျန်းမာ‌ရေး အဖွဲ့အကြီးက ‌ပြောလိုက်တယ်၊ ဒါပေမဲ့ ဒါဟာ အစပျိုးတဲ့ အဆင့်‌ မှာဘဲ ရှိ‌နေ‌သေး‌ပြီး လာမဲ့ ၂ နှစ်‌အတွင်း လူ‌ပေါင်း ၂ဘီလ်ယံ‌လောက်‌ ‌ရောဂါကူးစက်‌လာနိုင်‌ဘွယ်‌ ရှိ‌တယ်‌လို့ ဆိုပါတယ်‌။
ဘီဘီစီ news 25-07-2009.

စစ်အစိုးရကို ဆက်ဒဏ်ခတ်ရေး အမေရိကန်လွှတ်တော် အတည်ပြု (25-07-2009)

မြန်မာစစ်အစိုးရ လက်ထက်မှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ဒီမိုကရေစီ မထွန်းကားမှုတွေကြောင့် အရေးယူဒဏ်ခတ်တဲ့ အနေနဲ့ အမေရိကန်နိုင်ငံ ကနေ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှု ဥပဒေကို၂၀၀၃ ခုနှစ်ကနေ စတင် ပြဌာန်းပြီး နှစ်စဉ် သက်တမ်းတိုးလာနေပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ကလည်း ဒီအရေးယူမှုကို ဆက်ပြီး သက်တမ်းတိုးဖို့ အမေရိကန် အထက်လွှတ်တော်က မဲပေး အတည်ပြုခဲ့ပါတယ်။
VOA News.

Saturday, July 25, 2009

စားသုံးသူများအတွက်အသိပေးကြေငြာချက်


၂၅.၀၇.၂၀၀၉ မြန်မာ့အလင်းသတင်းစာမှ ကူးယူထားသည်။

ဆင်းကြည့်မယ်

တကမ္ဘာလုံးနီးပါး ၀က်တုပ်ကွေး ပျံ့နှံ့


25 July 2009
A-H1N1 ၀က်တုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေဟာ ကမ္ဘာပေါ်က နိုင်ငံအားလုံးနီးပါးကို ပျံ့နှံ့နေပြီလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကစပြီး ဒီရောဂါပိုးကြောင့် သေဆုံးသူ စုစုပေါင်း ၈,၀၀၀ လောက် ရှိနေပါပြီ။

Funny Cat

Friday, July 24, 2009

အာဆီယံအစည်းအဝေးပြီးဆုံး (၂၄-၀၇-၂၀၀၉)


24 July 2009
ထိုင်းနိုင်ငံ ဖူးခက် ပင်လယ်အပန်းဖြေ စခန်းမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများနဲ့ မိတ်ဆွေနိုင်ငံများရဲ့ အစည်းအဝေး ပြီးဆုံးသွားပြီး ဒီအစည်းအဝေးကနေ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုဖြစ်ပေါ်လာမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒေသတွင်းရဲ့ အဓိကပြဿနာ ၂ ခုဖြစ်တဲ့ မြန်မာနဲ့ မြောက်ကိုရီးယား အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အောင်မြင်မှု မရှိခဲ့ဘူးလို့ ဗွီအိုအေသတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) ထိုင်းနိုင်ငံ ဖူးခက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ချက်ကြီးတို့အဖွဲ့



ပွဲကြီးနှစ်ပွဲတော့ ပြီးသွားပြီး။ မပြီးသေးတာက ချက်ကြီးတို့အဖွဲ့တွေပဲ။
မြန်မာပြည်တွင်းမှရှိတဲ့ ၇ရက်သားသမီးတွေရဲ့ရှေးရေးတွေကတော့.....

သွားနုတ်မယ်

Tuesday, July 21, 2009

(၁၄-၀၇-၀၉) နေ့မြန်မာ့အလင်းသတင်းစာမှ ဆောင်းပါး



မောင်မှတ်ရေးထားတဲ့ (ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်လျက်၊လက်ကမ်းလျက်ပါ) ဆောင်းပါးကို ဖတ်လိုက်ရတာ စိတ်တော်တော်လေသွားတယ်၊ ပိုတဲ့လူကလည်း ထမင်းတစ်လုပ် အချောင်စားရဘို့အရေး ထိပ်ထိအရောက်ပိုလိုက်တာပဲ၊ သန်း၅၀ ကျော် လူကောင်းစားရေးနဲ့ ပါတ်သက်တဲ့ကိစ္စပဲ ဘယ်နဲကြိမ်ပဲတွေ့တွေ့ပေါ့ အခုချိန်ထိ အတွေး အခေါ်ဟာ အတ္တဆန်နေတုန်းပဲ၊
မြန်မာပြည်ထဲမှာ ရှိတဲ့လူတွေကို သံပုရာသီးများ ထင်နေလားမသိဘူး၊ တိုင်းပြည်ပျက်တာလည်းမဆန်းဘူး၊ ဒါကြောင့်လည်း မြန်မာ့အလင်း သတင်းစာကို ဟာသစာစောင်လို့ ပြည်တွင်းကလူတွေ ပြောနေတာ မဆန်းကြယ်ဘူး။

Monday, July 20, 2009

အာဆီယံ လူ့အခွင့်အရေးအဖွဲ့ ဖွဲ့တော့မည်


20 July 2009.
အာဆီယံ လူ့အခွင့်အရေးအဖွဲ့  ဖွဲ့ စည်းရေး မူကြမ်းနဲ့ ပါတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ ဒီကနေ့ ထိုင်းနိုင်ငံမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဖူးခက်အပန်းဖြေနေရာမှာ နိုင်ငံခြားရေး ဝန်ကြီးတွေက အာဆီယံ ပဋိဥာဉ်နဲ့ အညီ ဖွဲ့စည်းရမယ့် လူ့အခွင့်အရေးအဖွဲ့ အတည်ပြုနိုင်ရေးအတွက် ဆွေးနွေးကြမှာဖြစ်ပါတယ်။ အောက်တိုဘာမှာ ပြုလုပ်မယ့် အာဆီယံ နှစ်ပါတ်လည် ထိပ်သီး ညီလာခံကျရင် အာဆီယံ လူ့အခွင့်အရေးအဖွဲ့ ကို အပြီးသတ် အတည်ပြုမှာ ဖြစ်ပါတယ်။

Sunday, July 19, 2009

သမီးတော်လေး ဈေးဝယ်ခြင်း အတင်း


အခုရက်ပိုင်းတွင်းမှာ သမီးတော်လေးတစ်ပါး လမ်းကြုံလို့ Myanmar VES မှာ အပျင်းပြေ ဈေးဝယ် (ယူ) သွားပါကြောင်း။
ဆွဲကြိုးလေး၊ လက်ကောက်လေး၊ ပေါ့ပေါ့ပါးပါး US $8000 ဖိုးလောက် ၀ယ် (ယူ) သွားပါကြောင်း။
ပိုက်ဆံကိုတော့ နောက်များကျမှ ဖုန်းဆက်ပြီး လာယူပါကြောင်းဆို၏၊။
Myanmar VES အပေါ်ပိုင်း လူကြီးမင်းများသည် အင်မတန် ခေါင်းကြိမ်းနေရပါကြောင်း အတင်းများရရှိပါသည်။

ကမ္ဘာ့လူတုပ်ကွေးရောဂါ

KNLA retaken 102 Bat from DKBA

KNLA

Thursday, July 16, 2009

Monday, July 13, 2009

ကမ္ဘာ့လူတုပ်ကွေးရောဂါဖြစ်ပွါးသူ၏ အခြေအနေ


(၂၇) ကြိမ်မြောက် အာဆီယံ စွမ်းအင်အစည်းအဝေး မြန်မာနိုင်ငံ၌ ပထမဆုံး ကျင်းပပေးမည်

မြန်မာနိုင်ငံတွင်ပထမဆုံးအကြိမ်အဖြစ် (၂၇)ကြိမ်မြောက်အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးက ဇူလိုင်လနောက်ဆုံးပတ်တွင် မန္တလေးမြို့၌လေးရက်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံ အင်ဂျင် နီယာအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းခိုင်ထံမှသိရသည်။ ယင်းအစည်းအဝေးကို နှစ်စဉ်အာဆီယံနိုင်ငံများ အတွင်း ကျင်းပခဲ့ရာ ယခုနှစ်တွင်မြန်မာနိုင်ငံမှ လက်ခံကျင်းပပေးရခြင်းဖြစ်ပြီး ယင်းအစည်းအဝေးပွဲတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပြပွဲများ၊ စာတမ်းဖတ်ပွဲများ၊ အာဆီယံ စွမ်းအင်ပြိုင်ပွဲတွင် ဆုရ ရှိခဲ့သော နိုင်ငံအသီးသီးမှဆုရရှိသူများကိုဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ “ဒီနှစ်မှာ စာတမ်း ဖတ်ပွဲပါမယ်။ အာဆီယံနိုင်ငံတွေက စာတမ်း ၂၀ ဖတ်မယ်၊ မြန်မာနှစ်ဦးပါမယ်။ သစ်တောဝန်ကြီးဌာနက ဦးထွန်းပေါ်ဦးရယ်၊ ဦးအုန်း(FREDA) ကနေစာတမ်းတွေ ဖတ်သွားမယ်။ ဒီပွဲကနိုင်ငံတကာကပညာရှင်တွေနဲ့ စာတမ်းတွေကိုလည်း နားထောင်ရမယ်။ နိုင်ငံတကာကစွမ်းအင်ပညာရပ်တွေကိုလေ့လာနိုင်မယ်။ ဒီပွဲမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ရေနံ၊ သဘာဝဓါတ်ငွေ့ပြပွဲတွေပါမယ်။ ဒီမှာရှိတဲ့ကုမ္ပဏီတွေက ပြသမယ်။ ပြီးတော့အာဆီယံစွမ်းအင်မှာဆုရတဲ့ကုမ္ပဏီတွေ၊ ပုဂ္ဂိုလ်တွေကသူတို့ဆုရရှိတဲ့ Project တွေပြသထားမယ်။ ပြပွဲကိုလေးရက်ကျင်းပမယ် ဟုယင်းကဆိုသည်။ ယင်းအစည်းအဝေးပွဲကို အာဆီယံ ၁၀ နိုင်ငံမှစွမ်းအင် ဝန်ကြီးများ သက်ဆိုရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ဆုရရှိသူများတက်ရောက်မည်ဖြစ်သည်။ ယင်းအစည်းအဝေးကို မြန်မာနိုင်ငံ၌ထူးထူးခြားခြားပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း ၂၀၀၉ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင်ဖော်ပြထားပါသည်။
Credit to ခေတ်လူငယ်

Sunday, July 12, 2009

မစ္စတာဘန်ကီမွန်းခရီးစဉ် လုံခြုံရေးကောင်စီမှာ ရှင်းလင်းမည်


2009-07-11
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကို သွားရာက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့လာမယ့် ဇူလိုင်လ ၁၃ ရက် တနလာင်္နေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေကို ရှင်းလင်းပြောကြားဖို့ ရှိတယ်လို့ မစ္စတာဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ms. Michele Montas က မနေ့က သတင်းထောက်တွေကို ပြောကြားလိုက်သည်။

Wednesday, July 8, 2009

ကပြမယ်

ကြည်ပါ

ခွေးမြီးကောက်ဘအေး

ပြန်တဲ့သူကတော့ ပြန်သွားပြီး၊
သူကြီးသားချက်ကြီးရဲ့သူငယ်ချင်း၊
ခွေးမြီးကောက်ဘအေးနဲ့အဖွဲ့ကတော့၊
ပြည်သူတွေကို ဆက်ြပီးဖဲ့နေတုန်းပဲ။

Sunday, July 5, 2009

မကြည်နဲ့

ကိုကိုရွှေတို့ ပြောချင်ပါသည်။




အခုတလော ကြပ်ပြေးရဲ့ အတင်းတွေထဲမှာ ဘဘကြီးတို့ မြေအောက်လှိုင်ခေါင်း တူးတဲ့ အတင်းက လူပြောနေတာတယ်၊ အမြင်တွေလည်း အမျိုးအမျိုးကြားရတယ်၊ ကိုကိုရွှေတို့ရဲ့ အမြင်လည်းပြောပါရစေ။
ဘဘကြီးတို့ လှိုင်ခေါင်းတူးနေတဲ့ ရည်ရွယ်ချက်အမှန်ကို တိတိကျကျ မပြောနိုင်ပင်မဲ့ မေးစရာမေးခွန်းတွေ အများကြီးပဲ၊ ဥပမာ....
(၁) အကြောက်တရားများကြီးဆိုးနေလို့လား၊
(၂) ကြပ်ပြေးမှာ အပူလိုင်းထလို့ မြေအောက်ဂူထဲမှာနေချင်လို့လား၊
(၃) ကိုယ်ပျောက်မင်းတရားကြီးဘ၀ သို့အထုံကူးချင်လို့လား၊
(၄) တုတုပုန်းတန်းကစားချင်လို့လား၊ ....စသည်ဖြင့်အများကြီးပေါ့..
သေချာတာပြောနိုင်တာက၊ ကုန်ကျတဲ့ငွေတွေဟာ ပြည်သူ့ရဲ့ငွေတွေဆိုတာပြောနိုင်တယ်၊
အနော်တို့မျက်စိနဲ့အမှန်တိုင်းမြင်တာကို ပြောရရင်တော့၊
ဆဒန်ဟူစိန်ကိုမြေတွင်းထဲကနေတုတ်နဲကလောထုတ်ပြီးဆွဲထုတ်ခဲ့တာကို TV ထဲမှာမြင်လိုက်ရတယ်။
အနော်တို့ကိုရှေ့လူကြီးတွေသွန်သင်ဆုံးမတဲ့အတိုင်းပြောရရင် အကြောက်တရားကြီးမှားရင်မိမိဆုံးဖြတ်ချက်ဟာမှားတတ်တယ်၊ လားရာလဲမကောင်ဘူး။ ခုနှစ်ရက်သားသမီးများရဲ့ကောင်းကျိုးဆောင်ရွက်တဲ့ သူဟာအကြောက်တရားမှ ကင်းလွတ်တယ်၊ နတ်လူ သာဓုလဲခေါ်စေသည်၊ ပြီးတော့လည်း ရာဇ၀င်ထဲမှာမော်ကွန်းတွင်ရစ်စေပါသည်လို့အနော်တို့ပြောချင်ပါသည်။
ကိုကိုရွှေ






Saturday, July 4, 2009

ကုလအတွင်းရေးမှူးချူပ်နဲ့ ဗိုလ်ချူပ်မှူးကြီး သန်းရွှေ နဲ့တွေ့ဆုံ


ကုလ အတွင်း‌ရေးမှူးချူပ်‌နဲ့‌ ဗိုလ်‌ချူုပ်‌မှူးကြီး သန်း‌ရွှေ တွေ့ဆုံ
ကုလသမဂ္ဂ အတွင်း‌ရေးမှူးချူပ်‌ ဘန်‌ကီးဝန်းဟာ စစ်‌အစိုးရ
‌ခေါင်း‌ဆောင်‌ ‌ဗိုလ်‌ချူပ်‌မှူးကြီး သန်း‌‌ရွှေ နဲ့ ‌တွေ့ဆြုံပီး နိုင်‌ငံ‌ရေး
အကျဉ်း သား‌တွေ အားလုံး ပြန်‌‌လွှတ်‌‌ပေးဖို့ တောင်းဆိုခဲ့တယ်‌။

မစ္စတာယက်တော


ကိုကိုယက်တောကြီးစားတာ ဘဘကြီးတွေခေါင်းချောက်ပြီးထင်တယ်။ အခုလည်း ခွပ်ဒေါင်းတို့စံမြန်းရာရိပ်သာထဲမှာ အစားမစားပဲနေတယ်လို့ကြားတယ်။

Friday, July 3, 2009

ယနေ့ (၃၊ ၀၇၊ ၂၀၀၉) ချူပ်ကြီးများတွေ့ကြပြီး

ယနေ့အတွင်းရေးမှူးချူပ် နှင့် တပ်ချူပ်တွေ့ပြီး၊ ဘာမှမမျှော်လင့်ရဲပါ၊ သေချာတာကတော့ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသား
တွေအားလုံး ကိုဆက်လက်ထိန်းသိမ်းထားမယ်ထင်တယ်၊ သူတို့တွေအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းပေးနေပါတယ်။

Thursday, July 2, 2009

ဉာဏ်စမ်း


မြန်မာပြည် တရားဥပဒေ အထက်မှာ အဘယ်သူရှိပါသနည်း?