Saturday, August 29, 2009

ယက်‌‌တောရဲ့ ပထမဆုံး ‌ရေဒီယို ဆက်‌သ်ဝယ်‌‌မေးမ်ရန်းခန်း

29-08-2009. (BBC. NWES). ဒေါ်အောင်‌ဆန်းစုကြည်‌အိမ်‌ကို ‌ရေကူး သွားရောက်‌ခဲ့တဲ့ အ‌မေရိကန်‌ နိုင်‌ငံသား ဂျွန်ဝီလီယံ ယက်‌‌တောရဲ့  ပထမဆုံး ‌ရေဒီယို ဆက်‌သွယ်‌ ‌မေးမြန်းခန်းကို ဘီဘီစီက ရရှိခဲ့ပါတယ်‌။ ဇနီးသည်‌ ဖြစ်‌သူကိုယ်‌တိုင်‌က ပုံမှန်‌မဟုတ်‌ဘူး၊ eccentric ဖြစ်‌တယ်‌လို့ြောပထားတဲ့ ဂျွန်ဝီလီယံ‌‌ယက်‌‌တောဟာ ‌ဒေါ်အောင်‌ဆန်းစုကြည်‌‌ ‌နေအိမ်‌ကို ခုတ‌ခေါက်‌မတိုင်‌ခင်‌ မနှစ်‌က တကြိမ်‌ စုစု‌ပေါင်း နှစ်ကြိမ်သွား‌ရောက်‌ခဲ့ပါတယ်‌။

ပုဂံတွင် ညဈေးဖွင့်မည်

29-08-2009.(DVB NEWS). ပုဂံတွင် ညဈေးဖွင့်၍နိုင်ငံခြားသားခရီးသည်များအားဆွဲဆောင်မည်။

[မလေးရှားထိန်းသိမ်းရေးစခန်းမှမြန်မာများ ထူးဆန်းသော ကူးစက်ရောဂါ ဖြစ်ပွါး]

2009-08-27(RFA NEWS). မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းတခုဖြစ်တဲ့ KLIA CAMP မှာ ထူးဆန်းတဲ့ အမည်မဖော်နိုင်သေးတဲ့ ကူးစက်ရောဂါတစ်မျိုး မြန်မာနိုင်ငံသား ၆ ဦး ဆီမှာ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ အဲဒီ ရောဂါဖြစ်ပွားနေသူတွေထဲက ကိုမင်းခိုင်နဲ့ ကိုစိုးသိန်း ဆိုသူ ၂ ဦးဟာ ရောဂါပြင်းထန်တဲ့အတွက် အကြောဆွဲပြီး လုံးဝ မထနိုင်တော့ ကြောင်း ထိန်းသိမ်းခံနေရသူ တဦးက RFA ကို ပြောပါတယ်။

အမေရိကန် အောက်လွှတ်တော် အရာရှိတွေ NLD နဲ့ မြန်မာ့နိုင်ငံရေးအခြေအနေ ဆွေးနွေး

28 August 2009 (VOA NEWS). မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အရာရှိ ၃ ဦးဟာ ဒီကနေ့ညနေပိုင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့တွေ့ဆုံပြီး တစ်နာရီကျော်ကြာ မြန်မာ့အရေး ဆွေးနွေးနေကြပါတယ်။ အထူးသဖြင့် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေတွေပေါ်မှာအဓိက မေးမြန်းဆွေးနွေးခဲ့ကြတာပါ။
အခုမြန်မာနိုင်ငံကို ၄ ရက်ကြာခရီး ရောက်နေတဲ့ အမေရိကန်အောက်လွတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင် အရာရှိ သုံးဦးရဲ့ ခရီးစဉ်တွင်း လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာနဲ့ ကိစ္စတွေ ဆွေးနွေးမယ်လို့ မနေ့က ရန်ကုန် အမေရိကန် သံရုံးပြောခွင့်ရသူက ပြောပြခဲ့ပေမယ့် ဒီကနေ့ ဆွေးနွေးမှုအတွင်းမှာတော့ လက်ရှိနိုင်ငံရေး ပြဿနာတွေကိုသာ ပြောဖြစ်ခဲ့ကြတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြောပါတယ်။

ကိုးကန့်ဒုက္ခသည်အရေး ကုလသမဂ္ဂစိုးရိမ်

(29 August 2009)VOA NEWS. မြန်မာနိုင်ငံ ကိုးကန့်နယ် က ဒုက္ခသည်တွေ တရုတ်နိုင်ငံဘက် ခိုလုံနေတယ်ဆိုတဲ့ သတင်း ကြောင့် ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးက စိုးရိမ်ကြောင်း ပြောကြား လိုက်ပါတယ်။ စစ်အစိုးရနဲ့ ကိုးကန့်တပ်ဖွဲ့ တွေအကြား ဖြစ်နေတဲ့ တင်းမာမှုတွေ၊ တိုက်ပွဲတွေကြောင့် ဒေသခံတွေ တရုတ်ဘက်ကို ထွက်ပြေးနေကြရတာပါ။ ဒီကိစ္စနဲ့ပတ်သက် ပြီးတော့ မနေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ မစ်ရှဲလ် မွန်းတက်စ် က အခုလိုပြောကြားသွားပါတယ်။
“မကြာသေးခင်ရက်သတ္တပတ်တွေအတွင်း မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်က ဒုက္ခသည်ပေါင်း တစ်သောင်းကနေ သုံးသောင်းအထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲ ပြေးဝင်ခိုလုံတယ်ဆိုတဲ့ သတင်းကြောင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက စိုးရိမ် မကင်း ဖြစ်ကြောင်း ဖော်ထုတ်ပြောကြားလိုက်ပါတယ်။

Monday, August 24, 2009

Office- funny

ဝန်‌ကြီး ဦး‌ဌေးဦး တည်းခိုရာ ဟိုတယ်‌‌ရှေ့ဆန္ဒပြ - ၂၄-၀၈-၀၉-BBC NEWS.

ကြံ /ဖွံ့အ‌တွင်းရေးမှုး ဦး‌ဌေးဦး ဂျပန်‌‌ရောက်။‌
ဂျပန်‌အစိုးရ ရဲ့ ဖိတ်‌ကြားချက်‌နဲ့ တိုကျိုကို ‌ရောက်‌‌နေတဲ့ လယ်‌ယာနဲ့ ဆည်‌‌မြောင်းဝန်‌ကြီး ဦး‌ဌေးဦး တည်း ခိုတဲ့ နယူး အိုးတာနီ ဟိုတယ်‌‌ရှေ့ စိုက်‌ထူထားတဲ့ ဂျပန်‌၊ ထိုင်း၊ တရုတ်‌ နဲ့ မြန်‌မာနိုင်‌ငံ အလံ‌တော်များအနက်‌၊ မြန်‌မာအလံကိုဖြုတ်ပြီး ABSDF ‌ခွပ်‌‌ဒေါင်း အလံ နဲ့ လဲလှယ်‌တပ်‌ဆင်‌မှုတရပ်‌၊ မနက်‌‌စော‌စောကဖြစ်ပွါးခဲ့ပါတယ်‌။ ဟိုတယ်‌ဝန်‌ထမ်း ‌တွေ‌ရော လုံခြုံရုံ‌ရေး‌တွေပါ သတိမပြုလိုက်‌ရမိတဲ့ အ‌ကြောင်း၊ ဂျပန်‌မှမြန်‌မာ့ ဒီမိုက‌ရေစီ‌ရေး လှုပ်ရှားသူ တဦးက ဘီဘီစီ ကို‌ပြောပါတယ်‌။

Saturday, August 22, 2009

ဝက်တုပ်ကွေးအတွက် ပြင်ဆင်ကြဖို့ ကုလသမဂ္ဂ သတိပေး

22-08-2009. VOA NEWS.
လာမယ့်လတွေအတွင်း HINI ဗိုင်းရပ်စ် ၀က်တုပ်ကွေးရောဂါ ကူးစက်မယ့်အလားအလာ တွေ့ရလို့ အစိုးရတွေအနေနဲ့ အဆင်သင့် ပြင်ဆင်ထားကြဖို့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သောကြာနေ့က သတိပေးလိုက်ပါတယ်။

Beach - Funny.

Friday, August 21, 2009

ဆောင်းပါးရှင်ကိုမြန်မာ ရေးသားသည့် စီးပွါးရေးပိတ်ဆို့ရေးမှုဝါဒနှင့်ပါတ်သက်၍ ကိုကိုရွှေအမြင် ပြောပါရစေ

(၂၀-၀၈-၂၀၀၉) မြန်မာ့အလင်းသတင်းစာ

နိုင်ငံတစ်နိုင်ငံအား စီးပွါးရေးပိတ်ဆို့ရေးမှုဝါဒချမှတ်သည့်အခါ၊ အခြေခံ အကြောင်းရင်း အချက်တွေအများကြီးလိုအပ်တယ်။ တစ်ဦး တစ်ယောက် (သို့) အဖွဲ့အစည်းတစ်ခုက ချမှတ်လို့မရဘူး၊ အခြေခံအကြောင်းရင်းခိုင်လုံမှု ရာခိုင်နှုန်းပေါ်မှာအများကြီးမှုတည်တယ်။ ဘယ်နိုင်ငံရေးသမားတယောက်မှ သူတစ်ပါးနိုင်ငံရဲ့ အချုပ်ချာအာဏာကို ဖိအားပေးစေခိုင်းမရပါဘူး၊ ယနေ့အထိ ကမ္ဘာသမိုင်းမှာ စီးပွါးရေး ပိတ်ဆို့မှုဖြစ်ခဲ့ ရတဲ့ သမိုင်း ကြောင်းအစဉ်အလားတွေရှိပါတယ်၊ ဖြစ်ရပ်မှန် အကြောင်းရင်းကိုလဲလေ့လာသိရှိနိုင်တယ်။ ဒါကြောင့်မို့လဲ နိုင်ငံ တစ်နိုင်ငံ အား စီးပွါးရေးပိတ်ဆို့ရေးမှုဝါဒဟာ အလွန်အရေးပါတယ်၊ လွယ်လွယ်ကူနဲ့ချမှတ် လို့ မရသလို၊ ပြန်ရုပ်သိမ်းသည့်အခါလဲ သတ်မှတ်ထားသည့်အခြေခံအကြောင်းရင်းတွေ အများကြီးလိုအပ်ပါသည်၊ ကမ္ဘာ့နိုင်ငံရေးနဲ့သက်ဆိုင်သလို ကမ္ဘာ့သမိုင်းမှာလဲ မှတ်တမ်းတွင်ရစ်မည့် အရေးကိစွဖြစ်ပါတယ်၊ ဘယ်သူမှလည်း မဟာဂရုဏာတော်ရှင်ကြီးလုပ်ပြီး ပြန်ရုပ်သိမ်းလို့
မရဘူးဆိုတာ ကျွှန်တော်အနေနဲ့ နားလည်းထားပါသည်။

မြန်မာနိုင်ငံကို စီးပွါးရေးပိတ်ဆို့ရေးမှုဝါဒချမှတ်ခြင်း၊ ရုပ်သိမ်းခြင်းလုပ်ဆောင်ရာမှာ မြန်မာနိုင်ငံရေးသမားတွေကဖိအားပေးလို့မရပါဘူး၊ တာဝန်ခံမှုလို့လဲမရပါဘူး၊ သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်တွေ၊ ပါလီမန် (သို့) ကွန်ကရက် (သို့) လွတ်တော်တွေမှာ မှုတည်ပါတယ်။ ပြန်ရုပ်သိမ်းချင်ရင်၊ တည်ဆဲ အစိုးရက ဖြစ်ပေါ်ခဲ့တဲ့ အခြေခံအကြောင်းရင်း အချက်အလက် တစ်ခုချင်းစီကို သမိုင်းအထောက်အထား
များနှင့်တကွ သက်ဆိုင်ရာနိုင်ငံတွေနှင့် နိုင်ငံရေးလုပ်ထုံးလုပ်နည်းအတိုင်းတွေ့ဆုံဆွေးနွေးအဖြေရှာဘို့ လိုအပ်ပါတယ်၊ နိုင်ငံ့သမိုင်းမှာ တွင်ရစ်မည့်အရေးကိစွဖြစ်သည့်အတွက်ကြောင့် နိုင်ငံတော်အဆင့်အနေဖြင့် ဦးစားပေး လုပ်ဆောင်ရမှာ ဖြစ်တယ်၊ ဒါကြောင့်မို့ ဆောင်းပါးရှင်း ကိုမြန်မာ ဘာကြောင့်ဒီဆောင်းပါးကို ဒီပုံစံနဲ့ ရေးရတယ်ဆိုတာကို ကိုယ့်ကိုကိုယ် အမှန်တမ်း သိနေပါလိမ့်မယ်လို့ ကိုကိုရွှေ မြင်ယောင်နေမိပါသည်။
ကိုကိုရွှေ (၂၁-၀၈-၂၀၀၉)

ကမ္ဘာ့လူတုပ်ကွေးရောဂါ အခြေအနေ (၂၁-၀၈-၂၀၀၉)


(၂၁-၀၈-၂၀၀၉) မြန်မာ့အလင်းသတင်းစာ

ဒေါ်စုလွတ်မြောက်ရေး အာဆီယံ ၀န်ကြီးများဆွေးနွေး

19-08-2009 - DVB NEWS.

တတိယနိုင်ငံတွင်အခြေချသူ မြန်မာဒုက္ခသည် ၅ သောင်းပြည့်ပြီး (RFA NEWS 20-08-2009)


UNHCR အစီအစဉ်ဖြင့် ထိုင်နိုင်ငံ ရာချာဘူရီခရိုင်ရှိ ဒုက္ခသည်စခန်းတခုမှာ အမေရိကန်နိုင်ငံသို့ ပြောင်းရွေ့အခြေချမည့် ကရင်တိုင်းရင်းသား မိသားစုများ လေယာဉ်ကွင်းသို့ ပို့ဆောင်ပေးမည့် ဘတ်စ်ကား စောင့်ဆိုင်းနေပုံ ဖြစ်ပါသည်။ (Photo: AFP)

ကမ္ဘာပေါ်မှာအများဆုံး တတိယနိုင်ငံ ရွေ့ပြောင်း အခြေချပေးရေး အစီအစဉ်အရ ထိုင်နိုင်ငံ ဒုက္ခသည်စခန်းတွေက ကူညီပို့ဆောင်ပေးခဲ့တဲ့ မြန်မာဒုက္ခသည် အရေအတွက်ဟာ ၅ သောင်း ပြည့်သွားပြီးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဒီကနေ့ဇွန်လ ၃၀ရက်မှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ရဟတ်ယာဉ် မြစ်ဝကျွန်းပေါ်ဒေသ ပျံသန်းခွင့်မရတော့ (VOA NEWS-20-08-2009)

နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ကြရတဲ့ ဒုက္ခသည်တွေ စားနပ်ရိက္ခာအကူအညီကို စောင့်ဆိုင်းနေကြစဉ်။
ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ခဲ့တဲ့ဒေသတွေကို နိုင်ငံတကာက အကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်ရေးအတွက် အသုံးပြုနေတဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့က ကယ်ဆယ်ရေး ရဟတ်ယာဉ် လုပ်ငန်းတွေကို စစ်အစိုးရက သက်တမ်း တိုးမပေးတော့တဲ့ အတွက် ရပ်တန့်လိုက်ရပြီ ဖြစ်ပါတယ်။ ဘာကြောင့် သက်တမ်း တိုးမပေးတယ်ဆိုတာကို စစ်တပ် အာဏာပိုင်တွေဖက်က အကျိုးအကြောင်း ရှင်းမပြခဲ့ဘူးလို့ဆိုပါတယ်။

Thursday, August 20, 2009

The beach

iPhone များတွင် Zawgyi မြန်မာဖောင့် ထည့်သွင်းနိုင်မည် (18-08-2009).

iPhone များတွင် မြန်မာစာစနစ်အတွက် Zawgyi ဖောင့်အား ထည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ထည့်သွင်းရာတွင် Zawgyi အတွက် Font စနစ်သာ ထည့်သွင်းနိုင်မည်ဖြစ်ပြီး Keyboard အတွက် အသုံးပြုနိုင်မည် မဟုတ်ကြောင်း သိရသည်။ “iPhoneထဲကို Zawgyi font ထည့်ချင်တယ်ဆိုရင် ထည့်လို့ရနိုင်ပါတယ်။ ဒါပေမယ့် Zawgyi Keyboard အတွက်ကတော့ မရနိုင်သေးပါဘူး။ ခုလောလောဆယ်တော့ ဖုန်းထဲမှာ စာတွေကို ဖတ်နိုင်ဖို့နဲ့ ၀က်ဘ်ဆိုက်တွေကို အကောင်းဆုံး ဖတ်နိုင်ဖို့အတွက်ဆိုရင်တော့ အဆင်ပြေ နိုင်မှာပါ။ အဲဒီလို ထည့် တဲ့နေရာမှာ ၀က်ဆိုက်ပေါ်ကနေ Zawgyi fontကိုတိုက်ရိုက် Downloadလုပ်ပြီး ထည့်လို့ရနိုင်မှာ မဟုတ်ပါဘူး။ ပထမဦးဆုံးအနေနဲ့ Zawgyi fontကို ကိုယ်ကြိုက်တဲ့ ဆိုက်တစ်ခုကနေ Downloadလုပ်ရပါမယ်။ ပြီးရင်တော့ File Transfer Protocol လို့ခေါ်တဲ့ FTP Server ထဲကို Downloadလုပ်ထားတဲ့ဖိုင်ကို အရင်ဆုံး ထည့်ရပါမယ်။ အဲဒီနောက် ကိုယ့်ဖုန်းမှာ Wi-Fi စနစ်ရှိတယ် ဆိုရင် Wi-Fi နဲ့ FTP Serverကိုချိတ်ဆက်ပြီး အဲဒီ Serverမှတဆင့် ဖုန်းထဲကို Download လုပ်ရပါမယ်။ ဖုန်းထဲကို Font Folder ရောက်လာပြီဆိုရင်တော့ အဲဒီ Folderကို ဖုန်းထဲမှာ Install လုပ်လိုက်ရင် ရပါပြီ”ဟု ကိုစည်သူအောင်မှ ပြောသည်။ iPhone ထဲတွင် Office Application အတွက် Zawgyi fontအား အသုံးပြုရန် ခက်ခဲသော်လည်း ၀က်ဘ်ဆိုက်များအား ကြည့်ရှုခြင်းနှင့် Reader စနစ် များအတွက်မူ များစွာအဆင် ပြေ နိုင်ကြောင်း သိရသည်။
Credit - ကိုသက်(Internet Journal, Vol.10, Issue.32)

Tuesday, August 18, 2009

Saturday, August 15, 2009

ဗိုလ်ချုပ်မှူးကြီးက အပြောင်းအလဲလိုလားကြောင်း ပြသပြီဟုဆို


Friday, 14 August 2009 17:32 အေးချမ်းမြေ့ (ဧရာဝတီ)
ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြားဝင်စွက်ဖက် လိုက်ခြင်းက မြန်မာ စစ်အစိုးရ၏ “အပြောင်းအလဲ” ခြေတလှမ်းကို အစပြုလိုက်ခြင်းပင် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
“အိုဘားမားက စလိုက်တဲ့ Change (အပြောင်းအလဲ) ဆိုတဲ့ စကား တလုံးကြောင့် ယနေ့ကမ္ဘာမှာ Change ဆိုတာဟာ လူတိုင်းရဲ့ သည်းခြေကြိုက် ဖြစ်လာခဲ့ပါတယ်။ ကျနော့်အမြင်ပြောရင် ဒါဟာလည်း နိုင်ငံတော် ပိုင်းက Change ကိုခြေတလှမ်း စလိုက်ခြင်း ဖြစ်နိုင်ပါတယ်” ဟု ဆောင်းပါးရှင် မန်းသာစိန် (ဖာပွန်) က ရေးသား ထားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကို တရားသူကြီးက ပြစ်ဒဏ် အဖြစ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ပြီးချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာနက မင်္ဂလာသတင်း တရပ်ကြေညာခဲ့သည် ဟုလည်း ဖော်ပြ ထားသည်။ “အဲဒီလို ပြစ်ဒဏ်ချမှတ်ပြီးလျှင်ပြီးချင်း MRTV၊ MRTV4 တွေကနေ အထူးသတင်းတရပ် ထုတ်လွှင့် ကြေညာပေး ချိန်မှာ ကျနော်တို့ ပြည်သူတွေအားလုံး ဘဝင်နွေးပြီး ရင်အေးသွားကြရတာ အမှန်ပါပဲ” ဟု “မေတ္တာကို မေတ္တာဖြင့်သာ” အမည်ရှိ ၎င်းဆောင်းပါးအတွင်း ထည့်သွင်းရေးသား ထားသည်။

Friday, August 14, 2009

လုံခြုံ‌ရေး‌ကောင်‌စီမှ ‌ကြေငြာချက်‌ ထုတ်‌ပြန်‌

၁၃၊၀၈၊၂၀၀၉ (BBC NEWS)
မြန်မာ့ဒီမိုက‌ရေစီ ‌ခေါင်း‌‌ဆောင်‌ ‌ဒေါ်အောင်‌ဆန်းစုကြည်‌နဲ့နိုင်‌ငံ‌ရေး အကျဉ်သား‌တွေအားလုံးကို အမြန်‌ဆုံး ပြန်‌လွတ်‌‌ပေးဖို့ စစ်‌အစိုးရကို ကုလသမဂ္ဂ လုံခြုံရုံ‌ရေးက ‌တောင်းဆိုလိုက်‌ပါတယ်‌။ မြန်‌မာ့ဒီမိုက‌ရေစီ ‌ခေါင်း‌ဆောင်‌ ‌ဒေါ်‌အောင်‌ဆန်းစုကြည်‌အ‌ပေါ်‌ အပြစ်‌ရှိကြောင်း ချမှတ်လိုက်‌တဲ့ တရားရုံး စီရင်ချက်‌နဲ့ ဒီစီရင်‌ချက်‌‌ကြောင့်‌ ဖြစ်‌‌ပေါ်‌လာတဲ့ နိုင်‌ငံ‌ရေးသက်‌‌ရောက်‌မှုတွေကို လုံခြုံ‌ရေး‌ကောင်‌စီအဖွဲ့ဝင်‌‌တွေက ‌အ‌လေးအနက်‌‌ စိုးရိမ်‌‌ကြောင်း ‌ဒီက‌နေ့ကြေငြာချက်‌ ထုတ်‌ပြန်‌လိုက်‌ပါတယ်‌။

အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့မည်

13 August 2009 (VOA NEWS)
အမေရိကန် အထက်လွှတ် တော် အမတ်တဦး ဖြစ်တဲ့ မစ္စတာ ဂျင်မ်ဝက်ဘ်(Jim Webb) ဟာ မြန်မာနိုင်ငံကို ဒီတပတ်ထဲ သွားရောက်ပြီး စစ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိနေတဲ့အပြင် အတိုက်အခံ နိုင်ငံရေးအင်အားစုတွေနဲ့ပါ တွေ့ဆုံ ကောင်း တွေ့ဆုံဖြစ်လိမ့်မယ်လို့ လည်း မျှော်လင့်နေကြပါတယ်။ ဒါဟာဆိုရင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်အပြစ်ပေးလိုက်လို့ ပြည်တွင်းပြည်ပက ဝေဖန်မှုတွေ ထွက်ပေါ်နေချိန် တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှု တွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက အမတ်တဦး ရောက်ရှိလာမှာလည်း ဖြစ်ပါတယ်။

အမေရိကန် ဒီမိုကရက်ပါတီရဲ့ အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ် ၀က်ဘ်ဟာ မနက်ဖြန် သောကြာနေ့မှာ မြန်မာပြည်ကို ရောက်လာဖို့ရှိပြီး စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိနေတာပါ။ ခရီးရောက်မဆိုက် အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို သွားမှာဖြစ်သလို နောက်တနေ့ စနေနေ့မှာ ရန်ကုန်ကို ပြန်လာမှာဖြစ်ပြီးတော့ တနင်္ဂနွေနေ့ ခရီးစဉ် အဆုံးသတ်မှာ ဖြစ်တယ်လို့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက ပြောပါတယ်။ ဒီ ၃ ရက်ကြာ ခရီးစဉ်အတွင်း စစ်အစိုးရ အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ပါ တွေ့ဆုံဖို့ အစီအစဉ် ရှိနေတဲ့အကြောင်း မစ္စတာ ဂျင်မ် ၀က်ဘ်ရဲ့ ရုံးကလည်း ကြေညာချက်တစောင် ထုတ်ပြန်ပြီး ပြောပါတယ်။

Thursday, August 13, 2009

အဆိုတော်ရုပ်ရှင်မင်းသား ဇော်ဝမ်းကွယ်လွန်

13 August 2009 (VOA NEWS)
သင်္ကြန်ဆိုရင် သူမပါရင်မပြီးလို့ နာမည်ကြီးတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ဇော်ဝမ်းဟာ အသည်းရောဂါနဲ့ သြဂုတ်လ ၁၂ရက် မနေ့ ညပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။ “ကိုးနာရီကလေ ဆုံးသွားတာပါ။ အင်းစိန်က ဆေးခန်းမှာပဲ။” မင်းသား ဇော်ဝမ်းရဲ့ ပထမဆုံး ရုပ်ရှင်ဖြစ်တဲ့ စေလိုရာစေ ဇာတ်ကားမှာ အတူ သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဆွေဇင်ထိုက် ပြောသွား တာပါ။ ကွယ်လွန်ချိန်မှာ မင်းသား ဇော်ဝမ်းဟာ အသက် ၆၄နှစ်ရှိပါပြီ။ မန္တလေးမြို့မှာ ၁၉၄၅ခုနှစ်က မွေးဖွားခဲ့တဲ့ မင်းသား ဇော်ဝမ်းရဲ့ ဖခင်ကတော့ တိုင်းချစ် ဦးသိန်းဖေဖြစ်ပြီး အစ်ကိုကတော့ အကယ်ဒမီရိုက်ရှင်ဒါရိုက်တာ မောင်တင်ဦးဖြစ်ပါတယ်။

Wednesday, August 12, 2009

လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ထုတ်ပြန်ချက် မူကြမ်းဆွေးနွေး

12 August 2009 (VOA NEWS)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ထောင်ဒဏ် ၃ နှစ် တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ် နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးတရပ် ခေါ်ယူကျင်းပခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ သဘောထားထုတ်ဖို့ မူကြမ်း ညှိနှိုင်းခဲ့ကြပါတယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်မူဝါဒ တင်းမာလာဖွယ်ရှိ

12 August 2009(VOA NEWS)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ကန့်သတ်မိန့် ချိုးဖောက်မှုနဲ့ မြန်မာစစ်အစိုးရ တရားရုံးက မနေ့က ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ မူဝါဒတွေ ပိုပြီးတော့ တင်းမာလာမယ့် အလားအလာ ရှိနေပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာဟာ စစ်အစိုးရဘက်က အခွင့်အလမ်းကောင်းတရပ် ဆုံးရှုံးသွားပြီလို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး စတီဗင် ဘလိတ် (Stephen Blake) က ပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် စီရင်ချက်အပေါ် နိုင်ငံတကာက ဒေါသနဲ့ တုံ့ပြန်

11 August 2009 (VOA NEWS)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပြစ်ဒဏ် စီရင်ချက် ချလိုက်တဲ့အပေါ် နိုင်ငံတကာ အသိုင်းအ၀န်းက ဒေါသတကြီးနဲ့ တုံ့ပြန် ပြစ်တင် ရှုတ်ချကြပါတယ်။

12 August 2009 (VOA NEWS)
မနေ့က ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုထင်ရှားရှိကြောင်းနဲ့ ၃ နှစ် နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်ပေးလိုက်တဲ့အပေါ်မှာ မြန်မာ့အိမ်နီးချင်း အာဆီယံနိုင်ငံတွေ၊ ဥရောပသမဂ္ဂ နိုင်ငံတွေ စတဲ့ ကမ္ဘာတ၀န်း အစိုးရခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန် ကဲ့ရဲ့ရှုတ်ချတဲ့အကြောင်း ကြေညာချက်တွေ ထုတ်ပြန်၊ သတင်းထောက်တွေကို စကားပြောခဲ့ကြပါတယ်။ အခုလို နိုင်ငံတကာရဲ့ တုံ့ပြန်ချက်တွေကို နော်ရှိုးက စုစည်းတင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချပြီးတဲ့နောက် မကြာခင်မှာပဲ မလေးရှားအစိုးရက အာဆီယံအသင်း အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူကျင်းပဖို့ တောင်းဆိုလိုက်ပါတယ်။ အရှေ့တောင်အာရှ အသင်းကြီး အာဆီယံကို စတင်တည်ထောင်ခဲ့တဲ့ နိုင်ငံ ၅ နိုင်ငံထဲမှာ ပါဝင်တဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက် ချလိုက်တာကို ရှုတ်ချလိုက်ပြီး ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရသူ အက်ဒ် မာလာယာ (Ed Malaya) က ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ဖမ်းဆီးထားတာဟာ မြန်မာ့အရေး နောက်ပြန်ဆုတ်သွားခြင်း ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပြီး မြန်မာစစ်အစိုးရ အနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ တိုက်တွန်းလိုက်ပါတယ်။

တခါ အမေရိကန်သမ္မတ အိမ်ဖြူတော်ကနေ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်တာဟာ လူ့အခွင့်အရေး စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်တာဖြစ်ပြီး မြန်မာစစ်အစိုးရ အနေနဲ့ အာဆီယံ ပဋိညာဉ်ကို ဆန့်ကျင်ရာ ရောက်တဲ့အပြင် လုံခြုံရေးကောင်စီရဲ့ တိုက်တွန်းချက်တွေကိုလည်း လျစ်လျူရှုတာပဲ ဖြစ်တယ်လို့ ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံသား ဂျွန် ယက်တော (John Yettaw) ကို ၇ နှစ် ထောင်ဒဏ်ချမှတ်တာဟာ သူ့ရဲ့ပြစ်မှုနဲ့ မမျှတာကြောင့် စိုးရိမ်မကင်း ဖြစ်ရတယ်လို့လည်း သမ္မတအိုဘားမားက ပြောထားပါတယ်။

အခုလောလောဆယ် အာဖရိကကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း တရားရုံးရဲ့ စီရင်ချက်ကို ကြားကြားချင်း ဒေါ်အောင်ဆန်းစုကြည်ဟာ အစကတည်းက ရုံးတင်စစ်ဆေးဖို့ကို လုံးဝ မထိုက်တန်ဘူးလို့ ပြောခဲ့ပါတယ်။ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနယ်လ် (Mitch McConnell) က သေချာ စဉ်းစားတွေးခေါ် သုံးသပ်တတ်တဲ့ လူတဦးအနေနဲ့ ဒီစီရင်ချက်ကို မနှစ်မြို့တာကလွဲလို့ တခြားဘယ်နည်းနဲ့မှ တုံ့ပြန်လို့ ရမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဥရောပသမဂ္ဂရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဆွီဒင်နိုင်ငံကလည်း ဥရောပသမဂ္ဂ အီးယူအနေနဲ့ မြန်မာစစ်အစိုးရအပေါ် အခုထက်ပိုပြီး တင်းတင်းကျပ်ကျပ် ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့ စိုင်းပြင်းနေတယ်လို့ ဆိုပါတယ်။ ဆွီဒင်ဝန်ကြီးချုပ် ဖရက်ဒရစ်ခ် ရိန်းဖဲလ်ဒ် (Fredrick Reinfeldt) က ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး အခုလို သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ဒီလို မသင့်လျော်တဲ့ စီရင်ချက် ချမှတ်လိုက်တာကို ကျနော်တို့အနေနဲ့ ပြစ်တင်ရှုတ်ချပါတယ်။ ဒီ စီရင်ဆုံးဖြတ်ချက် ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့သမျှ ပုဂ္ဂိုလ်တွေ အားလုံးအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သူတို့ကို ဥရောပသမဂ္ဂ နိုင်ငံတွေထဲကိုလည်း လုံးဝ လာရောက်ခွင့်ပေးမှာ မဟုတ်သလို သူတို့ရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေ ဥရောပသမဂ္ဂထဲက ဘဏ်တွေမှာ ရှိမယ်ဆိုရင်လည်း အဲဒါတွေကို ထုတ်ယူ သွင်းယူလို့ မရအောင် ပိတ်ဆို့လိုက်မှာ ဖြစ်ပါတယ်။” အခုလို ဥရောပသမဂ္ဂရဲ့ အသစ်သော နည်းလမ်းတွေနဲ့ ဒဏ်ခတ်မယ့်အထဲမှာ မြန်မာစစ်အစိုးရပိုင် စီးပွားရေးလုပ်ငန်း ကုမ္ပဏီတချို့လည်း ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) ကိုယ်တိုင် ကြေညာချက်တစောင် ထုတ်ပြန်ပြီး တရားရုံးရဲ့ အတုအယောင် ရုံးတင်စစ်ဆေးမှုကနေ အခုလို စီရင်ချက် ချလိုက်တာကို ကြည့်ခြင်းအားဖြင့် မြန်မာစစ်အစိုးရဟာ ကမ္ဘာကို ဆက်ပြီး အံတုနေမှာ သေချာပေါက်ပဲလို့ တုံ့ ပြန်ထားပါတယ်။ ဒါ့အပြင် ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) နဲ့ တယ်လီဖုန်းကတဆင့် စကားပြောခဲ့ပြီး မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ ဆက်ပြီး ဆွေးနွေးမှုတွေ၊ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ သဘောတူညီခဲ့ကြပါတယ်။ ဗြိတိန်အစိုးရဘက်ကတော့ မြန်မာစစ်အစိုးရကို လက်နက်တင်သွင်း ရောင်းချမှုကို လုံးဝ ပိတ်ပင်တားမြစ်ဖို့ တိုက်တွန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဩစတြေးလျ နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ဒေါ်အောင်ဆန်းစုကြည် ပြစ်မှုထင်ရှားရှိကြောင်း ဆုံးဖြတ်ပြီး ပြစ်ဒဏ်ချလိုက်တာကို ရှုတ်ချလိုက်ပါတယ်။ ဒါ့အပြင် စစ်အစိုးရအနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ရှေးရှုဖို့ စဉ်းစားမယ်ဆိုရင် အချိန်ရှိသေးတယ်၊ စစ်အစိုးရအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည်ဆောင်ရွက်မယ် ဆိုရင် ဩစတြေးလျ အပါအ၀င် နိုင်ငံတကာက ကူညီဖို့ အသင့်ပဲလို့လည်း ပြောခဲ့ပါတယ်။ မြန်မာစစ်အစိုးရအပေါ် ထားရှိတဲ့ ငွေကြေးအရ ပိတ်ဆို့ဒဏ်ခတ်ထားတဲ့မူကို ဆက်ထားသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

ဒီနောက်ပိုင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ ကာဆီးကာဆီး လုပ်လေ့ရှိတဲ့ တောင်အာဖရိက အစိုးရက ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်ချမှတ်ခြင်း ခံရတာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ တောင်အာဖရိက အစိုးရရဲ့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ
ဒု-၀န်ကြီး အီဘရာဟင်မ် အီဘရာဟင်မ် (Ebrahim Ebrahim) က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ဖို့၊ နိုင်ငံကို ပြန်လည် တည်ဆောက်ဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိဖို့ အခွင့်အရေးတွေ အားလုံး ဆုံးရှုံးသွားပြီ၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ သူ့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် စီရင်ချက် ကုလ အတွင်းရေးမှူးချုပ် ပြင်းပြင်းထန်ထန် ရှုတ်ချ။

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ်လိုက်တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ အထူးတလည် မကျေမနပ် ဖြစ်ရ ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးပြီး မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်ရင် ကြားစေ့ရေး နဲ့ ဆွေးနွေးပွဲတွေမှာ အဓိက ပုဂ္ဂိုလ်တဦးအဖြစ် ချက်ချင်း တွေ့ဆုံဆွေးနွေးသင့်ကြောင်း မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

Tuesday, August 11, 2009

Beautiful Woman

နေရှင်နယ်လိဂ် ဘောလုံးပွဲများ ပြန်စတော့မည်

မြန်မာဘောလုံး အဖွဲ့ချုပ်မှ ဦးစီးကျင်းပသည့် ဒုတိယအကြိမ် မြန်မာနေရှင်နယ်လိဂ် (MNL CUP) ကို လာမည့် စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်ပါသည်။ (ဧရာဝတီ သတင်းဂျာနယ်)

‌ဒေါ်အောင်ဆန်စုကြည်ကိုပြစ်‌ဒဏ်‌ချပြီး

ကာတွန်း- ဟန်လေး
(ဒေါ်အောင်ဆန်းစုကြည်ကိုအလုပ်ကြမ်းနဲ့‌ထောင်‌ဒဏ်‌ ၃ နှစ်ခန့် ချမှပြီး‌နောက်‌ မြန်မာအစိုးရက ‌နောက်‌ထပ်‌ ‌ကြေငြာရာမှာ‌တော့ ပြစ်ဒဏ်တစ်‌ဝက်‌ကို ဆိုင်းငံ့‌ထောင်‌ဒဏ်‌အဖြင့်လျောပေါ့ပေးလိုက်းပြီး ပြစ်ဒဏ်ကိုသူနေအိမ်‌မှာပဲကျခံစေရမှာဖြစ်ပါတယ်။
‌(၁၁၊၀၈၊၂၀၀၉)BBC NEWS

ပြင်းအား ၇.၆ ငလျင် မြန်မာနိုင်ငံအနီး လှုပ်ခတ်


11 August 2009အန်ဒမန်ကျွန်းစု မြောက်ပိုင်းမှာ ၇.၆ ရစ်ခ်ျတာစကေးနဲ့ မြေငလျင် လှုပ်ခတ်ခဲ့လို့ ဆူနာမီ သတိပေးချက်တွေ ထွက်ပေါ်ခဲ့ပေမယ့် အခုတော့ ဒီသတိပေးချက်တွေ ပြန်ပြီး ရုပ်သိမ်းသွားပါပြီ။ ပုသိမ်မြို့ အနောက်ဘက် မိုင် ၂၂၅ မိုင်ကို ဗဟိုပြုပြီးတော့ မြန်မာစံတော်ချိန် ညသန်းခေါင် ၂ နာရီကျော်မှာ ငလျင်လှုပ်ခတ်သွားတာပါ။
အိန္ဒိယသမုဒ္ဒရာထဲ အခုလို ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် သမုဒ္ဒရာနဲ့ ထိစပ်နေတဲ့ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေမှာ ဆူနာမီ ဖြစ်လာနိုင်တယ်ဆိုတဲ့ သတိပေးချက်ကို အမေရိကန် ဘူမိဗေဒဌာနက အစောပိုင်းက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ည ၂ နာရီလောက် ငလျင်လှုပ်ခတ်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။

Saturday, August 8, 2009

အမေရိကန် အထက်လွှတ်တော်အမတ် မြန်မာပြည် သွားမည်

Friday, 07 August 2009 17:23 ဧရာဝတီ
အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) သည် သူ၏ အာရှ ၅ နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့လည်း သွားရောက်မည်ဟု ကြာသပတေးနေ့က ကြေညာ လိုက်သည်။ မစ္စတာ ဂျင်မ်ဝက်ဘ်သည် ပြီးခဲ့သည့် ၁ဝ နှစ်အတွင်း မြန်မာ နိုင်ငံသို့ သွားရောက်မည့် ပထမဆုံးသော အမေရိကန် လွှတ်တော် အမတ်တဦး ဖြစ်လာမည် ဖြစ်သည်။ တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည့် မစ္စတာ ဂျင်မ်ဝက်ဘ်၏ ခရီးစဉ် နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို မသိရသေးပေ။ မစ္စတာ ဂျင်မ်ဝက်ဘ်သည် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အာရှနှင့် ပစိဖိတ်ရေးရာ ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သည်။

သူ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး မစ္စတာ ဂျင်မ်ဝက်ဘ်က ကြေညာချက်တစောင် ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံအပြင် ထိုင်း၊ လာအို၊ ဗီယက်နာမ်၊ ကမ္ဘောဒီးယား နိုင်ငံ တို့ကိုလည်း သွားရောက် လည်ပတ်မည်ဟု ဆိုသည်။ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ နှင့် ဒေသအတွင်း အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားကို မြှင့်တင်နိုင်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေမည်ဟု မစ္စတာ ဂျင်မ်ဝက်ဘ်က ဆိုသည်။ ကြေညာချက်တွင် မစ္စတာ ဂျင်မ်ဝက်ဘ်သည် အာရှဒေသအတွင်း နှစ်ပေါင်း ၄ဝ နီးပါး လှည့်လည် သွားလာပြီး ရေတပ် အရာရှိ၊ စာနယ်ဇင်းသမား၊ ဝတ္ထုရှည် ရေးသားသူ၊ ကာကွယ်ရေးဝန်ကြီးဌာန အုပ်ချုပ်ရေးအရာရှိ၊ စီးပွားရေးအတိုင်ပင်ခံ စသည့် တာဝန်များ ထမ်းဆောင်ခဲ့သည်ဟု ဆိုသည်။

မြန်မာစစ်အစိုးရကို စီးပွားရေး ပိတ်ဆို့သည့်နည်းဖြင့် အရေးယူထားသော အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ပြန်လည်သုံးသပ်မည်ဟု မကြာသေးမီက ကြေညာထားသည်။ အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်သည် မြန်မာစစ်အစိုးရကို စီးပွားရေး ပိတ်ဆို့ခြင်းဖြင့် ဖိအားပေးသည့် နည်းလမ်းကို လက်မခံသူတဦး ဖြစ်သည်။ မြန်မာပြည်သို့ သွားမည့် မစ္စတာ ဂျင်မ်ဝက်ဘ်သည် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီတွင် အကြီးအကဲတဦး ဖြစ်သောကြောင့် ထူးခြားသည်ဟု ဆိုနိုင်သော်လည်း သူ၏ ခရီးစဉ်မှ သိသာထင်ရှားသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာမည် မဟုတ်ဟု မြန်မာ့အရေး စောင့်ကြည့်လေ့လာသူ ဦးအောင်သူငြိမ်းက ခန့်မှန်းသည်။

“အရင်ကလည်း အရေးကြီးတဲ့ အမေရိကန် အရာရှိတွေ မြန်မာနိုင်ငံ လာဖူးပါတယ်၊ စတီဗင် ဆိုလာ့စ်၊ မယ်ဒလင်း အောဘရိုက်၊ ဘီလ် ရစ်ချတ်ဆန် စသဖြင့် .. မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်ဖို့ သူတို့က မကူညီနိုင်ပါဘူး။ အခုတခါလည်း သိပ်ပြီးတော့ ကျနော့်တို့ အရေး ကူညီနိုင်မယ်လို့ မျှော်လင့်ချက် မရှိပါဘူး” ဟု ဦးအောင်သူငြိမ်းက ဧရာဝတီကို ပြောသည်။ သို့သော်လည်း သူ၏ ခရီးစဉ်သည် နှစ်နိုင်ငံ အစိုးရများအတွက် အကျိုးရှိမည့် ခရီးစဉ်တခု ဖြစ်လာနိုင်သည်ဟု ဆိုသည်။ “စစ်အစိုးရက အမေရိကန်နဲ့ ပြေလည်ချင်ရင် အခွင့်ကောင်းယူနိုင်ပါတယ်၊ အမေရိကန်ကလည်း စစ်အစိုးရက သူတို့ကို ဝင်တိုက်မှာ သိပ်ကြောက်နေတဲ့ ကိစ္စကို စိုးရိမ်မှု လျော့လာအောင် လုပ်နိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ ထင်ပါတယ်” ဟု ဦးအောင်သူငြိမ်းက ပြောသည်။

Wednesday, August 5, 2009

မြန်မာနိုင်ငံ စီးပွားရေး တိုးတက်နူန်း တစ်ရာခိုင်နူန်းသာရှိ


ရန်ကုန်မြို့ဆင် ခြေဖုံးရပ်ကွက်တခုတွင်စားဝတ်နေရေးအတွက်အမှိုက်ကောက် နေသောက လေးသူငယ်များ ဖြစ်ပါသည်။(Photo: AFP)


2009-08-04
၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ စီးပွားရေး တိုးတက်မျှုနှုန်းက တစ်ရာခိုင်နှုန်း ဝန်းကျင်သာ ရှိတယ်လို့မကြာခင်က ထုတ်ပြန်တဲ့ အေဒီဘီ အာရှဖွံဖြိုးရေးဘဏ် အစီရင်ခံစာမှာ ထုတ်ပြန်ထားပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံတွင်းမှာ စီးပွားရေးလုပ်ငန်းတွေ အရောင်းအဝယ် ထိုင်းနေသလို လူတွေလည်း လက်ထဲမှာ ငွေမရှိတော့ဘူးလို့ကုန်သည်တွေက ပြောပါတယ်။

သံလွင်ရေကာတာ စီမံကိန်း ဆိုးကျိုးများကို ဆွေးနွေးတင်ပြ


မြန်မာပြည်ထဲတွင် သံလွင်မြစ်ဟု ခေါ်တွင်သည့် တရုတ်ပြည်မှနူးဂျန်မြစ် ဖြစ်ပါသည်။ သံလွင်မြစ်ပေါ်တွင် အရှေတောင်အာရှ ဒေသမှာ အကြီးဆုံးဖြစ်လာမည့် လျှပ်စစ်မီဂါဝပ် ၇,၁၀၀ ထုတ်လုပ်နိုင်သည့် တာဆန်း ရေကာတာ စီမံကိန်းကိုလည်း တရုတ် ကုမ္မဏီများ တည်ဆောက်နေပါသည်။ (Photo: AFP)

2009-08-04
မြန်မာနဲ့ ထိုင်းအစိုးရ နှစ်ဖက်သဘောတူညီချက်အရ သံလွင်မြစ်တလျှောက် ရေကာတာတွေ ဆောက်ပြီး ရလာမဲ့ လျှပ်စစ် စွမ်းအင် တွေကို ထိုင်းနိုင်ငံကို ရောင်းချဖို့ စီမံကိန်းမှာ ဒေသခံ တိုင်းရင်းသားတွေအပေါ် ဆိုးကျိုးတွေ ပိုပြီး သက်ရောက်စေတဲ့အကြောင်း ဆွေးနွေးပွဲတစ်ခုကို ဗန်ကောက်မြို့မှာ သြဂုတ်လ ၄ရက် ဒီကနေ့ ကျင်းပခဲ့ပပါတယ်။ ဒီဆွေးနွေးပွဲကို ထိုင်းနိုင်ငံအခြေစိုက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဖြစ်တဲ့ သံလွင် စောင့်ကြည့်ရေးအဖွဲ့နဲ့ ထိုင်းလူ့အခွင့်အရေး အဖွဲ့အစည်းတွေ ဦးစီးကျင်းပခဲ့တာ ဖြစ်ပါတယ်။ (RFA NEWS)

မြန်မာနှင့် မြောက်ကိုးရီးယား စစ်ရေးပူးပေါင်းမှုကို အမေရိကန် စိုးရိမ်


မြန်မာစစ်တပ်၏ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချူပ်ကြီး သူရရွှေမန်း (ဝဲ) နှင့် မြောက်ကိုရီးယား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကင်မ်ဂျပ်စစ် (ယာ)တို့ပြုံးယမ် မြို့တော် ကာကွယ်ရေးဝန်ကြီးဌာနတွင် ၂၀၀၈၊ နိုဝင်ဘာလ ၂၂ရက်နေ့က တွေ့ဆုံနေပုံ ဖြစ်ပါသည်။ (Photo: RFA)
2009-08-04
မြန်မာစစ်အစိုးရရဲ့ အနုမြုဓာတ်ပေါင်းဖို စီမံကိန်းကို မြောက်ကိုးရီးယားအစိုးရက ကူညီနေတာနဲ့ ပတ်သက်လို့ မြန်မာနဲ့ မြောက်ကိုးရီးယား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတာကို စိုးရိမ်ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံ ပြောကြား လိုက်ပါတယ်။ (RFA NEWS)

ကမ္ဘာ့လူတုပ်ကွေးရောဂါ အခြေအနေ (၀၄-၈-၂၀၀၉)


မြန်မာ့အလင်း (၀၄-၀၈-၂၀၀၉)

Tuesday, August 4, 2009

ဓါတုဗေဒနည်းဖြင့် ပြုလုပ်ထားသည့် ကြက်ဥ အတုများ မြန်မာနိုင်ငံ အထက်ပိုင်း မြို့ကြီး သုံးမြို့တွင် စတင် တွေ့ရှိ

Today, 4 August 2009
မြန်မာနိုင်ငံသို့ နယ်စပ်ဒေသများမှ တရားမဝင်ဝင်ရောက်လာသော ဓါတုဗေဒနည်းသုံးကြက်ဥအတု"များကို မန္တလေး၊ မြစ်ကြီးနား၊ ဗန်းမော်စသည့်မြို့ကြီးသုံးမြို့တွင် စတင်ဖျက်ဆီးနေပြီဖြစ်ကြောင်း FDA ညွှန်ကြား"ရေးမှူး ဒေါက်တာကျော်လင်းကပြောကြားသည်။ အဆိုပါဓါတုဗေဒသုံးကြက်ဥများသည် နယ်စပ်ေ ဒသများမှတစ်"ဆင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဇူလိုင်လ ၃၁ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်"တရားဝင်ဖော်ပြထားသည်။ ကျွန်တော်တို့အနေဖြင့် ကြက်ဥတွေကို တရားဝင်စစ်ဆေးနေပါပြီ။လက်ရှိစစ်ဆေးမှုအ"ရ တွေ့ရှိချက်က အမှန်ကန်ဆုံးပါပဲ၊ ရန်ကုန်ဈေးကွက်မှာတော့ရှာမတွေ့သေးပါဘူး။ ရှာဖွေမှုတွေ လုပ်နေပါတယ်"မန္တလေး၊ ဗန်းမော်၊ မြစ်ကြီးနား မြို့တွေမှာ ကြက်ဥအတုတွေကိုဖျက်ဆီးနေပါပြီ။ FDA အနေနဲ့အခုထက်ပိုသေချာ"အောင်စစ်ဆေးချင်သေးတယ်။ တွေ့ရင်ယူလာခဲ့ပါတယ်။ စစ်ဆေးပေးမည်။ အတုနဲ့ အစစ်က အသိသာကြီးပါ။ စစ်"ဆေးပေးသွားမယ်” ဟု FDA ညွှန်ကြားရေးမှူးဒေါက်တာကျော်လင်းကပြောကြားကြောင်း၂၀၀၉ခုနှစ်သြဂုတ်လ ၄"ရက်နေ့ထုတ် Flower News ဂျာနယ်တွင်ဖော်ပြထားပါသည်။"
ခေတ်လူငယ် မှကူးယူထားသည်။

[ကရင်တိုင်းရင်းသား ကိုကစောဝါးကို မက်ဆေးဆေးဆု ချီးမြှင့်]


2009-08-03
အမေရိကန်ပြည်ထောင်စုအခြေစိုက် EarthRights International ခေါ် ကမ္ဘာမြေအခွင့်အရေး နိုင်ငံတကာလှုပ်ရှားမှု NGOအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ကရင်တိုင်းရင်းသား ကိုကစောဝါးကို အာရှရဲ့ နိုဘယ်လ်ဆုလို့ လူသိများတဲ့ Ramon Magsaysay ဆု ချီးမြှင့်လိုက်ကြောင်း ဆုရွေးချယ်ရေး ကော်မတီက ဒီကနေ့ သြဂုတ်လ ၃ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

Sunday, August 2, 2009

ဒေါ်စုအမှု စီရင်ချက်ချမည့်ရက် သြဂုတ်လ ၁၁ ရက်ကို ရွှေ့ဆိုင်း


31 July 2009
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အမှုအတွက် ဒီကနေ့ စီရင်ချက်ချဖို့ ချိန်းဆိုထားပေမယ့် တရားသူကြီးက ရုံးချိန်းထပ်ပေးပြီး စီရင်ချက်ချမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ အမှုကိုဆုံးဖြတ်ဖို့ရာ ဥပဒေရေးရာ ပြဿနာတွေ ရှိနေသေးတယ်ဆိုပြီး တရားရုံးက အကြောင်းပြတယ်လို့ အကျိုးဆောင်ရှေ့နေကြီးတဦးက ပြောပါ တယ် - (VOA News.)

အော်တကယ်တမ်းတော့လဲ၊ သေနတ်သမား (၅၀၀,၀၀၀) များရဲ့အရှင်သခင် ဘဘကြီးတို့လည်းကြောက်တတ်သားပဲ၊ ဒေါ်စု ရဲ့ ခံယူချက်၊ ယုံကြည်ချက်၊ ရပ်တည်ချက်၊ အစဉ်အလား၊ ပညာအရည်ချင်းနဲ့ တိုင်းပြည်အပေါ်ထားတဲ့ စေသနာတွေက စကားတွေ အများကြီးကိုပြောပါတယ်။ နောက်တစ်ချက်ကလည်း ဒေါ်စုမှာ အပြစ်မရှိဘူး၊ သူ့ပိုင်နက်အတွင်းမှာရှိတဲ့ အကြောင်းအကျိုး ကိစ္စမှန်သမျှဟာသူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပါ၊ သူဟာရိုးရိုးသာမန် မိန်းကလေးမဟုတ်ဘူး၊ ဒါကြောင့်လဲ တာဝန်ရှိတဲ့ လူတွေရဲ့ အလုပ်က ခွင့်ပြုချက်မရှိပဲ အပြင်မှ မည်သို့အရာမှ သူရဲ့ပိုင်နက်ထဲ မရောက်အောင်၊ ထို့နည်းတူ သူ့ပိုင်နက်က အရာမှန်သမျှ အပြင်သို့ မရောက်အောင် တားစည်းရမယ်၊ စောင့်ကြည့်ရမယ့် အလုပ်လုပ်ရမှာပေါ့။ အပြစ်ရှိတဲ့လူတွေက ကျူးကျော်ဝင်ရောက်သူရယ်၊ အလုပ်တာဝန်ပေါ့ရောတဲ့သူတွေပါ၊ ဥပမာ မြေလျှိုမိုးပျံနိုင်တဲ့ တန်ခိုးရှင်တယောက်က သူဟာသူ တာဝန်ရှိတဲ့လူတွေကို ကျော်လွှားပြီး ဒေါ်စုအိမ်ကိုရောက်လာပြီး စကားလာပြောရင်ကော ဘဘကြီးတို့ဘယ်လိုစဉ်းစားမလဲ၊ ဒါကြောင့် ဒေါ်စုမှာ အပြစ်မရှိဘူး၊ အခုကိစ္စက လုံးဝမတရားဘူး၊ မမှန်တဲ့ကိစ္စကို ဆက်ပြီး မလုပ်တာအကောင်းဆုံးပဲ၊ ကိုယ်အတွက်လဲအကျိုးမရှိဘူး၊ ခံရတဲ့သူအတွက်လဲအကျိုး မရှိဘူး၊ ကြားရတဲ့သူအတွက်လဲ စိတ်မချမ်းသာဘူး၊ တိုင်းပြည်အတွက်လဲ အကျိုးမရှိဘူး၊ အမှန်တရားလဲမဟုတ်ဘူး ဒါကြောင့်မို့ ဒေါ်စုကို အမြန်ဆုံး လွတ်ပေးတာ အကောင်းဆုံးအဖြေပါ။