Tuesday, September 29, 2009

နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း ဖိနပ်နဲ့ ပေါက်ခံရ


28 September 2009.VOA NEWS.
မြန်မာဝန်ကြီးချူပ် ဗိုလ်ချူပ်ကြီးသိန်းစိန် ကုလသမဂ္ဂအထွေထွေညီလာခံမှာ လာပြီး မိန့် ခွန်းပြောတဲ့ အချိန်မှာ နယူးရော့ခ် (New York) မြို့ မှာရှိနေကြတဲ့  မြန်မာ့  ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း ကုလသမဂ္ဂရုံး အပြင်ဖက်မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ မြန်မာ ကိုယ် စားလှယ်အဖွဲ့  တည်းခိုတဲ့ နယူးရော့ခ်မြို့ 39 လမ်းမှာရှိတဲ့  East Gate ဟိုတယ် ရှေ့ မှာလဲ ၂၈ ရက်နေ့ မနက်က ဆန္ဒပြခဲ့ကြရာမှာ စိတ်မ ထိန်းနိုင်တဲ့ ဆန္ဒပြသူတချို့ က နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့  ပါသွားတဲ့ကားကို ဖိနပ်၊ ကော်ဖီခွက်တွေနဲ့  ပြစ်ပေါက်တာတွေ လုပ် ခဲ့ကြပါတယ်။

Friday, September 25, 2009

Photo copy

ကိုညီညီအောင်အားမြန်မာစစ်အစိုးရ စွဲချက်တင် (၂၄-၀၉-၂၀၀၉)



အမေရိကန် မူဝါဒသစ် ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

24 September 2009. (VOA NEWS).
အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ကို မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပါ တယ်။ ပိတ်ဆို့အရေးယူမှုနဲ့ အတူ ထိတွေ့ဆက်ဆံမှုကို အတူတွဲလုပ်သင့်တယ်ဆိုတဲ့ မူဝါဒသစ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ထုတ်ဖော်ပြောကြားအပြီး တရက်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်ချက် ထွက်ပေါ် လာတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ရှေ့နေတွေနဲ့ ဒီနေ့ညနေ တွေ့ဆုံစဉ် အမေရိကန် နိုင်ငံခြားရေး မူဝါဒ အသစ်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အကောင်းမြင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ဖိအားပေးရင်း ဆက်ဆံသွားမည်

25 September 2009.(VOA NEWS). အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) အနေနဲ့ မြန်မာစစ်အစိုး ရအပေါ် အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဆက်လက် ထားရှိသွားမှာ ဖြစ်သလို ထိတွေ့ဆက်ဆံမှုတွေကိုလည်း လုပ်ဆောင်သွား မယ် လို့ ပြောဆိုလိုက်တာဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်စေရေး အမေရိကန်ရဲ့ ရည်မှန်းချက်တွေ လျော့ပါး သွားတာ မဟုတ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န် ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကျပ် ၅,၀၀၀ တန် ငွေစက္ကူသစ် ထုတ်မည်



24 September 2009.(VOA NEWS).
မြန်မာနိုင်ငံမှာ အခုလာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ၅,၀၀၀ ကျပ်တန် ငွေစက္ကူသစ်တွေ ထုတ်ဝေတော့မှာ ဖြစ်တယ်လို့ စစ်အစိုးရက ဒီညသတင်းမှာ ကြေညာသွားပါတယ်။ အရင်ငွေစက္ကူတွေလို ခြင်္သေ့တံဆိပ် မဟုတ်တော့ဘဲ ဆင်ဖြူတော်တံဆိပ်ဖြစ်ပြီး လက်ရှိ လည်ပတ်သုံးစွဲနေတဲ့ ငွေစက္ကူတွေကိုလည်း ဆက်ပြီး တရားဝင်အဖြစ်နဲ့ တည်ရှိသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင် ထုတ်ဝေ ဖြန့်ဖြူးထားတဲ့ ငွေစက္ကူပေါင်းဟာ ပြား ၅၀ တန်ကနေ အခုထုတ်ဝေမယ့် ၅,၀၀၀ ကျပ်တန်အထိ ၁၃ မျိုးရှိပါတယ်။ ဒါပေမဲ့ ၂၀၀ ကျပ်တန်အထိ အထူးရှားပါးနေပြီး တန်ဖိုးလည်းမရှိ၊ အသုံးလည်း မ၀င်သလောက် ဖြစ်နေပါတယ်။ ဒီကနေ့
တိုင်းပြည်တွင်းမှာ လည်ပတ်သုံးစွဲနေတဲ့ ငွေကြေးတန်ဖိုးပမာဏ ဘယ်ရွေ့ဘယ်မျှရှိတယ် ဆိုတာကို စစ်အစိုးရအနေနဲ့ မထုတ်ပြန်ခဲ့တာ ၁၅ နှစ်လောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

Thursday, September 24, 2009

မြန်မာနိုင်ငံကို ပိတ်ဆို့မှု မရုပ်သိမ်းပေမဲ့ စစ်အစိုးရနဲ့ တိုက်ရိုက် ဆက်ဆံမည်

23 September 2009.(VOA NEWS). နိုင်ငံခြားရေးဝန်ကြီး ဟီလရီ ကလင်တန်က မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ မူဝါဒ ပြန်လည် သုံးသပ်နေတယ်ဆိုတာ စစ်အစိုးရ ခေါင်းဆောင်တွေ နားလည်ဖို့ လိုတယ်လို့ ပြောဆိုလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလရီ ကလင်တန်က အမေရိကန် ပြည်ထောင်စုကနေ မြန်မာ့အရေး မူဝါဒတွေကို ပြန်လည်သုံးသပ်နေတဲ့ အကြောင်း ကုလသမဂ္ဂ ဌာနချုပ်မှာ အခုလို ပြောသွားပါတယ်။
"မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု အနေနဲ့ တဘက်က စစ်အစိုးရနဲ့ တိုက်ရိုက် ဆက်ဆံသွားမှာ ဖြစ်သလို တဘက် ကလည်း တားဆီးပိတ်ဆို့မှုနဲ့ ဆက်ပြီးအရေးယူသွားမှာ ဖြစ်ပါတယ်။ သိတဲ့အတိုင်းပါပဲ။ အခု ကျွန်မတို့ နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ ခေါင်းဆောင်ရော ဒီကိုလာဖို့ ပြင်ဆင်နေတဲ့ မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ်အနေနဲ့ပါ ကျွန်မတို့က မြန်မာနိုင်ငံအပေါ်မှာ ထားရှိတဲ့ မူဝါဒကို ပြန်ပြီး သုံးသပ်နေတဲ့ကာလ ဖြစ်တယ်ဆိုတာကို အသေအချာ သဘောပေါက် ဖို့လိုပါတယ်။ "ကုလသမဂ္ဂ အတွင်းရေမှူးချုပ် ဘန်ကီမွန်း ကမကထ ပြုလုပ်ခဲ့တဲ့ မြန်မာ့ မိတ်ဆွေများနိုင်ငံများ အစည်းအဝေးမှာ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒတွေကို ဟီလရီ ကလင်တန်ကနေ ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Sunday, September 20, 2009

Dance

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ဖို့ဘန်ကီမွန်းတိုက်တွန်း

2009-09-19.(RFA NEWS). မြန်မာစစ်အစိုးရက အကျဉ်းသားအများ အားလုံးကို လွတ်ငြိမ်းသက်သာခွင့်ပေးဖို့ ကြေညာခဲ့ပြီးတဲ့နောက် နိုင်ငံရေးအကျဉ်းသားတချိ့ လွတ်ပေးတာကို ကြိုဆိုပေမယ့် ကျန်ရှိနေသေးတဲ့နိုင်ငံရေးအကျဉ်းသား အားလုံးကို လွတ်ပေးဖို့ကုလသမဂ္ဂ အတွင်းရေးမှူးချူပ် မစ္စတာ ဘန်ကီမွန်းက မနေ့က တိုက်တွန်း ပြောကြားလိုက်ပါတယ်၊၊

လွတ်မြောက်သူ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ပြီ

19 September 2009.(VOA NEWS). မြန်မာနိုင်ငံတ၀ှမ်း အကျဉ်းထောင်တွေကနေ အကျဉ်းသား ၇,၁၁၄ ယောက်ကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးပြီး ပြန်လွှတ်ပေး မယ်လို့ စစ်အစိုးရက ကြေညာထားတဲ့အတိုင်း မနေ့က စက်တင်ဘာလ ၁၈ ရက်နေ့ကစလို့ တဖြည်းဖြည်းချင်း ပြန်လွှတ် ပေးနေတာမှာ ဒီနှစ်ရက်အတွင်း ပြန်လွတ်လာတဲ့ အကျဉ်းသားတွေထဲက နိုင်ငံရေး အကျဉ်းသား ၁၀၄ ယောက်ပါတယ်လို့ ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကနေ စာရင်းထုတ်ပြန် ခဲ့ပါတယ်။ ဒီအထဲမှာ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်း တို့လို့၊ အဲန်အယ်လ်ဒီ အဖွဲ့ဝင် လည်းဖြစ်၊ ကဗျာဆရာလည်းဖြစ်တဲ့ မုံရွာအောင်ရှင် တို့လို့၊ ကျောင်းသားခေါင်းဆောင် ကိုအောင်ထွန်းတို့လိုအပြင် Eco Vision ဂျာနယ်က သတင်းထောက် မအိမ့်ခိုင်ဦးနဲ့ ကိုကျော်ကျော်သန့်တို့လို လူတွေလည်း ပါဝင်ကြပါတယ်။

Saturday, September 19, 2009

နိုင်ငံရေးအကျဉ်းသား ၅၀ ခန့်ပြန်လည်လွတ်မြောက်လာ

2009-09-18 (RFA NEWS).
စစ်အစိုးရက အကျဉ်းသား ၇၀၀၀ ကျော်ကို လွတ်ပေးမယ်လို့ကြေညာပြီးတဲ့နောက် အခုချိန်အထိ နိုင်ငံရေးအကျဉ်းသား ၅၀ ခန့် လွတ်မြောက်လာပြီလို့ သိရပါတယ်နိုင်ငံရေးအကျဉ်းသားကတော့ ၂၅၀ လောက်အထိ ပါဝင် လွတ်မြောက်လိမ့်မယ်လို့ သတင်းတွေထွက်နေပေမယ့် အတည်မပြုနိုင်သေးပါဘူး၊၊

Wednesday, September 16, 2009

မြန်မာဝန်ကြီးချုပ် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖွယ်ရှိ


16 September 2009. VOA NEWS. နယူးယောက်ခ်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပနေတဲ့ ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့အတွက် မြန်မာနိုင်ငံ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ ဒီလကုန်လောက်မှာ လာရောက်မယ်လို့ မြန်မာအရာရှိတွေက ပြောကြားပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံကို လွန်ခဲ့တဲ့ ၁၄ နှစ်က ဗိုလ်ချုပ်ကြီးမောင်အေး တက်ရောက် ပြီး ကတည်းက ဒါဟာ ပထမဆုံး မြန်မာနိုင်ငံက အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်တဦး ညီလာခံကို တက်ရောက်လာမှာ ဖြစ်တယ်လို့ ဂျာမန်
သတင်းဌာန DPA နဲ့ အိန္ဒိယအခြေစိုက် မစ္ဇျိမသတင်းတွေမှာ ဖော်ပြပါတယ်။ ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ လက်ရှိအစီအစဉ်အရ ဆိုရင် မြန်မာနိုင်ငံကနေ ကုလသမဂ္ဂ အထွေထွေညီလာခံကို မြန်မာနိုင်ငံခြားရေးဝန်ကြီး တက်ရောက်ပြောကြားဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့ လူ့အခွင့်အရေး မဟာမင်းကြီး တောင်းဆို

16 Sep 2009.VOA NEWS. ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) က ခွဲခြားဆက်ဆံမှုဆိုတဲ့ ဉာဉ်ဆိုးကြီးကြောင့် ကမ္ဘာတ၀န်းမှာ လူသန်းပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံနေရတယ်လို့ ၁၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အင်္ဂါနေ့က ပြောကြားသွားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးရှိရာမှာ လွတ်လပ်မှုကို ငြိမ်းချမ်းစွာ ရှေ့ရှုဆောင်ရွက်နေကြတဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရင်ဆိုင်နေကြရတဲ့ မတရားမှုတွေ အကြောင်းကိုလည်း မစ္စ နာဗီ ပီလေးက မီးမောင်းထိုး ပြောသွားပါတယ်။

Monday, September 7, 2009

KIO ထိပ်တန်းခေါင်းဆောင် ၅ဦး တာဝန်မှနားပြီး ပါတီသစ်ထောင်မည်

06 September 2009 - VOA NEWS. ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)က ထိပ်ပိုင်းခေါင်းဆောင် ၅ဦးဟာ ၂၀၁၀မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့အတွက် ပါတီ ဖွဲ့စည်းကြမှာ ဖြစ်တာကြောင့် KIOအဖွဲ့ကနေ နှုတ်ထွက် ခွင့်ပြုလိုက်ပါတယ်။ ဒေါက်တာတူးဂျာ အပါအ၀င် ကေအိုင်အို ခေါင်းဆောင်ဟောင်းတွေဟာ ကချင်ပြည်နယ်က အခြားနိုင်ငံရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေး စိတ်ဝင်စားသူတွေနဲ့ ပူးပေါင်းပြီး နိုင်ငံရေးပါတီတရပ် ထူထောင်သွားမှာ ဖြစ်ပါတယ်။ အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ နှုတ်ထွက်လိုက်တဲ့ အကြောင်းကို မနေ့က KIO ဌာချုပ် လိုင်ဇာမြို့မှာ ကျင်းပတဲ့ လူထု အစည်းအဝေးမှာ တရားဝင် ကြေညာခဲ့တာဖြစ်ပါတယ်။
KIO လူကြီး၅ယောက်ဟာ ပါတီနိုင်ငံရေးကို ပါဝင်ဆောင်ရွက်လိုတာကြောင့် နှုတ်ထွက်ခွင့်ပေးတာဖြစ်တယ်လို့ ဒေါက်တာ တူးဂျာ က အခုလို ပြောပါတယ်။ "ကျွန်တော်တို့က မြို့ပေါ်ထွက်ပြီးတော့ မြို့ပေါ်နိုင်ငံရေးကို လွတ်လွတ်လပ်လပ်လုပ်ချင်လို့ ကျွန်တော်တို့ အဖွဲ့အစည်းက ထွက်ခွင့်တောင်းတာပါ။ အဲဒါကို လူကြီးတွေက လက်ခံခဲ့ပြီး ခွင့်ပြုတာပေါ့။ အဲဒါ ထုတ်ပယ်လိုက်တဲ့ သဘော၊ အဲဒီလို အဓိပ္ပာယ်မျိုးတော့ မဟုတ်ဘူးဗျ၊ ကျွန်တော်တို့ရဲ့ တောင်းဆိုမှုပေါ်မှာ သူတို့က စဉ်းစားပေးခဲ့တာပါခင်ဗျ။ ကျွန်တော်တို့ ၅ယောက် အခုလောလောဆယ်တော့။ တရားဝင်ကတော့ မြို့ပေါ်က လူကြီးတွေ အားလုံး ၃၀၀ကျော်ပေါ့ဗျာ၊ အစည်းအဝေး လုပ်တယ်။ အဲဒီမှာ တရားဝင် ကြေညာပေးလိုက်တာပေါ့။"

အခုလို နှုတ်ထွက်သူတွေကတော့ ဒုတိယ ဥက္ကဋ္ဌ(၂) ဒေါက်တာတူးဂျာ၊ တွဲဘက် အထွေထွေအတွင်းရေးမှုး ဦးအင်ဂျာနော်ရစ်၊ ဦးမွန်ခေါင်၊ ဦးဇောင်ဖန်းနဲ့ ဦးလဇွန်တန်တို့ ဖြစ်ပါတယ်။

အခုလို နှုတ်ထွက်လိုက်တဲ့ KIO ခေါင်းဆောင်တွေဟာ အခြား ကချင်ပြည်နယ်အတွင်းက နိုင်ငံရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး ကချင်ပြည်နယ် တိုးတက်ရေးပါတီကို ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီ ဖြစ်တယ်လို့ ဒေါက်တာတူးဂျာက ဆက်ပြော ပါတယ်။