Sunday, September 20, 2009

လွတ်မြောက်သူ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ပြီ

19 September 2009.(VOA NEWS). မြန်မာနိုင်ငံတ၀ှမ်း အကျဉ်းထောင်တွေကနေ အကျဉ်းသား ၇,၁၁၄ ယောက်ကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးပြီး ပြန်လွှတ်ပေး မယ်လို့ စစ်အစိုးရက ကြေညာထားတဲ့အတိုင်း မနေ့က စက်တင်ဘာလ ၁၈ ရက်နေ့ကစလို့ တဖြည်းဖြည်းချင်း ပြန်လွှတ် ပေးနေတာမှာ ဒီနှစ်ရက်အတွင်း ပြန်လွတ်လာတဲ့ အကျဉ်းသားတွေထဲက နိုင်ငံရေး အကျဉ်းသား ၁၀၄ ယောက်ပါတယ်လို့ ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကနေ စာရင်းထုတ်ပြန် ခဲ့ပါတယ်။ ဒီအထဲမှာ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်း တို့လို့၊ အဲန်အယ်လ်ဒီ အဖွဲ့ဝင် လည်းဖြစ်၊ ကဗျာဆရာလည်းဖြစ်တဲ့ မုံရွာအောင်ရှင် တို့လို့၊ ကျောင်းသားခေါင်းဆောင် ကိုအောင်ထွန်းတို့လိုအပြင် Eco Vision ဂျာနယ်က သတင်းထောက် မအိမ့်ခိုင်ဦးနဲ့ ကိုကျော်ကျော်သန့်တို့လို လူတွေလည်း ပါဝင်ကြပါတယ်။

No comments: