Thursday, February 11, 2010

သွားတော့.ဝေရီ

- တစ်ရံတဆစ် မမေ့ပစ်နိုင်
သွေးလျှံချောင်းစီး ဒီခရီးကို
အဆုံးမဲ့လမ်း လှမ်းခဲ့ရတာ
သင်သွားနိုင်ဖို့ပါ ဝေရီ။ ။

- ကုတ်ကတ်တွယ်ရစ် ဘ၀ဖြစ်ဖို့
အသက်တွေပေး မျှော်လင့်ဝေးလဲ
မမြင်သောလမ်း အစဉ်လှမ်းမှာ
သင်သွားနိုင်ဖို့ပါ ဝေရီ။ ။

- ကမ္ဘာတွင်ရစ် ကျွန်အဖြစ်ထက်
မြင့်မြတ်သူပါ ပြုမှာပါဟု
ရည်ရွယ်စိတ်ထား အသွင်တူများနှင့်
ခရီးတစ်လျှောက် အပြီးလျှောက်မှာ
သင်သွားနိုင်ဖို့ပါ ဝေရီ။ ။

- ကြာလဲမမေ့ ပြန်အတိတ်မှာ
တင်းခဲ့အင်အား အရင်းများခဲ့
တစ်ဦးမဟုတ် အထူးရုပ်ကို
မြင်အောင်ပြုစွမ်း လျှောက်လှမ်းပြတာ
သင်သွားနိုင်ဖို့ပါ ဝေရီ။ ။

- ကျန်နှစ်ဆယ့်တစ် ပြန်တွက်စစ်ရင်
အာဏာတန်ခိုး အဖျက်ဆိုးသာ
ပလ္လင်ထက်တင် နန်းရိပ်ဆင်ရွေ့
ပြည့်သွေးမျက်ရည် သောက်ရက်လေသည် ၊

သမိုင်းတစ်လျောက် ခေတ်ဟောင်းပျောက်ရန်
သင့်ရာဘုံဆင်း ငရဲတွင်းသို့
သင်သွားနိုင်ဖို့ပါ ဝေရီ။ ။

ဝေရီ =ရန်သူ (ပါဠိ)

(ရေးသူ - ၀င်းဘားမား)

Wednesday, February 10, 2010

သမိုင်းသင်ခန်းစာ

ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ဆိုတာအမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်
အောင်ဆန်းရဲ့မွေးနေ့ဖြစ်သလိုမြန်မာပြည်ရဲ့ခလေးများနေ့လဲဖြစ်ပါတယ်...
အခုအစိုးရလက်ထက်မှာ ကလေးများနေ့ ကျင်းပတာ မကျင်းပတာအသာ
ထားလို့...အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနဲ့ ခလေးများနေ့
ကိုဂုဏ်ပြုလို့ ဒီစာစုကလေးကိုရေးလိုက်တာပါ............
လွန်ခဲ့တဲ့ ၁၃နှစ်ဝန်းကျင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ၆တန်းကျောင်းသား
ကလေးတစ်ယောက် စကားပြောဖြစ်ခဲ့ပါတယ်..........
(စု )...သားကြီးလာရင်ဘာလုပ်မလဲ
(ခလေး) ...ဆရာဝန်ကြီးလုပ် ...မယ်
(စု) ...စစ်သားကြီးမလုပ်ချင်ဘူးလား
(ခလေး) ...မလုပ်ချင်ဘူး ..စစ်သားတွေကလူတွေကိုသတ်တယ် ..မုန်းတယ်။
(စု) ...စစ်သားတွေထဲမှာလဲကောင်းတဲ့စစ်သားတွေရှိပါတယ်..
သား ဗိုလ်ချုပ်အောင်ဆန်းကိုသိသလား
(ခလေး )...သိတယ် တိုင်းပြည်ရဲ့လွတ်လပ်ရေးဖခင်ကြီးလို့သမိုင်းမှာသင်ရတယ်။
(စု) ...သား ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိဘတွေကိုသိသလား
(ခလေး )...သိတယ် ရှေ့နေဦးဖါ နဲ့မိခင်ဒေါ်စု ..သမိုင်းမှာသင်ရတယ်....
(စု) ...သား ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဖိုးနဲ့ အစ်ကို ကိုသိသလား
(ခလေး) ...သိတယ် ဗိုလ်မင်းရောင် က နယ်ချဲ့ကိုတိုက်ပွဲဝင်တော်လှန်ခဲ့တယ်
အဲဒါကဗိုလ်ချုပ်အောင်ဆန်းရဲ့အဖိုး ..အင်း.....နောက်တယောက်က
ဦးဘ၀င်း ပါ ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကိုဖြစ်ပြီး..ကျဆုံးသွားခဲ့တဲ့
အာဇာနည်ခေါင်းဆောင်ကြီးပါ..သမိုင်းမှာသင်ရပါတယ်...........
(စု)ု ...သား ဗိုလ်ချုပ်နေ၀င်းကိုသိသလား
(ခလေး )...သိတယ် ..ရဲဘော်သုံးကျိပ်ဝင်ဖြစ်ပါတယ် ..သမိုင်းမှာသင်ရတယ်..
(စု )...ဗိုလ်ချုပ်နေ၀င်းရဲ့မိဘတွေကဘယ်သူလဲ ..သားသိသလား..
(ခလေး) ...ဟင့်အင်း မသိဘူး.....သမိုင်းမှာမသင်ရဘူး................
(စု) ...ဗိုလ်ချုပ်နေ၀င်းရဲ့ ဆွေမျိုးတွေကိုသိသလားသား..........
(ခလေး )...မသိပါဘူး..သမိုင်းမှာမသင်ရဘူး................
ဤစာစုကို ဤမျှလောက်နဲ့ပဲရပ်လိုက်တော့မယ်မိတ်ဆွေ...ခလေးရဲ့စကားအဆုံးမှာ
ဘေးကနားထောင်နေတဲ့သူတွေက “ခလေးပြောတာဟုတ်တယ်” ဆိုပြီး..လက်ခုပ်တွေ
တီးလို့ခလေးကိုဂုဏ်ပြုကြတယ်...ခလေးကိုမုန့်တွေလဲကျွေးကြတယ်........
ကဲမိတ်ဆွေ...ဗိုလ်နေ၀င်းနေရာမှာ ..ဗိုလ်သန်းရွှေ ကိုအစားထိုးပြီး အမေးအဖြေ
ဆက်လုပ်လိုက်ကြရအောင်..........

(မောင်အောင်ဌေး)

Thursday, February 4, 2010

မကြာမီ

-သာသနာထွန်းပါရဲ့
ဗုဒ္ဓကိုမမြင်သူ ၊
လူအသွင်ဘီလူးစိတ်နှင့်
အမိုက်မှောင် တောင်ကိုတက်
အာဏာကိုဘ၀ဂ်တင်၊
ပြည်သူကိုဖျက်ချနင်း
သံဃာကိုယဇ်သွင်းလို့
ခွပ်ဒေါင်းကိုအတောင်ချုပ်
တဏှာကိုဟန်လုပ်ဆဲ။

-ဇာတိအထိ
ဗျာတိအတွေ့
မရဏအငွေ့ မှာ၊
တဏှာဟန်ချုပ်ငြိမ်း
ဒီမိုရဲ့အထိန်းကြောင့်
နင်းယဇ်ခံ ဆန်တက်မယ်။

မမြင်သူလူတစု
မြင်သူလူထုရဲ့အောက်မှာ
အဆုံးနိဂုံး ။ ။

( ရေးသူ- ၀င်းဘားမား )