Thursday, April 22, 2010

မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံမှု အမေရိကန် ဆက်လုပ်မည်

22 April 2010.voa News. မြန်မာစစ် အစိုးရနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒကို ရုတ်တရက် ပြောင်းလဲဖို့ အလားအလာ မရှိသေး ဘူးလို့ အမေရိကန် အစိုးရက ပြောလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့ အမေရိကန် နိုင်ငံခြားရေး ဌာနမှာ ပုံမှန်ပြု လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးရုံး ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“ပြောရမယ် ဆိုရင်တော့ မြန်မာနိုင်ငံ ပြဿနာက တနှစ်အတွင်း ဖန်တီးခဲ့တဲ့ ပြဿနာ မဟုတ်ပါဘူး။ ဆိုတော့ တနှစ်တည်း ဖြေရှင်းလို့ ရနိုင်မှာလည်း မဟုတ်ပါဘူး။ ကျနော်တို့ဟာ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒကို အနုလုံ ပဋိလုံ သုံးသပ်ပြီးမှ ထိတွေ့ဆက်ဆံရေး မူဝါဒကို ပြောင်းလဲ ကျင့်သုံးခဲ့တာပါ။ ဒီလို ပြောင်းလဲခဲ့ ရတာဟာ ပွင့်ပွင့် လင်းလင်း ပြောရရင် ဒဏ်ခတ် အရေးယူမှု တခုတည်းနဲ့ ဘာရလဒ်မှ ပေါ်ထွက်မလာလို့ပါပဲ။

“ကျနော်တို့ဟာ မြန်မာအစိုးရနဲ့ အဆင့်မြင့် ဆွေးနွေးမှုတွေ လုပ်ပြီး အကျိုးစီးပွား ဖြစ်ထွန်းရေးနဲ့ စိုးရိမ်ပူပန် စရာတွေကို ကျယ်ကျယ် ပြန့်ပြန့်နဲ့ ရှည်ရှည်လျားလျား ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးမှုတွေကို ဆက်လက် လုပ်ကြရဦးမှာပါ။ ဒါပေမဲ့ ကျနော်တို့ ပြောခဲ့သလိုပါပဲ၊ မြန်မာအစိုးရရဲ့ မကြခင်က လုပ်ရပ်တချို့ကြောင့် ကျနော်တို့ စိတ်ပျက်ခဲ့ ရပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး စိတ်ပျက်ခဲ့ရတာပါ။

“မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။ ဒါတွေကို သူတို့ ပြည်တွင်းမှာ ဖြေရှင်းကြ ရပါလိမ့်မယ်။ မြန်မာ့ လူ့အဖွဲ့အစည်း အစိတ်အပိုင်း အမျိုးမျိုးနဲ့ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးကြ ရပါလိမ့်မယ်။ နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်ခွင့် ရှိသူတွေ၊ ပါဝင်နိုင်သူတွေ ပိုများလာအောင် ဖွင့်ပေးရပါလိမ့်မယ်။”

Wednesday, April 21, 2010

Japan's oldest man celebrates 113th birthday


KYOTO —
Jiroemon Kimura, the oldest living Japanese man, celebrated his 113th birthday Monday together with about a dozen family members at his home in Kyotango, Kyoto Prefecture. Surrounded by his great-grandchildren and great-great-grandchildren, Kimura finished his festive plate of red rice and a grilled sea bream for lunch, and smiled when he was handed a birthday cake. When he was told that the record longevity for a Japanese male is 120, Kimura said ‘‘it might be a little difficult’’ to break the record ‘‘but that makes it all the more worthwhile’’ to try. He likes to watch sumo matches on TV and his favorite wrestler is grand champion Hakuho because his approach to Japan’s national sport is ‘‘sincere,’’ he said. Born on April 19, 1897, Kimura has 25 great-grandchildren and 10 great-great-grandchildren.

စစ်ရေးနဲ့မဖြေရှင်းဖို့ KIA သတိပေး

21 April 2010. VOA NEWS. နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းဖို့ ငြင်းဆိုတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို စစ်အစိုးရက စစ်ရေးနဲ့ နှိမ်နင်း မယ်ဆိုရင် အမှားကြီးမှားလိမ့် မယ်လို့ KIA ခေါင်းဆောင် တွေက ပြောလိုက်ပါတယ်။ KIA အနေနဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ဧပြီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ဖို့ မြန်မာ စစ်အစိုးရက ပြောဆိုထားပါတယ်။ KIOဘက်ကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ပြည်ထောင်စု တပ်မတော်ထဲမှာ တပ်တခု အနေနဲ့ ပါဝင်လိုတဲ့အကြောင်း တုံ့ပြန်ပြောဆိုပါတယ်။

ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIA) ကို နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းဖို့ မြန်မာ စစ်အစိုးရက စတင် ဆွေးနွေးခဲ့ပြီး အကြောင်းပြန်ဖို့ နောက်ဆုံးရက် သတ်မှတ် ပေးခဲ့တဲ့ တနှစ်လောက် ကာလအတွင်း KIA နဲ့ မြန်မာ စစ်အစိုးရ အကြား အနည်းဆုံး ၁၅ ကြိမ်လောက် တွေ့ဆုံ ဆွေးနွေး ခဲ့တယ်လို့ KIA သတင်းရပ်ကွက်က ပြောပါတယ်။ KIA ကတော့ BGF ခေါ် နယ်ခြားစောင့် တပ်အသွင်ပြောင်းရေးကိုလက်မခံဘဲ ပြည်ထောင်စုထဲကတပ်မတော်ထဲမှာရှိတဲ့ တပ်တခု အနေနဲ့သာပြင်ဆင် ဖွဲ့စည်းလိုတဲ့ အကြောင်းတုံ့ပြန်ပြောဆိုပါတယ်။

Sunday, April 18, 2010

မြစ်ဆုံ ရေအားလျှပ်စစ် လုပ်ငန်းခွင် ဗုံးပေါက်ကွဲ

17April 2010.VOA NEWS. ကချင်ပြည်နယ် မြစ်ဆုံ ရေကာတာ တည်ဆောက်ရေး လုပ်ငန်းကို အကောင်အထည် ဖော်နေတဲ့ Asia World ကုမ္ပဏီရုံးမှာ ဒီကနေ့ မနက် အစောပိုင်းက အနည်းဆုံး ဗုံး ၄ လုံးလောက် ဆက်တိုက် ပေါက်ကွဲခဲ့ပြီး အဆောက်အဦးနဲ့ မော်တော်ယာဉ် အချို့ ပျက်ဆီး ခဲ့ပါတယ်။ ဒေသခံတွေကတော့ သေဆုံးထိခိုက်သူတွေ ရှိတယ်လို့ လည်းပြောပါတယ်။ အခုလို ဗုံးတွေ ဆက်တိုက် ပေါက်ကွဲခဲ့တာ ကတော့ ဒီကနေ့ မနက်အစောပိုင်း ၂ နာရီ ၄၅ မိနစ် လောက်မှာ ကချင် ပြည်နယ်တွင်းမှာ ပေါက်ကွဲ ခဲ့တာဖြစ်ပြီး ဒါဟာ ဒီတပတ် အတွင်း မြန်မာပြည်မှာ ဒုတိယ အကြိမ် ပေါက်ကွဲတာလည်း ဖြစ်ပါတယ်။ ဒီလိုပေါက်ကွဲတဲ့ နေရာကတော့ မေခနဲ့မလိခ မြစ်ဆုံဒေသမှာ အခြေစိုက်ပြီး ရေအား လျှပ်စစ် စီမံကိန်းကို တာဝန်ယူ ဆောက်လုပ်နေတဲ့ Asia World ကုမ္ပဏီရုံး အဆောက်အဦမှာ ဖြစ်တယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက် အဖွဲ့က ကိုအောင်ဝါက အခုလိုပြောပါတယ်။

"ကျိန်ခရမ် လုံဂါဆိုတဲ့ နေရာမှာပဲ။ မြစ်ဆုံ ရေကာတာ တည်ဆောက်မယ့် နေရာမှာ တန်ဖဲ အောက်ဖက်မှာ၊ ၆ မိုင်အကွာမှာ ရှိတဲ့နေရာမှာ ဖြစ်တယ်။ Asia World ရုံးရှေ့မှာဖြစ်တယ်။ Asia World ကနေ တာဝန်ယူပြီး မြစ်ဆုံ ရေကာတာ တည်ဆောက် နေတဲ့နေရာ ဖြစ်တယ်။ Asia World ရုံးက နှစ်ထပ် ရှိတဲ့ဟာလည်း ပျက်ဆီးနေပြီ။ အထိအခိုက်တော့ ၁ ယောက်ကနေ ၄ ယောက်အထိ သေတယ်လို့ ကြားနေရတယ်။ ဒဏ်ရာရတာ ၂၀ ကျော်လို့ ကြားနေရပါတယ်။ ဗုံးကတော့ ၃ လုံး အထက်လို့ ပြောနေတယ်။"

ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲ၊ ၉ဦးသေ ၉၄ ဦးဒဏ်ရာရ

15 April 2010 VOA.NWES.မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဒီကနေ့ မွန်းလွဲပိုင်း ၃နာရီ လောက်က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့လို့ လူ ၉ ဦးထက် မနည်း သေဆုံးပြီး ထိခိုက် မှုတွေလည်း ရှိခဲ့ပါတယ်။ မြန်မာ့ရိုးရာ အတာသင်္ကြန် အကြတ်နေ့ အဖြစ် ဆင်နွှဲ နေချိန် မင်္ဂလာ တောင်ညွန့် မြို့နယ် ကန်တော်ကြီး အနီးက X2O ရေကစားမဏ္ဍပ် အနီးမှာ ဗုံး ၃လုံး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ မြန်မာ စစ်အစိုးရရဲ့ သတင်း တွေမှာတော့ လူ ၈ ဦးသေဆုံးပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦး ဖြစ်တယ်လို့ ကြေညာခဲ့သလို ထိခိုက် ဒဏ်ရာရသူ ၉၄ ယောက်အထိ ရှိခဲ့ကြောင်းလည်း ကြေညာပါတယ်။

Friday, April 16, 2010

အတာသင်္ကြန် အတက်နေ့ လည်ပတ် သူများ ဖြင့် ပြန်လည် စည်ကား



သင်္ကြန်အကြတ်နေ့ က ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ် လမ်းရှိ မျှော်စင်ကျွန်း ၀င်ပေါက်အနီး X2O မဏ္ဍပ်အနီးတွင်လက်ပစ်ဗုံး ဟု ယူဆရသည့် ဗုံးသုံးလုံးပေါက်ကွဲမှု ကြောင့် လူ၂၄ ဦးသေဆုံးမှု သည် စစ်အစိုးရ၏ လက်ချက်ဖြစ်သည်ဟု ရန်ကုန် မြို့ ခံ အများစုက ယူဆကြသည်။

ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်၍ မြန်မာ စစ်အစိုးရ ထိန်းချုပ်ထားသည့် ရုပ်သံမှ အဖျက်သမားများ၏ လက်ချက် ဖြစ်သည် ဟု စွပ်ဆွဲထားသော် လည်း နိုင်ငံရေး အရ အကျပ်အတည်း ဆိုက်နေသည့် နအဖ ၏ လက်ချက်သာဖြစ်သည်ဟု ရန်ကုန် မြို့ ခံ တို့ က သုံးသပ်ကြသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ချိန်တွင် X2O မဏ္ဍပ် အနီးရှိနေသူ တစ်ချို့ က တောင့်အေစ် ကား ခဲရောင် အပေါ် (Sunroof)မှ လူနှစ်ယောက် ထွက် လာကာ လက်ပစ်ဗုံး ဟု ယူဆရသည့် အရာများ ပစ်ထည့်ပြီး နောက် ချက်ခြင်းပေါက်ကွဲမှု ဖြစ်သည် ဟု ဆိုသည်။


ထိုသို့ ပစ်ထည့် ပြီးနောက် ထိုကားမှာ သိမ်ဖြူကားမောင်းကွင်း ဘက်သို့ ဦးအောင်မြတ် လမ်းအတိုင်း မောင်းချသွားသည် ဟု မျက်မြင်များကပြောသည်။

ဗုံးပေါက်ကွဲမှု ကြောင့် မဟာသင်္ကြန် နောက်ဆုံးနေ့ ဖြစ်သည့် အတက်နေ့ တွင် ရေပက်ကစားသူ နှင့် လည်ပတ်သူများနည်းပါး သွားသော်လည်း မော်တော်ကားဖြင့်လည်ပတ်သူများ ရှိနေဆဲ ဖြစ်သည်။

ယမန်နေ့ က ဗုံးပေါက်ကွဲမှု ကြောင့် လူနှစ်ဆယ်ကျော်သေဆုံးပြီး တစ်ရာကျော် ဒဏ်ရာပြင်းထန်စွာရရှိသော် လည်း ယနေ့  သင်္ကြန်နောက်ဆုံးနေ့ ဖြစ်သည့် အတက်နေ့ တွင် လည်ပတ်သူများဖြင့် ပြန်လည်စည်ကားလာသည် ဟု သိရသည်။

ယမန်နေ့ က ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူများကို ၀မ်းနည်းသည့် အထိမ်းအမှတ်အဖြစ် လည်ပတ်သူများမှာ အနက်ရောင် ဖက်ရှင်များ ဆင်မြန်းထားကြသည်။

freedomnewsgroup မှအချက်အလက်များကိုကူးယူပါသည်

မြန်မာ နှစ်သစ်ကူး အတာသင်္ကြန် ကာလ အတွင်း ဗုံးပေါက်ကွဲ၍ လူ သုံးဆယ် ကျော် သေဆုံး





(ဗုံးကွဲ မှု မှာ စစ်အစိုးရလက်ချက်ဟုရန်ကုန် မြို့ ခံတို့ သုံးသပ်)ဗုံးမှာ လက်ပစ် ဗုံးသုံးလုံး ဖြင့် လူအုပ်ထဲ သို့ ပစ်ထည့် ခြင်းဖြစ်သည် ဟု မျက်မြင်တွေ့ ရှိသူ တစ်ဦးကပြောသည်။

မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလ ဖြစ်သည့် သင်္ကြန် အကြတ်နေ့ ညနေ သုံးနာရီကျော်အချိန်တွင် ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ်လမ်းရှိ အောက်စီဂျင် ရေကစားမဏ္ဍပ် တွင် ဗုံးသုံးလုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည် ဟု သတင်းရရှိသည်။ဗုံးပေါက်ကွဲမှုကြောင့် လူ ၉ ဦး သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာရရှိသွားသည်။ရန်ကုန် ဆေးရုံကြီး တာဝန်ကျ ဆရာဝန် တစ်ဦးက သေဆုံးသူမှာ နှစ်ဆယ်ကျော်ပြီ ဖြစ်သည် ဟု ပြောသည်။

ဗုံးပေါက်ကွဲခဲ့ရာ X 2 o မဏ္ဍပ် သည် နှစ်စဉ် ရေပက် မဏ္ဍပ် ဆောက်လုပ်သည့် ရန်ကုန် မြို့  ၏ နာမည် ကျော်မ ဏ္ဍပ်တစ်ခုဖြစ်ပြီး ယခင်ကာ အင်လျှားလမ်း တွင် နှစ်စဉ် မဏ္ဍပ် ပြုလုပ်ခဲ့သည်။ယခုနှစ် ကန်ပတ် လမ်းတွင် ဆောက် လုပ်သည့်မဏ္ဍပ် များ ဉ် လည်း အကြီးဆုံးဖြစ်သည်။
ထိုသို့ ဗုံးပေါက်ကွဲ ခြင်းသည် နေပြည်တော် သင်္ကြန် စည်ကားမှု မရှိပဲ ရန်ကုန် သင်္ကြန် အလွန် စည်ကားခြင်းကို မနာလို ဖြစ်သည့် စစ်ခေါင်းဆောင် များက ဗုံးဖောက်ခွဲရန် စီစဉ်ခြင်း ဖြစ်သည် ဟု ရန်ကုန် မြို့ ခံတို့ ကပြောကြသည်။
ဗုံးပေါက်ကွဲပြီး နောက်ပိုင်း တွင် ရဲတပ်ဖွဲ့ ဝင်များက X2o မဏ္ဍပ် အနီးရှိ ရေကစား နေသူ အချို့ နှင့် ၀မ်းရေးအတွက်အသက်မွေးနေ သူ အချို့ ကို လိုက်လံ ဖမ်းဆီးသည် ဟု သိရသည်။
ဗုံးပေါက်ကွဲ မှု သတင်း အား မြန်မာ့ ရုပ်မြင်သံကြားမှ ညနေ ခြောက်နာရီတွင် ကြားဖြတ် သတင်း လွှင့်ထုတ်သွားခဲ့သည်။ဗုံးပေါက်ကွဲ မှုကြောင့် မင်္ဂလာ တောင်ညွှန့်  မယက ဥက္ကဌ နှင့် ဒုရဲ အုပ် တစ်ဦး ပြင်းထန် စွာ ထိခိုက် ဒဏ်ရာရရှိသွားသည်။
ဗုံးပေါက်ကွဲ မှု မတိုင်ခင် တစ်ရက် အလို သင်္ကြန် အကျနေ့ ညနေကတည်းက ရန်ကုန် ဆေးရုံကြီး ရှိ လူနာဆောင်များ နှင့်အရေးပေါ်ကုသခန်းများ အား အာဏာပိုင်များက ရှင်းလင်း ထားခိုင်းသဖြင့် ဆေးရုံကြီး ဆရာဝန် အချို့ က ထို ဗုံးပေါက်ကွဲမှု မှာ စစ်အစိုးရ ၏ လက်ချက် ဟု ယူဆကြသည်။
ဗုံးပေါက်ကွဲပြီးနောက် မင်္ဂလာတောင်ညွှန့် မျှော်စင်ကျွန်း ၀င်ပေါက် လမ်းဆုံမှ နေ၍ ဦးထောင်ဗိုလ် အ၀ိုင်းထိ လမ်းများပိတ်ထားသည် ။ဗုံးပေါက်ကွဲမှုကြောင့် ကန်ပတ် လမ်းတွင် ရေကစားနေ သူ တို့ မှာ ကမ္ဘာပျက်မတတ် ဖြစ်သွားခဲ့သည်။
ဗုံးကွဲမှုကြောင့် သေဆုံးသူ နှင့် ထိခိုက်ဒဏ်ရာရသူ များမှာ မိန်းကလေး အများစု ဖြစ်သည်

freedomnewsgroup မှအချက်အလက်များကိုကူးယူပါသည်

Tuesday, April 13, 2010

Myanmar election a total farce

It seems the military junta in Myanmar (Burma) will not listen to anything the opposition says, and has every intention of rushing into the planned general election as things stand. This is no time for the administration of Prime Minister Yukio Hatoyama to be sitting idly by.
The election will be the first in two decades, but Myanmar's largest opposition party, the National League for Democracy (NLD), has announced it would boycott the poll.
This is mainly because democracy movement leader Aung San Suu Kyi is not allowed to take part in the election.
The opposition party said it made a voluntary decision in response to Suu Kyi's call, but in reality it was the military junta that drove the party to such a state.
The military regime banned the electoral participation of those married to foreign nationals, or those being imprisoned. Even if she were to be released from house arrest, it is now impossible for Suu Kyi to take part in the general election.
The NLD's boycott must have been just what the junta wanted. The junta's plan seems to be to create many pro-junta parties that include "opposition groups" by early May, the deadline for party registration. Under that scenario, the junta would easily win the general election expected in October.
Of course, such a general election will be nothing more than a complete farce.
The junta fears that if a free election is held with the NLD participating, there will be a nationwide popular revolt against the military dictatorship. The fact that the junta is so afraid of such an outcome is tantamount to a confession of just how empty and vacuous its power actually is.
To begin with, the rules of this general election are full of holes. In the two houses of the bicameral legislature, a quarter each of the seats are to be given to members of the military. And the president, chosen by the legislature, must effectively be from the military ranks, past or present.
If the military regime truly seeks stability and prosperity of its country, then it should immediately resume dialogue with Suu Kyi and open the path toward the NLD's participation in the general election. The NLD is also in danger of disbanding. We hope the party will reconsider its future strategy.
That is why pressure from the international community will be even more important.
During the Cold War, Western countries supported even dictatorships as long as they claimed to be "anti-communist." Now that this ideology-based, East-West bloc conflict has dissipated, the international community should stop turning a blind eye toward the unreasonable behavior of a dictatorial regime.
Still, there remain countries that support the junta. China is highly responsible in this regard. It is increasing its support of the Myanmar junta with things like the construction of natural gas pipelines.
If China seeks to gain political influence commensurate with its rising economic presence in the international community, it should not be helping to prolong the lifespan of the junta.
With far more vigor than Liberal Democratic Party-led governments, the Hatoyama administration has demanded Myanmar hold fair and free elections, but with no results. The administration needs to take stronger action, such as intensifying talks with Southeast Asian countries and China, or actually sending Foreign Minister Katsuya Okada there.
A sham general election will only drive the country further away from democracy. For the 50 million people whose liberty has been stripped by the junta, such an outcome will be just too cruel.

The Asahi Shimbun, April 12
http://www.asahi.com/english/TKY201004110137.html

Monday, April 12, 2010

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် ဆေးရုံကြီး တွင် အရေးပေါ် တက်ရောက် ဆေးကုသခံရ

April 12, 2010 ။ယနေ့  တနင်္ဂနွေနေ့ ည မြန်မာ စံတော်ချိန် ၉း၂၀ အချိန်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အားရန်ကုန်ဆေးရုံကြီး သို့အရေးပေါ်၄၅ မိနစ်ခန့် တက်ရောက်ကုသခံလိုက်ရသည်ဟုသတင်းရရှိသည်။ သူမ၏ စိုးရမ်ဖွယ်ရာ နှလုံးရောဂါ အခြေအနေကြောင့် ဆေးရုံ သို့ တက်ရောက် ကုသခံရခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ၏ ရှေ့ နေ တစ်ဦးဖြစ်သူ ဦးဥာဏ်ဝင်းက အေအက်(ဖ)ပီ သတင်းဌာန ကိုပြောသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ရေဓာတ် ခမ်းခြောက်သည့် ရောဂါ လည်းရှိပြီး သူမ၏နှလုံး အခြေအနေမှာ လည်းစိုးရိမ် ဖွယ်ရာဖြစ်သည် ဟု ရန်ကုန် မှာ လာသည့် အေပီ သတင်းတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် သည် အစာအိမ် ရောဂါ လည်းရှိကာ ယခင် သီတင်းပတ် အတွင်း သူမ၏ ဆရာဝန်ဖြစ်သူ ဒေါက်တာ တင်မျိုးဝင်း နှင့် နှစ်ကြိမ် ကုသခံ ခဲ့ရသည်၊ ပြီးခဲ့သည့် ကြာသပတေးနေ့ က ဒုတိယအကြိမ် တွင် မူ ECG စက်များပါ သယ်ဆောင် သွားရသည် ဟု သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည် သည်နေအိမ် သို့ ည၁၀ နာရီ မိနစ် ၂၀တွင် ပြန်လည် ရောက်ရှိသည်၊ သူမအား လုံခြုံရေး အစောင့်အကျပ် ထူထပ်စွာဖြင့် ဆေးရုံ သို့ ပို့ဆောင် ခဲ့ခြင်းဖြစ်သည်။ ရန်ကုန် ဆေးရုံကြီးရှိ နှလုံးအထူးကု ဌာနတွင် တက်ရောက် ကုသခံနေစဉ် အချိန်တွင်း လည်း လုံခြုံရေးများ ထူထပ်စွာ ချထားသည် ဟု မျက်မြင်တွေ့ရှိ သူ ဆရာဝန်ကြီး တစ်ဦးက Freedom News Group သို့ ပြောသည်။

freedomnewsgroup.com မှကူးယူဖေါ်ပြပါသည်

Saturday, April 10, 2010

ယုံကြည်မှုအရအပ်နှံခြင်း၏နောက်

လောကကြီးမှာမမှားသောရှေ့နေ၊မသေသောဆေးသမားဆိုတဲ့စကားပုံရှိတယ်ဆိုပေမဲ့၊ဒီကနေ့ဂလိုဘယ်လိုင်ဇေးရှင်းခေတ်ကြီးမှာ ဆေးဆရာမှားသောကြောင့်လူနာသေဆိုတာတွေကျယ်ကျယ်လောင်လောင်ကြားလာရပါတယ်...သေနေ့စေ့နေတဲ့လူနာကိုသွားကုမိတော့
ဆရာဝန်နာမည်ပျက်တာပေါ့လို့ပြောလို့ရပေမဲ့..တကယ်သေနေ့မစေ့ပဲ မသေသင့်တဲ့လူနာသေခဲ့ရတဲ့ဖြစ်ရပ်ဂျပန်မှာဖြစ်ပေါ်ခဲ့ပါသော်ကောဗျာ....... လူုနာသေဆုံးခဲ့တာက ၂၀၀၆ ခုနှစ်ကဖြစ်ပြီး..မနှစ်က ရွှေဂုံတိုင်အထူးကုဆေးခန်းမှာ မခိုင်ရွှန်းလဲ့ရည် ဆုံးပါးသွားအောင်ခွဲစိတ်ပေးခဲ့တဲ့ ရွှေနိုင်ငံတော်ကဆရာဝန်နဲ့ လုပ်ကိုင်ပုံလေးတွေတူနေတာကိုတွေ့လိုက်ရတယ်ခင်ဗျ...

ဇာတ်လမ်းကဒီလိုပါတဲ့........ Nara ခရိုင်Yamatokoriyama မြို့ကနှလုံးသွေးကြောရောဂါအထူးကု ဆရာဝန် Fumio Yamamoto (၅၂နှစ်)နဲ့အတူ အဆုတ်ခွဲစိတ်ဆရာဝန်YasukihoTsumamoto (၅၄နှစ်)တို့ဟာ ၂၀၀၆ ဇွန်လ ၁၆ ရက်နေ့မှာ အသက် ၅၁ နှစ်အရွယ်ရှိ လူနာတယောက်ကို၊အသည်းမှာရှိနေတဲ့အကြိတ်တခုကိုခွဲစိတ်ကုသခဲ့ကြတယ်တဲ့...ခွဲစိတ်ကုသမယ်ဆိုပေမဲ့လည်း လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေ သွေးသွင်းဘို့တွေကအစ ဘာမှသေသေချာချာမလုပ်ခဲ့ဘူးဆိုပဲ..တူလိုက်တာနော်ရွှေနိုင်ငံတော်ကဆရာဝန်နဲ့တူတာမှတထပ်တည်းပဲ...အသည်းကိုခွဲစိတ်တာကိုတောင် “ဒါလွယ်လွယ်လေးပါ”လို့ပြောသေးတယ်တဲ့..... တကယ်ဆို ဒီလိုခွဲစိတ်မှုမျိုးအတွက် ဆရာဝန် ၇ယောက် ဂယောက် ထက်မ
နဲပါဝင်ရမှာဖြစ်ပြီး၊သွေး ၂လီတာလောက်ကိုလဲလိုအပ်ရင်သွင်းဘို့အရန်သင့်ဆောင်ထားရပါလိမ့်မယ်..
သာမန်ဝမ်းခေါင်းပိုင်းဆိုင်ရာရောဂါခွဲစိတ်ဘို့အတွက်ဆိုရင် သွေးတစ်လီတာခွဲလောက်နဲ့အဆင်ပြေနိုင်ပေမဲ့ အသည်းကျတော့ သွေးကြောတွေအလွန်များလို့ လိုအပ်တာနဲ့ ဟောကနဲ..ဟောကနဲ သွင်းပေးနိုင်အောင် ပိုပြီးဆောင်ထားရတာဖြစ်ပါတယ်.... ခွဲစိတ်ဆရာဝန်ရဲ့တာဝန်ယူမှုကင်းမဲ့တာကတော့သြချလောက်ပါရဲ့ဗျာ ..လူနာကိုခွဲစိတ်ဖြတ်တောက် ပြန်ချုပ်ပေးပြီးကတည်းကနေထွက်သွားလိုက်တာ.....လုနာကသွေးထွက်လွန်ပြီး ဖုတ်လှိုက် ဖုတ်လှိုက်ဖြစ်လာလို့ သူနာပြုကပဲ ကြက်ခြေနီသွေးလှူဘဏ်ကိုဖုန်းဆက် ..သွေးသွင်း ..သူလုပ်နိုင်သလောက်လုပ်ပေးခဲ့ပေမဲ့...ဟုတ်ကဲ့ ၀မ်းနည်းစရာပါ ..လူနာခမျာခွဲစိတ်ပြီး လေးနာရီခွဲအကြာမှာ ဆုံးပါးသွားခဲ့ရှာပါတယ်..... လူနာသွေးထွက်လွန်ချိန်မှာ သူနာပြုက ဆရာဝန်ထံကိုဖုန်းဆက်ပြီး လူနာရဲ့အခြေအနေမကောင်းကြောင်းပြောဘို့ကြိုးစားပေမဲ့ ဆရာသမားကဖုန်းမကိုင်ဘူးဆိုပဲရွှေနိုင်ငံတော်ကဆရာဝန်အချို့နဲ့သိပ်မကွာဘူးနော်..ရွှေမြိုင်အောင် တို့ဒေသစကားနဲ့ဆို “တူမှတူ..တူမှတူပဲကွယ့်”လို့ဆိုတာမျိုးပေါ့.....

ဆေးရုံကနေသေတမ်းစာထုတ်တဲ့အသုံးအနှုန်းကလဲတူနေပြန်ရောဗျို့..ဘယ်လိုတူသလဲဆိုတော့ သေဆုံးသူလူနာရှင် မိဘတွေကို လူနာဟာနှလုံးရောဂါရှိလို့နှလုံးရှော့ဖြစ်ပြီးသေရတာ လို့အကြောင်းပြန်ပါတယ်..တူတယ်ဟုတ် ....ဒါပေမဲ့စုံစမ်းစစ်ဆေးမှုတွေအရ လူနာဟာခွဲစိတ်ကုသခံရမှုကြောင့်သေဆုံးခဲ့ရတာဖြစ်ပြီး..အသည်းမှာအကြိတ်ဖြစ်နေတာမှန်ပေမဲ့ ကျွမ်းကျင်မှုမရှိတာကြောင့် အသည်းရဲ့သွေးပြန်ကြောကိုထိခိုက်မိကာ သွေးထွက်လွန်ပြီးသေဆုံးခဲ့ရတာဖြစ်တယ်လို့အဖြေထွက်ပါတယ်..... Yamamoto ကသူ့မှာအပြစ်မရှိဘူးလို့ငြင်းနေပေမဲ့နောက်တဦးဖြစ်တဲ့Tsukamoto ကတော့အပြစ်ရှိကြောင်းဝန်ခံပါတယ် ..ဒီနှစ်ဇန်နာဝါရီလထဲမှာ Nara ခရိုင်တရားရုံးက Yamamoto ကို၂၀၀၅ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်း လုမှုရေးအသင်းတခုကနေ ဂျပန်ယန်းငွေ ၈.၃ သန်းကိုကလိမ်ကကျစ်ကျတဲ့အမှုနဲ့ထောင်ဒဏ် ၂နှစ်ခွဲချမှတ်ခဲ့ပေမဲ့လဲ ငိုပြအသနားခံလို့ ဇန်နာဝါရီလ ၁၈ ရက်နေ့ကအာမခံနဲ့လွှတ်ပေးထားရာကအခုလိုပြန်ဖမ်းခဲ့တာဖြစ်သတဲ့..... ဇာတ်လမ်းလေးဆက်လိုက်ကြရအောင်...ဒီလိုဆိုရင် ရွှေမြိုင်အောင်တို့ရဲ့ ရွှေနိုင်ငံတော်ကြီးမှာ ဆေးကောင်စီက ပတ်သက်ခဲ့တဲ့ဆရာဝန်ကိုအမြန်စစ်ဆေး..ဆ.မ လက်မှတ်ကို ၅နှစ်သိမ်းဆိုတဲ့ပြစ်ဒဏ်ကိုမြန်မြန်ဆန်ဆန်ချမှတ်ခဲ့တာပဲရှိခဲ့ပြီး ဖမ်းဆီးချုပ်နှောင်တာမျိုးမရှိခဲ့ပါဘူး...သူ့နိုင်ငံသူ့ဥပဒေပေါ့ဗျာလို့ပြောချင်သပဆိုပြောလို့ရပါတယ်..ဂျပန်မှာ ၂၀၀၆ ကဖြစ်ခဲ့တဲ့အဲဒီကိစ္စကို အခုမှရဲကစပြီးဖမ်းတုန်းရှိသေးတယ်..
အမှုရဲ့နောက်ဆုံး ဆုံးဖြတ်ချက်ဟာဘယ်လိုရှိမယ်ဆိုတာအခုချိန်မှာမသိနိုင်သေးဘူးပေါ့နော်.....

ဘာပဲပြောပြော ဆရာဝန်ဆိုတဲ့သမား အပေါ်ယုံကြည်မှုအရ ၊ရောဂါပျောက်ကင်းလိုတဲ့အတွက် မိမိခန္ဒာကိုယ်ကို အပ်နှံမိတဲ့လူနာကို ဒီလိုဖြစ်စေတာက..ယုံကြည်မှုကိုအလွဲသုံးစားလုပ်တာရယ်..လူတယောက်ရဲ့အသက်ကိုဆုံးပါးစေတာရယ်ဖြစ်လေတော့ ဂျပန်မှာဥပဒေအတိုင်းဆို ထောင်ကျဘို့ရာခိုင်နှုန်းများတယ်လို့ ပွစိပွစိပြောသံတွေကြားရပါတယ်.....
ရွှေနိုင်ငံတော်ရဲ့ ရွှေဂုံတိုင်အထူးကုဆေးခန်းပိုင်ရှင်များက သေဆုံးသူ မခိုင်ရွှန်းလဲ့ရည် ရဲ့မိသားစုကိုတောင်းပန်ခဲ့ပြီး ငွေကြေးအချို့နဲ့လျှော်ကြေးပေးကာသုတို့ရဲ့ဆေးခန်းမှာလုနာ
တွေဝင်လာမစဲတသဲသဲ ဆက်လက်ဖြစ်နေပေမဲ့ ..
ဂျပန်ကအဲဒီဆေးရုံကတော့ လူယုံကြည်မှုကင်းမဲ့သွားတဲ့နောက်....
ဒေ၀ါလီခံဘို့ပြင်ဆင်နေကြောင်းပါတဲ့ခင်ဗျား.....

( ရွှေမြိုင်အောင်)

ဧပြီလထုတ် မိုးသောက်ကြယ်ဂျာနယ်(ဂျပန်)မှဆောင်းပါးကိုကူးယူဖေါ်ပြပါသည်

ရန်ကုန်မြို့တော်တွင် ရှေးဟောင်း အဆာက်အအုံများ ပြန်လည်ပြုပြင်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း နှစ်ရာချီ သက်တမ်းရှိသော ရှေးဟောင်း အဆောက်အအုံများကို ဖြိုဖျက်ခြင်း မပြုဘဲ မူလပုံစံ အနေအထား မပျက်ပြုပြင် ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ( YCDC၏အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ ရန်ကုန်မြို့တော်တွင် ရှေးဟောင်း အဆာက်အအုံပေါင်း ၁၈၉ လုံးရှိကြောင်း၊ နှစ် ၈၀ အထက် ကြာမြင့်ပြီး အထင်ကရ ဖြစ်သော နေရာများကို ရှေးဟောင်းအဖြစ် သတ်မှတ်ထားကာ ယင်းအဆောက်အအုံများ အပါအဝင် ရွှေတိဂုံ စေတီတော်နှင့် စေတီပုထိုးများ၊ ဘုရား၊ ကျောင်း၊ သာသနိက အဆောက်အအုံများ၊ ရုပ်ပွားတော်များ၊ရန်ကုန်ဆေးရုံကြီး စသည်တို့ ပါဝင်ကြောင်း YCDC အင်ဂျင်နီယာဌာန (အဆောက် အအုံ) ၏ မှတ်တမ်းများအရ သိရသည်။ ရှေးဟောင်း အဆောက်အအုံ များမှာ ရှားပါးသည့် ရတနာပစ္စည်း များကဲ့သို့ တန်ဖိုးရှိသဖြင့် ထိန်းသိမ်း တတ်ရန် အရေးကြီးကြောင်း၊ လူအများ ဝင်ထွက် သွားလာနေသည့် ရှေးဟောင်း အဆောက်အအုံ အချို့ကို ပြန်လည် မွမ်းမံပြင်ဆင်၍ ကြံ့ခိုင်မှုရှိ အောင် ဆောင်ရွက် သင့်ကြောင်း၂၀၁၀ခုနှစ် ဧပြီ၁၂ရက် နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ (ခေတ်လူငယ်)။

Friday, April 9, 2010

ရွေးကောက်ပွဲရက်ကို နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း မပြောနိုင်။

VOA NEWS. ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ဧပြီလ ၈ ရက် ကြာသပတေးနေ့က စတင် ကျင်းပတဲ့ နှစ်ရက်ကြာ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) ထိပ်သီး အစည်းအဝေး အတွင်း မြန်မာနိုင်ငံမှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေ ကိစ္စနဲ့ ပတ်သက်လို့ ပြောဆို ဆွေးနွေးခဲ့ကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ထူးထူးခြားခြား ဝေဖန်ပြောဆိုတာတွေ၊ ဆုံးဖြတ်ချက် ချမှတ်တာတွေတော့ မတွေ့ရသေးပါဘူး။

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး ထိပ်သီး အစည်းအဝေး မတိုင်ခင်တုန်းက သံသယစွက်တဲ့ လေသံနဲ့ ခပ်ထန်ထန် ဝေဖန်ပြောဆိုခဲ့ဖူးတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့ဟာ အစည်းအဝေးအတွင်းမှာ တကယ်တမ်း ပြောဆိုကြပြီးတဲ့ အခါမှာ တော့ အရင်က လေသံတွေတောင်မှ ပြောင်းသွားတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ် (Kasit Piromya) က
“မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေသက်သက် မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ အာဆီယံ ၁၀ နိုင်ငံစလုံးက လူ့အခွင့်အရေး အခြေအနေ အားလုံးကိုက မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်တို့ အားလုံးဟာ ပြည့်ဝတဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွေ မဟုတ်ကြသေးပါဘူး။ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။” အစည်းအဝေးထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဘာမှ ပြောဆိုခဲ့ကြပုံတော့ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ရပ်တည်ချက်ကတော့ တကယ့်ကိုရှင်းလင်းပြီး သူ့ကို လွှတ်ပေးသင့်တယ် ဆိုတာ သိသာပါတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေတွေကို ထုတ်ပြန်ကြေညာထားပြီး ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရမယ့် ကာလကန့်သတ် ချက်ကို တိတိကျကျ ပြောထားပေမဲ့ ရွေးကောက်ပွဲကို ဘယ်တော့ ကျင်းပမယ် ဆိုတာတော့ ခုချိန်ထိတိတိကျကျ မကြေ ညာသေးပါဘူး။ ဒါ့ကြောင့်လဲဒီကိစ္စဟာ အများကစိတ်ဝင်တစားရှိနေကြတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းကို မြန်မာစစ် အစိုးရ နိုင်ငံခြား ရေးဝန်ကြီး ဦးဉာဏ်ဝင်းက ရှောင်လွှဲပြီး ဖြေသွားခဲ့ ပါတယ်။ “ဒီကိစ္စက ရွေးကောက်ပွဲ ကော်မရှင်ပေါ်မှာမူတည် ပါတယ်။ ကျနော်က နိုင်ငံခြားရေးဝန်ကြီး သက်သက်ပါ။ ရွေးကောက်ပွဲရက်ကို ကျနော်ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ ကော်မရှင်က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။”

မဂ္ဂနာမာဆဲ (သို့မဟုတ်) ကျိန်စာသင့်ခဲ့ဖူးသည့်ရွာ

ရွာရဲ့ အမည်က ခပ်ဆန်းဆန်း။ မက်ဂ္ဂနာမာဆဲ တဲ့။ အမည်က အင်္ဂလိပ်မဆန်လှ။ အိမ်ခြေကတော့ ငါးရာ လောက် ရှိမည်။ အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း ကွန်းဝေါဆိုသော အရပ်က တံငါရွာလေး ဖြစ်သည်။ တံငါရွာ ဆိုသော်လည်း စုတ်စုတ်ဖတ်ဖတ် မဟုတ်။ အင်္ဂလိပ် ကျေးလက်ပုံစံ ဆောက်ထားသော အိမ်များကား ကြည့်၍ ကောင်းလှသည်။ အဝေးမှ ကြည့်ပါက ပန်းချီကား တချပ်သဖွယ်။ ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော တိုင်တွေ ထိုးထိုးထောင်ထောင်နှင့် ဖြူနီဝါပြာ အရောင်စုံလှသည့် ငါးဖမ်းစက်လှေ များကလည်း နောက်ထပ် ပန်းချီ ကား တချပ်ဟုဆိုလျှင် မမှား။ အင်္ဂလန်မှာ ရောက်နေတုံး ဘဇော် မဂ္ဂနာမာဆဲကို လာလည်ရသည့် အကြောင်းက သည်လိုဖြစ်သည်။

ဘဇော် ငယ်ငယ်တုံးကတည်းက သည်ရွာအကြောင်း မကြာခဏကြားခဲ့ဖူးသည်။ သူငယ်ချင်းဖြစ်သူ ကောင်းဇံ၏ အဖိုးထံမှ ဖြစ်သည်။ အဖိုးကြီး၏ နာမည်က ဦးကျော်ဖြူဟုခေါ်သည်။ ထိုအဖိုးကြီးသည် ဒုတိယကမ္ဘာစစ် မဖြစ် ခင် စစ်ကြိုခေတ်က အင်္ဂလန်နိုင်ငံမှာ ပညာသင် ခဲ့ဖူးသည်။ ဘဇော် စတွေ့ဖူးသည့် အချိန်က ဦးကျော်ဖြူ ပင်စင် ယူပြီး ခါစဖြစ်သည်။ အခြား ပင်စင်စားများလို ဘုရားကျောင်းကန် သွား သည်ကို မတွေ့ရ။ တချိန်လုံး အိမ်တွင် ပန်းချီဆွဲ နေလေ့ရှိသည်။ "ဒီလိုကွဲ့ ॥ အဲသည့် ရွာကို အဖိုးရောက်သွားတဲ့ အကြောင်းက ပန်းချီဆွဲ ချင်လို့။ အဖိုးတို့စာသင်နေတဲ့ တက္ကသိုလ်က ပန်းချီဝါသနာရှင် ဆရာတွေက ပြောလို့။ ဆမ်းမားလို့ ခေါ်တဲ့ အင်္ဂလိပ်နွေရာသီမှာ ပန်းချီ ဆရာ တော်တော် များများဟာ အဲသည့်တောင်ပိုင်း ကွန်းဝေါနယ်ထဲက ပင်လယ်စပ် ရွာတွေမှာဆင်းပြီး ပန်းချီ ရေးကြ တယ်။ ဘာဖြစ်လို့ တုန်းဆိုတော့ ပန်းချီဆရာတွေ သိပ်လိုချင်တဲ့ နေရောင်ခြည်မျိုး အလင်းရောင်မျိုးကို အဲသည့် အရပ်မှာ နွေဆိုရင် ရလို့တဲ့ကွ။ သူတို့ အယူ အဆပေါ့ကွာ။ ဒါနဲ့ တနှစ်နွေကျောင်းပိတ်တော့ အတန်းဖော် သူငယ်ချင်း အင်္ဂလိပ်က အဖေါ်စပ်လို့ အဲသည့်ရွာကို ပန်းချီဆွဲဖို့ ရောက်သွား ကြတာ" အတိတ်က ကျောင်းသား ဘဝကိုလွမ်းမောသည့် ဟန်ဖြင့် ဦးကျော်ဖြူက ဆိုသည်။

သူတို့ရောက်သွားသည့် အချိန်တွင် မဂ္ဂနာမာဆဲရွာ၌ မြို့ကဆင်းလာသည့် ပန်းချီဆရာဆို၍ သူတို့နှစ်ဦးသာ ရှိသည်။ ဘာကြောင့်များ ပါလိမ့်။ ကွန်းဝေါနယ်ထဲက အခြားရွာများတွင် နွေကာလ၌ လန်ဒန်အပါအဝင် အခြား မြို့ကြီးများမှ ဆင်းလာသည့် နာမည်ကြီး ပန်းချီ ဆရာများ၊ နာမည်မရသေးသော ပန်းချီဆရာများ၊ ပန်းချီဆရာ ပေါက်စများ လက်သင်များ ပေါင်းစုံတို့ဖြင့် ရှုတ်ရှက်ခတ်နေသည်။ သို့သော် မဂ္ဂနာမာဆဲ၌ လူစိမ်းဆိုလို့ သူတို့နှစ်ဦးသာ။ ရွာခံလူများ ကလည်း သူတို့ကို အထူးအဆန်း ဖြစ်နေကြသည်။ ဦးကျော်ဖြူ၏ အတန်းဖော် အင်္ဂလိပ် ကျောင်းသား၏ အဆိုအရ ဘယ် ပန်းချီဆရာမှ မသွားကြသော ရွာဖြစ်နေ၍ နေရေးစားရေး ဈေးသက် သာသည်။ ထိုအချက်က ပိုက်ဆံကို အမြဲတွက်နေရ သော သူတို့လို ကျောင်းသားပန်းချီရူးများ အတွက်လည်း အဓိကဖြစ်နေသည်။

ထိုရွာတွင် ဦးကျော်ဖြူနှင့် သူ၏သူငယ်ချင်းတို့ တလခန့်နေ၍ ပန်းချီဆွဲခဲ့ကြသည်။ ထိုတလအတွင်း ရွာခံလူများ နှင့်လည်း အတော်ကြီး ခင်မင်သွားခဲ့ကြသည်။ ဦးကျော်ဖြူတို့ ရောက်ခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်း (၇ဝ) ကျော် က မဂ္ဂနာမာဆဲသည် အိမ်ခြေအားဖြင့် လေး ဆယ်တောင် မရှိသေး။ ရွာထဲတွင်လည်း ပတ်(ဘ်)ဟုခေါ်သည့် အင်္ဂလိပ်ရိုးရာ အရက်ဆိုင်က တဆိုင်တည်းသာ ရှိသည်။ နေ့အလင်း ရောင် ကုန်၍ ပန်းချီဆွဲခြင်းကို ရပ်နားပြီး တိုင်း ထိုအရက်ဆိုင်၌ သူငယ်ချင်း နှစ်ယောက် ဝင်ထိုင်ကာ အေး (လ်) ဟု ခေါ်သော အင်္ဂလိပ် ရိုးရာ ဘီယာ တမျိုးကို မှာသောက်ရင်း ရွာခံတံငါသည်များနှင့် စကားလက်ဆုံ ကြလေ့ရှိသည်။ ဘဇော်နှင့် ကောင်းဇံက "အဖိုး တခြား ပန်းချီဆရာတွေက အဲသည့်ရွာကို ဘာဖြစ်လို့ မသွားကြတာလဲ" ဟုစပ်စု သည်။ ထိုအခါ ဦးကျော်ဖြူက "အင်း ... အဲသည့်ရွာဟာ ကျိန်စာ သင့်နေတယ်လို့ ကွန်းဝေါနယ်က လူတွေက ယူဆထား လို့ကွ။ ဒါ့အပြင် ရွာသားတွေ ကလည်း စရိုက်အလွန် ဆိုးတယ်လို့ ပြောကြတယ်။ နယ်ခံတွေတောင် အရောင်းအဝယ် ကိစ္စမျိုး က လွဲလို့ မဂ္ဂနာမာဆဲဖက်ကို သွားလေ့ သွားထ မရှိကြဘူး။ အေး ဘာဖြစ်လို့ ကျိန်စာသင့်နေ တဲ့ ရွာလို့ ခေါ်တာတုံး ဆိုတာက ဒီလိုကွ ငါ့မြေးတို့ရဲ့"။

ကွန်းဝေါအရပ် တကြောရှိ ရွာများအား ရှေးတုံးက စပိန်ပင်လယ်ဓားပြများက လစ်ရင်လစ်သလို ဝင်ရောက်၍ တိုက်ခိုက် လုယက်ကြ သည်။ နောက်ပိုင်းတွင် စပိန်ပင်လယ်ဓားပြတချို့ မဂ္ဂနာမာဆဲ ဖြစ်လာမည့် နေရာတွင် ဒေသခံ အမျိုးသမီးများ နှင့် ယူ၍ အခြေချခဲ့ သည်ဟု ဆိုသည်။ သို့သော် တခါ၌ သရောကြီးခိုင်း၍ တရွာလုံးနီးပါး သေဆုံးခဲ့ ဘူးသည်။ နောက်တချီကတော့ လွန်ခဲ့သော နှစ်ပေါင်း သုံးရာခန့်မှစ၍ ပင်လယ်ဓားပြ ဖြစ်ခဲ့ဘူးဟန်တူသော အိုင်းရစ်လူမျိုး တဦး ဦးဆောင်သည့် အုပ်စုတစု ရောက်လာကာ နဂိုလက်ကျန် စပိန်နွယ်ဖွားများနှင့် ပေါင်း၍ အခြေခြပြန်သည်။ ထိုဦးဆောင်သူ အိုင်းရစ်လူမျိုး အမည်က မဂ္ဂိုင်းယားဟု ခေါ်သည်။ ထိုသူတို့က စပိန် ဓားပြများ၏ နေရာဟောင်း တွင် ရွာထပ်တည်၍ စတင် အခြေခြသည့် နောက်ပိုင်းမှစ၍ ထိုနေရာအား မဂ္ဂနာမာဆဲရွာဟု ခေါ်ဝေါ်ခဲ့ ကြသည်မှာ ယခုတိုင်ဖြစ်သည်။ မဂ္ဂနာမာဆဲ ရွာသားများသည် တံငါသည်လုပ်ငန်းဖြင့် အသက်မွေးကြသည်။ သို့သော် စရိုက်ကြမ်းစရိုက် ဆိုးသော ပင်လယ်ဓားပြ အဆက်အနွယ်များ ဖြစ်သောကြောင့် ငွေရမည်ဆိုပါက မဟုတ်တာ အကုန်လုပ်သည် ဟုလည်း အခြားရွာများမှ စွပ်စွဲကြသည်။

အဖိုးဦးကျော်ဖြူက သည်လိုရှင်းပြ၏။ "လှိုင်းလေထန်လေ့ရှိတဲ့ ရာသီတွေမှာဆိုရင်တဲ့၊ ညအချိန် ရွာဘေးက တောင်ကုန်း လေးပေါ်မှာ ရွာသားတွေက မီးပြတိုက်အတု သဘောမျိုး လုပ်ပြီး မီးပြတယ်လို့ ဆိုတယ်ကွ။ မီးအချက်ပြတဲ့ အချက်ပြ စနစ်က ဒီဖက်ကကပ်သွား အန္တ ရာယ်မရှိဘူးဆိုတဲ့ သဘောမျိုးပေါ့။ ဒါပေမဲ့ အဲသည့် မီးအချက်ပြ အတိုင်း လိုက်မိတဲ့ ရွက်သင်္ဘောဟာ မကြာခင်ဘဲ ကျောက်ဆောင်နဲ့ တိုက်မိပြီး ကျောက်ဆောင်တွေ အကြားမှာ ကျိုးပဲ့ပြီး သောင်တင်တော့ တာပဲ။ အဲ လှိုင်းလေနဲနဲစဲတာနဲ့ ရွာသားတွေက လှေတွေနဲ့ ထွက် လာပြီး ကျိုးပဲ့သောင်တင်နေတဲ့ သင်္ဘောက ပါလာသမျှ ကုန်ပစ္စည်းတွေကို ရသလောက် ယူကြတယ်လို့ ဆိုတယ်။ သူတို့က ဒေသခံ တွေဆိုတော့ ကျောက်ဆောင်တွေနဲ့ မတိုက်မိ အောင် သွားတတ်တာပေါ့ကွာ။ တကယ်လို့ သင်္ဘောပျက်က မသေမရှင် ဖြစ်နေတဲ့ သူတွေ ကိုတွေ့ရင်လည်း ကယ်ရမဲ့ အစား သတင်းမပေါက်အောင် တခါ တည်း လက်စတုံး ပစ်လိုက်တယ်လို့ ပြောကြတယ်။ အဲလောက် ရက်စက် တယ်လို့ ဆိုတယ်။" ထို့အပြင် ရှေးခေတ်က မဂ္ဂနာမာဆဲ ရွာသားများသည် ကွန်းဝေါနယ်အတွင်း မြင်းခိုးခြင်း၊ နွားခိုးခြင်း ခိုးလာသော မြင်းများ နွားများကို လက်ခံ၍ ပြန်ရောင်းခြင်း၊ လှေငယ်များ လှေအရွယ်လတ်များကိုလည်း အခြားနေရာများမှ ခိုးယူလာကာ ဆေး ပြောင်းသုတ်ပြီး ပြန်ရောင်းခြင်း အစရှိသော လုပ်ငန်းများကိုလည်း လုပ်ကြသည်ဟု ဒေသခံ ဇာတ်လမ်းများအရ သိရပြန်သည်။

"ငါတို့ သူငယ်ချင်းနှစ်ယောက် တည်းတဲ့အိမ်က အိမ်ရှင်ရဲ့ နာမည်က ဂျွန် မဂွိုင်းယားတဲ့။ သူကလည်း ရိုးရိုးကြီးနဲ့ ပွင့်ပွင့် လင်းလင်း ပြောပြပါတယ်။ ရှေးတုန်းက မဂွိုင်းယားမျိုးနွယ်တွေဟာ ခိုးတဲ့ဆိုးတဲ့သူ များသတဲ့။ သို့သော် ကနေ့ခေတ်မှာ တော့ အဲသလို မရှိတော့ ပါဘူးတဲ့။ ရိုးရိုးသားသား တံငါသည် အလုပ်နဲ့ အသက်မွေးကြတယ်လို့ ငါတို့ကိုရှင်းပြ ရှာပါတယ်။ သို့သော် ရှေးတုံးက နာမည်ပျက် ရှိခဲ့ ဘူးတဲ့ အရှိန်ကြောင့် တော်ရုံလူတွေ သူတို့ရွာ ဖက်ကို လာလေ့မရှိကြဘူး။ အဖိုးတို့ အဲသည်ကို စရောက်သွားတာ မှတ်မှတ်ရရ ၁၉၃၆ ခုနှစ်ပေါ့။ ဥရောပမှာ စစ်ကြီးမဖြစ်ခင် သုံးနှစ်လောက် အလိုကကွ" ဟု ဦးကျော်ဖြူက ပြောပြ၏။ အဖိုးဦးကျော်ဖြူ ပြောပြသည်မှာ ထိုအချိန်က ရွာသူရွာသား အားလုံးနီးပါး၏ နောက်ဆုံးနာမည်သည် များသော အားဖြင့် မဂွိုင်းယား ဆိုသည့် အမည်ပင် ဖြစ်ကြသည်။ ဥပမာအားဖြင့် မေရီ မဂွိုင်းယား၊ အင်ဒရူး မဂွိုင်းယား၊ ဘာမဂွိုင်းယား ညာမဂွိုင်းယား အစရှိသည့် နာမည်များဖြစ်သည်။ တရွာလုံး အမျိုး တော်စပ်နေသည့် သဘောဟု ဆိုနိုင်သည်။ သူတို့တည်းနေသည့် အိမ်ရှင်ဖြစ်သူ ဂျွန်မဂွိုင်းယား အဆိုအရ ၎င်း၏အဖေမှလွဲ၍ အဖိုး၊ အဘိုး၊ အဘိုး၏ဖခင်နှင့် ထို့ထက်ရှေးကြသူ အမျိုးသား အားလုံးနီးပါးသည် ပင်လယ်ပြင်တွင် ငါးဖမ်းထွက်ရင်း တချီ မဟုတ်တချီ မုန်တိုင်းမိကာ သေဆုံးခဲ့ကြသည်ဟု ဆိုသည်။ တခြားမိသားစုများလည်း ထိုနည်းတူ အဖြစ်များနှင့် ရင်ဆိုင် ရသည်ဟုလည်း ဆိုသေး သည်။ ထိုသို့ဖြစ်ရခြင်းမှာ မဂွိုင်းယား အမျိုးအနွယ်များသည် ရှေးတုံးက ရွက် သင်္ဘောများအား ကျောက်ဆောင်နှင့် တိုက်မိအောင် လုပ်ခဲ့ ခြင်း၊ ပစ္စည်းများကို လုယက်ခြင်း၊ သင်္ဘောပေါ် ပါလာ သူများကို သတ်ဖြတ်ခြင်း၊ ခိုးဆိုးလိမ်ကောက် ခြင်း အစရှိသည်တို့ကြောင့် ကျိန်စာသင့်တာ ဖြစ်နိုင် ကြောင်းလည်း ပြောပြသည်။

"အဲသည့်အဖိုးကြီး ဂျွန်မဂွိုင်းယားက မယုံရင် ရွာထိပ်က သင်းချိုင်းမှာ သွားကြည့်ဆိုလို့၊ ငါတို့နှစ်ယောက် သွား ကြည့်တော့၊ သူပြောတာ ဟုတ်တယ်ဟေ့။ သင်းချိုင်းမှတ်တိုင် အများစုဟာ အမျိုးသမီး နာမည်တွေချည်းပဲ။ သူ ပြောသလိုဘဲ ယောက်ျားအများစုဟာ ပင်လယ်ထဲ မှာ သေခဲ့ကြတော့ သင်းချိုင်းမှာ မြုပ်စရာ မလိုတော့ဘူး ပေါ့ကွာ။ ဒါပေမဲ့ ဇာတ်လမ်း ဟာ ဒီမှာ မပြီးသေးဘူး။ မဂွိုင်းယားနွယ် အမျိုး သမီးတွေဟာလည်း များသော အားဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သေတာများ တယ်လို့ ဆိုပြန်သေးတယ်။ ဒါနဲ့ ငါတို့နှစ်ယောက် သင်းချိုင်းကို တခေါက်ပြန်သွားပြီး ကြည့်တော့၊ အမျိုးသမီးတွေရဲ့ အုတ်ဂူက မှတ်တိုင်တွေမှာ အသက်အကြီးအဆုံးက ငါးဆယ်အရွယ် တဦးပဲရှိတယ်။ များသောအားဖြင့် သုံးဆယ်ကျော် လေးဆယ်မတိုင်ခင်လောက်မှာ သေတာက များနေတယ်။ သင်းချိုင်းက ခပ်သေးသေးဆိုတော့ မှတ်တိုင်မှန်သမျှ ငါတို့ အကုန်လိုက်ဖတ် ကြည့်တာပေါ့။" ဤသည်ကား အဖိုးဦးကျော်ဖြူ ပြောပြသော ကျိန်စာသင့်ခဲ့သည့် မဂ္ဂနာမာဆဲ အကြောင်း ဖြစ်သည်။

အဖိုးကြီး ဦးကျော်ဖြူတို့ ပန်းချီလာဆွဲသည့် ခေတ်တုံးက မဂ္ဂနာမာဆဲသည် အိမ်ခြေ လေးဆယ်လောက်သာ ရှိခဲ့သည်။ ကျိန်စာသင့်နေ သည့်ရွာ စရိုက်ဆိုးသည့်ရွာဟု သတ်မှတ်ခံရသောကြောင့် ဘယ်သူကမှ အရေးလုပ်၍ သွားလာ လည်ပတ်ခြင်း မရှိခဲ့ကြ။ မဂ္ဂနာမာဆဲရွာ ကဟု ဆိုလျှင် ဒေသခံများက နှာခေါင်းရှုံ့ချင်သည်။ သိပ်အဖက် မလုပ်လိုကြ။ သို့သော် ယခု ဘဇော်ရောက်သည့် အချိန်၌ အရာရာ ပြောင်းလဲ့ခဲ့ပြီဖြစ်သည်။ ရွာလေးတွင် အိမ် ခြေ ငါးရာကျော်ခန့် ရှိနေလေပြီ။ နွေရာသီ အပန်းဖြေလာသည့် ဧည့်သည်များဖြင့် စည်ကား နေသည်။ ပန်းချီ အရောင်း ပြခန်းများသည်ပင် ကိုးဆိုင်ဆယ်ဆိုင်ခန့် ရှိနေသည်။ ဦးကျော်ဖြူတို့ ထိုင်ခဲ့သည် ဆိုသော အရက်ဆိုင် အတွင်းသို့ ဘဇော်ဝင်၍ ဘီယာတပိုင့် မှာလိုက်သည်။ ဒေသခံ အဖိုးကြီး နှစ်ဦးက အာရှမျက်နှာပေါက်နှင့် ဘဇော်ကို မိတ်ဆက်လာ၍ မြန်မာပြည်က ဖြစ်ကြောင်း ရှင်းပြရင်း စကားလက်ဆုံ ကျ ဖြစ်သည်။ အဖိုးကြီး တဦးက ဤသို့ရှင်းပြသည်။ "ကျုပ်တို့ရွာ သည်လို စည်ကားလာတာ အဲသည့် ကျောင်းသား နှစ်ယောက် ကျေးဇူးကြောင့်လို့ ပြောရင်လည်း မမှားဘူး။ တယောက်က ကိုယ့်လူတို့ မြန်မာပြည် က။ ကျုပ်တို့ရွာကို လူစိမ်းတွေ ညအိပ်ညနေလာတာ ရွာသမိုင်းအရ အဲတာ ပထမဆုံး အကြိမ်ပဲ။ ၁၉၃၆ ခုနှစ်ကပေါ့။ နောက်နှစ်တွေမှာ လည်း နွေရောက်တိုင်း သူတို့ ပန်းချီဆွဲဖို့ လာကြတယ်။ တခြား ကျောင်းသား တွေလည်း သူတို့နဲ့ ပါပါလာကြတယ်။ နောက်ပိုင်း ကျုပ်တို့ ရွာလည်း တဖြည်းဖြည်းနဲ့ ပန်းချီ ဆရာတွေ အလာများပြီး စည်းကားလာတယ် ဆိုပါတော့။ အခုဒီဖက် ခေတ်မှာတော့ ပန်းချီဆရာတွေ တင် မဟုတ်တော့ဘူး။ နွေရာသီ အပန်းဖြေလာတဲ့ ဧည့်သည်တွေကြောင့် ဧည့်ကြို လုပ်ငန်းကပါ စီးပွားဖြစ်လာတယ်။ ဧည့်သည်တွေ ဘာဖြစ်လို့ ကျုပ်တို့ရွာကို လာကြသလဲ မောင်ရင်သိလား။ " ဘဇော်က "ဟုတ်ကဲ့ တဆိတ် လောက် ရှင်းပြပါလား" ဟုစကား ထောက် လိုက်သည်။ နောက်အဖိုးကြီး တဦးက နုတ်ခမ်းမွှေးကြီး ကားလာသည်အထိ တဟဲဟဲဖြင့် ရယ်လိုက်ရင်း ဤသို့ရှင်းပြ၏။ "ကျိန်စာ သင့်ခဲ့ ဖူးတဲ့ မဂ္ဂနာမာဆဲဟာ ဘယ်လို ရွာမျိုးပါလိမ့် ဆိုတာ သိချင်လို့ စပ်စုချင်လို့ လာတဲ့သူကများ တယ်။ ရွာထိပ်က ရှေးဟောင်း သင်းချိုင်း ဟာဆိုရင် ပြတိုက်လို ဖြစ်နေလို့ ရှေးမူမပျက်အောင်တောင် ထိန်း သိမ်းထားရတယ် ကိုယ့်လူရေ။ ဒါ့အပြင် ပန်းချီဆရာ တွေကြောင့်လည်း ဆိုင်တွေမှာ ပန်းချီကားတွေ ရောင်း ရတာက နောက်စီးပွားရေး တခုပေါ့။ စားသောက်ဆိုင်တွေ တည်းခိုခန်းတွေလည်း နည်းမှမနည်းတာ။ နွေရာသီ ဟာ ကျုပ်တို့အတွက် စီးပွားရေး ကာလပဲ။"

အဖိုးဦးကျော်ဖြူက မဂ္ဂနာမာဆဲရွာသားများကို ပုံပမာထား၍ သူတို့ကို ဆုံးမခဲ့ဘူးသည်။ "လူကလေးတို့ မှတ် ထားကြ။ မကောင်းမှုဆိုတာ တဦးချင်း တယောက်ချင်းပဲ လုပ်လုပ်၊ အုပ်စုဖွဲ့ပြီးပဲ ကျူးလွန်ကျူးလွန် ကိုယ်ပြုခဲ့ တာအတွက် ပြန်ပေး ဆပ်ရတယ်။ မကောင်းမှုကို ရှောင် ကြကွဲ့။ "မဂ္ဂနာမာဆဲတွင် ဘဇော် နှစ်ညအိပ်နေခဲ့သည်။ ရွာမှမပြန်ခင် အမှတ်တရအဖြစ် ပန်းချီပြခန်း အရောင်းဆိုင် တဆိုင်မှ ဆီဆေး ပန်းချီကားတချပ် ဝယ်ခဲ့သည်။ ပန်းချီကားထဲတွင် တွေ့ရသည်ကတော့ ကျောက်ဆောင်ပေါ် တွင် ထက်ပိုင်း ကျိုး၍ တင်နေသော ရွက် သင်္ဘောတစင်းနှင့် ထိုရွက်သင်္ဘောဆီသို့ ဦးတည်၍ လှိုင်းများအကြား တွင် လှော်ခတ် နေသော လှေငယ်လေးများပင် ဖြစ်တော့သည်။

ဇော်မင်း (လူ့ဘောင်သစ်)၂၀၁၀။

WW2 Burma Conduit to Ibdia



Thursday, April 8, 2010

အမှုမမြောက်သေးဘူး၊ ဟန်လေး 5-04-2010

သူသေကိုယ်ရှင် တိုက်ပွဲဝင်သင်္ကြန်သံချပ် ၂၀၁၀။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူကိုတောင်းပန်

06 April 2010. VOA NEWS
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မူလရည်မှန်းချက်တွေ အတိုင်း ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းခဲ့ပေမဲ့ အာဏာပိုင်တွေဘက်က တုံ့ပြန်မှု မရှိတဲ့အတွက် အောင်မြင်မှု မရရှိခဲ့တာကို ဒီနေ့ ပြည်သူထံကို ပန်ကြားချက်တစောင် ထုတ်ပြန်ပြီး တောင်းပန်လိုက်ပါတယ်။ ဒါ့အပြင် ဘယ်လို အခြေအနေမျိုးကိုပဲ ရောက်ရောက် ဒီမိုကရေစီရေးအတွက် ဆက်လက် ကြိုးပမ်းသွားမယ် လို့လည်း ပြည်သူကို အသိပေးလိုက်ပါတယ်။ အဖွဲ့ချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်းတဲ့ အခါ အချက် ၇ ချက် ပါဝင်တဲ့ ပန်ကြားချက်ရဲ့ အနှစ်ချုပ်ကို အခုလို စရှင်းပြပါတယ်။

“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ စတင် ဖွဲ့စည်းစဉ်ကတည်းက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အာဏာရှင် မဟုတ်သော အစိုးရ များ တက်ရောက်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းလာတယ်။ အဲဒီလို ကြိုးပမ်းလာတာမှာ ပါတီခေါင်းဆောင်တွေ၊ ပါတီအဖွဲ့ဝင် တွေဟာ ထိခိုက်နစ်နာမှု အမျိုးမျိုးကို ခံစားရတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဒီပဲယင်းမှာ အသက်ဘေးက သီသီလေး လွတ်လာတယ်။

“ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဖွဲ့ချုပ် အနေနဲ့က အမျိုးသား ရင်ကြားစေ့ရေးကို အမြဲတမ်း တောင်းဆိုခဲ့တယ်။ နောက်ဆုံး ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီးဆီ ရေးတဲ့ စာမှာလည်း စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး တိုက်ရိုက် တွေ့ဆုံ ပြောကြားလိုတယ် လို့လည်း ပြောတယ်။ “ဒီလို နှစ်ပေါင်းများစွာ တစိုက်မတ်မတ် ကြိုးစားခဲ့သော်လည်း တဘက်က တုံ့ပြန်မှု မရတဲ့အတွက် မအောင်မမြင် ဖြစ်ခဲ့ရတာကိုလည်း ပြည်သူလူထုကို တောင်းပန်တယ်။ အဲဒီလို တောင်းပန်ရင်းနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီလမ်းစဉ်အတိုင်း အကြမ်းမဖက်တဲ့ နည်းနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လက် ကြိုးပမ်းသွားပါမယ်လို့ ပြည်သူလူထုကို အမှာစကား ပြောကြားလိုက်တာ ဖြစ်ပါတယ်။”

UNA တိုင်းရင်းသားလူမျိုးစုအဖွဲ့ ၂၀၁၀ ရွေးကောက်ပွဲမ၀င်

07 April 2010.VOA NEWS. မြန်မာစစ်အစိုးရက ကျင်းပပေး မယ့် ရွေးကောက်ပွဲအတွက် ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ ဒီမိုကရေစီနည်းလမ်း မကျတာမို့ ပြင်ဆင်မှု တွေ လုပ်ဖို့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ (UNA) က တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုလိုက်ပြီး ဒါတွေကို မဆောင်ရွက်ရင် လာမယ့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို တရားမျှတမှု မရှိဘူးလို့ ဝေဖန်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ပါတီမှတ်ပုံမတင်ဖို့၊ ရွေးကောက်ပွဲ မ၀င်ဖို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာ UNA ခေါ် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ကလည်း ရွေးကောက်ပွဲဝင်မှာ မဟုတ်ကြောင်း တရားဝင် စုပေါင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Sunday, April 4, 2010

မြန်မာပြည်တွင်းက လူမှုဝန်ထမ်းတွေကို ဂုဏ်ပြုဖို့အစီအစဉ်


2010-04-04. RFA NEWS.မြန်မာပြည်တွင်းက လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်း စွမ်းဆောင်သူတွေကို ဂုဏ်ပြုဖို့ အမေရိကန်ပြည်ရောက် မြန်မာမိသားစုတွေရဲ့ ပြည်သူ့ဂုဏ်ရည် အစီအစဉ်ကနေ အနိမ့်ဆုံး ဆုငွေပမာဏ အမေရိကန်ဒေါ်လာ ငါးထောင်အဖြစ် သတ်မှတ်လျာ ထားတယ်လို့ မနေ့က ထုတ်ပြန်ကျေညာခဲ့ပါတယ်။

ဗီယက်နမ်-မြန်မာစီးပွားကုန်သွယ်စာချုပ်များချုပ်ဆို

04 April 2010.VOA NEWS. ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဒေါင်းဟာ မြန်မာနိုင်ငံကို သုံးရက်ကြာခရီး လာရောက်ပြီး သောကြာနေ့ က နေပြည်တော်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ တခြား အဆင်မြင့် ခေါင်းဆောင်တွေ နဲ့တွေ့ဆုံခဲ့ပါတယ်။ အခုလာရောက်ခဲ့တဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဗီယက်နမ်-မြန်မာ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံရင်း နဲ့ ခရီးသွားလာ ရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဗီယက်နမ်အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။

ဂျပန်ရဲ့ ဆာကူရပန်း



















ဂျပန်မှာ အခုအချိန်ရာသီဆိုရင် ဆာကူရပန်းတွေဟိုမှာဒီမှာပွင့်ကြပါပြီ
တနှစ်မှာတကြိမ်သာပွင့်ပြီး သက်တမ်းကလဲမကြာရှည်တတ်လို့
ပန်းပွင့်ချိန်ဆို နေရာဒေသအလိုက် ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်လေ့ရှိကြပါတယ်....

ဆာကူရပန်းဟာ ဂျပန်နိုင်ငံရဲ့အမှတ်တံဆိပ်ပန်းတခုဖြစ် သလို
ဂျပန်မှာပွင့်ကြတဲ့ ဆာကူရပန်းတွေဟာ အရမ်းလဲလှပါတယ် ..ဒါပေမဲ့...........

အဲဒီဒါပေမဲ့ ဆိုတာက ဆာကူရပန်းတွေပွင့်ပေမဲ့ မလှတဲ့နေရာတခုရှိပါသော်ကော..
ပွင့်ကားပွင့်၏မလှဆိုတဲ့နေရာကတော့ ဂျပန်နိုင်ငံ တိုကျိုမြို့ ရှင်နာဂါဝါ ရပ်ကွက်မှာ
အုတ်တံတိုင်းအမြင့်ကြီးတွေနဲ့ လှောင်ပိတ်ထားတဲ့ နအဖ စစ်အစိုးရရဲ့ အခွန်ရုံးထဲက
ရေခံမြေခံ မကောင်းတဲ့နေရာမှာပွင့်ကြရလေသော သနားစရာ
ဆာကူရပန်းတွေ ပဲဖြစ်ပါတယ် ပရိတ်သတ်မင်း အပေါင်းတို့ရေ.....

(မောင်အောင်ဌေး)