Wednesday, May 29, 2013

ကလေး နှစ်ဦးပေါ်လစီ ဒေါ်စု ဆန့်ကျင်မူ သတင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြ

မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များတွင် နေထိုင်သော မွတ်ဆလင်မိသားစု တစ်စုလျှင် ကလေးနှစ်ဦးစီ ယူရမည်ဟု ဒေသန္တရ ဥပဒေ ထုတ်မူ အပေါ် သူမ အနေဖြင့် ဆန့်ကျင်ကြောင်း ပြောဆိုသည့် သတင်းကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံထုတ် သတင်းစာတိုင်းလိုလိုတွင် ယနေ့ ဖေါ်ပြသည်။ နိရဉ္စရာ သတင်းဌာနမှ ယနေ့ လက်ခံရရှိသော ဘင်္ဂလာဒေခ်ျ့မှ နာမည်ကြီး နေ့စဉ် သတင်းစာများ ဖြစ်သော (၁) The Daily Star (၂) The Independent (၃) New Age သတင်းစာများတွင် အဆိုပါ သတင်းကို အကျယ်တ၀င့် ဖေါ်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်မှ သူမ အနေဖြင့် ယခု ဒေသန္တရ ဥပဒေကို ပြဌာန်း ထားသလား၊ မထားဘူးလားဆိုသည်ကို သေချာစွာ မသိကြောင်း၊ အကယ်၍ ပြဌာန်းသည်ဆိုပါက ယခု ပြဌာန်းမူသည် ဒေသအတွင်းမှ မွတ်ဆလင်များ အပေါ် လူ့အခွင့်အရေး ချိုးဖေါက်ရာ ရောက်သော လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုပြီး ပြစ်တင် ဝေဖန် လိုက်ကြောင်း သတင်းစာများက ဆိုသည်။ “ Suu Kyi Slams 2- Child Limit for Muslims” ခေါင်းစည်းဖြင့် ရေးသားထားသော အေအက်ပီ သတင်းကို The Independent သတင်းစာက ဖေါ်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်က အငြင်းပွားဖွယ်ရာ မွတ်ဆလင် မိသား တစု ကလေး နှစ်ဦးသာ ယူရမည့် အမိန့် အပေါ် သူမ အနေဖြင့် ဆန့်ကျင်ကြောင်း၊ ယခု လုပ်ရပ်မှာ လူ့အခွင့်အရေးကို ချိုးဖေါက်သော လုပ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်ဟု ဖေါ်ပြသည်။ ယခုလို ခွဲခြားမူက မကောင်းကြောင်း၊ ယခုလို ခွဲခြားမူမှာ လူ့အခွင့်အရေးနှင့်လည်း ဆက်စပ် လျော်ညီမူ မရှိကြောင်း ဒေါ်စုက ပြောသည်ဟု သတင်းတွင် ဖေါ်ပြသည်။ ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် မွတ်ဆလင် လူဦးရေ အဆမတန် တိုးပွားလာမူကို တားဆီးရန် ရည်ရွယ်ပြီး မိသားစု တစ်စု ကလေး (၂) ဦးသာ ယူရမည်ဟု ဒေသန္တရ ဥပဒေကို ၁၉၉၀ ခုနှစ်ကပင် ထုတ်ပြန်ပြီး န၀တနှင့် နအဖ စစ်အစိုးရတို့က ကျင့်သုံးလာခဲ့သည်။ လက်ရှိ အစိုးရလက်ထက်တွင်လည်း လူဦးရေကို ထိန်းချုပ်နိုင်ရန် အတွက် ဒေသဆိုင်ရာ အာဏာပိုင်များက အဆိုပါ ဒေသန္တရ ဥပဒေကို ဆက်လက်ကျင့်သုံးမည်ဟု များမကြာမီက ထုတ်ဖေါ်ကျေညာခဲ့သည်။ http://www.narinjara.com/burmese/?p=5725

သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အလုပ်မဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

သမ္မတ ဦးသိန်းစိန်ကို ယုံကြည်ပါသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် လက်တွေ့တွင် အလုပ်မဖြစ်သေးဘဲ အမှန်တကယ် အလုပ်လုပ်ရန် လိုအပ်နေကြောင်း ဝေဖန်ပြောဆိုလိုက်သည်။ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမတွင် ယနေ့ ကျင်းပပြုလုပ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ အစည်းဝေးအပြီး ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန် အပေါ် ယင်းသို့ ဝေဖန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ အလုပ်မဖြစ်သေးကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာ ဆိုးဝါးလာခြင်း၊ တရားဥပဒေ စိုးမိုးမှု မရှိခြင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး မရှိခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် မဖြစ်နိုင်သေးတို့ခြင်းကြောင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်မှု မရှိသည်ကို ပြသနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောသည်။ “ဦးသိန်းစိန်က ပြောပေမယ့် အလုပ် မဖြစ်သေးဘူး။ ပြုပြင်ပြောင်းလဲရေး သမားဆိုတာ စိတ်နဲ့တင် မပြီးဘူး။ အလုပ်လည်း လိုတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ချင်တယ် ဆိုပေမယ့် လုပ်နိုင်သလား ဆိုတာ ကြည့်ရမှာပေါ့။ လုပ်တဲ့နေရာမှာ ထိရောက်သလားဆိုတာလည်း ကြည့်ရမှာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ မြန်မာနိုင်ငံတွင် ပြုပြောင်းလဲရေး လုပ်နေသည်ဟု ဆိုသော်လည်း ပြည်သူများအတွက် အပြောင်းအလဲ အလွန် နည်းပါးနေကြောင်း၊ ပြုပြင်ပြောင်းလဲရေး အောင်မြင်စေလိုပါက ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေပါသည် ဆိုသောသူများ အားလုံးကိုယ်တိုင် ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း၊ ၃ နှစ်အတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည် ဟုဆိုသော်လည်း ပြည်သူလူထု၏ ဘ၀ တိုးတက်မှု အလွန်နည်းပါးကြောင်း၊ ပြည်သူလူထုဘ၀ တိုးတက်မှသာလျှင် ထိရောက်သော ပြုပြင်ပြောင်းလဲရေး ဟုဆိုနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီ အစည်းအဝေး မိန့် ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုသည်။ “ကျမတို့နိုင်ငံက ပြုပြင်ပြောင်းလဲရေးလမ်းစဉ် သွားနေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီလို ပြုပြင်ပြောင်းလဲရေး လမ်းစဉ် တကယ်သွားဖို့ဆိုတာက ပြုပြင်ပြောင်းလဲရေး လမ်းစဉ်မှာ ပါဝင်နေတဲ့သူအားလုံး က ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲနိုင်မှ အောင်မြင်နိုင်မှာပါ။ ပြုပြင်ပြောင်းလဲရေး ဆိုတာ အပြောနဲ့ တင်မပြီးပါဘူး။ အခုဆိုလို့ရှိရင် ပြုပြင်ပြောင်းလဲရေးလို့ ပြောခဲ့တာ ၃ နှစ်လောက်ရှိပါပြီ။ ၃ နှစ်အတွင်းမှာ ကျမတို့ ပြည်သူတွေအတွက် ဘယ်လောက် အပြောင်းအလဲ ရှိလဲဆိုတာ သေချာစဉ်းစားကြည့်ရင် စမ်းသပ်ကြည့်ရင် အင်မတန်မှ နည်းတယ်လို့ ပြောရမှာပါ။ တကယ်ပြုပြင်ပြောင်းလဲရေး ထိရောက်ဖို့ဆိုရင် ထိရောက်တယ်လို့ ပြောနိုင်ဖို့ဆိုရင် ကျမတို့ ပြည်သူတွေ ဘ၀က တိုးတက်ရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ လတ်တလော နိုင်ငံ၏ အခြေအနေမှာ မူးယစ်ဆေးဝါး ပြဿနာ ဆိုးဝါးစွာ ကြုံတွေ့နေရကြောင်း၊ မူးယစ်ဆေးဝါး အမှုများကို အုပ်ချုပ်ရေးပိုင်းက လျစ်လျူရှုထား သကဲ့သို့ ဖြစ်နေပြီး မူးယစ်ဆေးဝါး လုပ်ကိုင်သူများနှင့်ပါ ပူးပေါင်း ဆောင်ရွက်နေသည်ဟု သိရှိရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ “မူးယစ်ဆေးဝါး ကိစ္စမှာဆိုရင် ပိုပြီးတော့ ဆိုးသွားတာ တွေ့ပါတယ်။ ဘာဖြစ်လို့ အကောင်းဘက်ကို ဘာဖြစ်လို့ ပြောင်းလဲမလာ လဲဆိုတဲ့ မေးခွန်းထုတ်လိုက်တော့ ဥပဒေစိုးမိုးရေး မရှိဘူးဆိုတဲ့ အဖြေပဲရမှာဖြစ်ပါတယ်။ ကျမတို့ရဲ့ ပြည်နယ်တိုင်း ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး လိုက်တဲ့အခါမှာတော့ မူးယစ်ဆေးဝါး သုံးစွဲမှုဟာ အရင် ၃ နှစ်ကထက် စာလို့ရှိ ရင် အခုပိုပြီးတော့ ဆိုးဝါးနေတယ်လို့ ကျမတို့ နားလည်ရပါတယ်။ ဒီဟာက ဥပဒေစိုးမိုးရေးနဲ့လည်း အများကြီး သက်ဆိုင်တယ်။ နိုင်ငံတကာရဲ့ ထောက်ခံမှုကို လိုချင်တယ် ဆိုလို့ ရှိရင် ဒီမူးယစ်ဆေးဝါး ကိစ္စကို လျစ်လျူ ရှု ထားလို့ မရပါဘူး။ အုပ်ချုပ်ရေးပိုင်းက မူးယစ်ဆေးဝါး ပြဿနာကို သိသော်လည်း တမင် လျစ်လျူရှု ထားတယ်။ အရေးမယူတဲ့အပြင် အချို့နေရာတွေမှာ မူးယစ်ဆေးဝါး လုပ်ကိုင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်လို့ ကြားရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြည်သူလူထုက အပြောင်းအလဲများ ဆောင်ရွက် လာနိုင်မည်ဟု မျှော်လင့်ထားသော်လည်း လွှတ်တော်တွင် NLD အမတ် ၄၅ ယောက်ဖြင့် တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အပါအ၀င် လက်တွေ့ကျသော ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၀န်ခံပြောဆိုလိုက်သည်။ “အထူးသဖြင့် ဥပဒေ စိုးမိုးရေးဘက်မှာ သိပ်ပြီးတော့ ပြောင်းလဲမှု မရှိဘူး။ နောက်ပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေးဘက်မှာ ဆိုရင် တိုးတက်သင့်သလောက် တိုးတက်တာ မတွေ့ပါဘူး။ အဓိကအားဖြင့်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတယ်ဆိုတဲ့ အချက်က ပေါ်လာပါတယ်။ ကျမတို့နိုင်ငံမှာ အထူးသဖြင့် ဥပဒေ စိုးမိုးရေးနဲ့ တိုင်းရင်းသားများကြားထဲမှာ ငြိမ်းချမ်းရေး ရှိရေး။ အားလုံးကြားထဲမှာ တဦးနဲ့တဦး တန်းတူရည်တူ ရှိတယ်ဆိုတဲ့ ယုံကြည်ချက်တွေ ကြီးပွားရေး၊ အပြန်အလှန် လေးစားရေး အပြန်အလှန် လေးစားမှုရှိရေး ဆိုတာကို ဦးတည်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စကို စပြီးကိုင်တွယ်ရမယ်လို့ ယုံကြည်ပါတယ်” ဟု သူက ဆိုသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟု ဆိုရာတွင် တိုင်းရင်းသားအားလုံးက ဖက်ဒရယ်စနစ် ပေါ်ပေါက်ရေး လိုလားနေကြကြောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ကြေညာချက်တစောင် မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ နှင့် ပူးတွဲဆောင်ရွက်သွား မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သော်လည်း ပြည်တွင်း နိုင်ငံရေးသမား တချို့ကမူ NLD ပြင်ဆင်လိုသော အချက်များကို ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များက ပြင်ဆင်ပေးရန် မဖြစ်နိုင်ဟု သုံးသပ် ပြောဆိုကြသည်။ သမ္မတ ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က ပထမဆုံး အကြိမ် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး သမားတဦး အဖြစ် ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးသမား တဦးအနေနှင့် သမ္မတ ဖြစ်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး သမ္မတ ဦးသိန်းစိန် ကလည်း ၎င်းအနေဖြင့် ကျန်းမာရေးအရ သမ္မတသက်တမ်း တခုသာ တာဝန်ထမ်းဆောင်ရန် ရည်ရွယ် ထားသော်လည်း ပြည်သူက လိုလားပါက နောက်တကြိမ် သမ္မတအဖြစ် ပြန်လည် ထမ်းဆောင်မည်ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ယင်း နိုင်ငံရေး ရည်မှန်းချက်နှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အကြား အားပြိုင်မှု ရှိနေသည်ဟုသည် နေပြည်တော်နှင့် ရန်ကုန် နိုင်ငံရေးသတင်းရပ်ကွက်က ပြောဆိုနေကြသည်။

Tuesday, May 21, 2013

အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားနုန်းကို ဒေသန္တရ အမိန့်ထုတ်ပြန်ကာ ကန့်သတ်ထားသော မောင်တောခရိုင်တွင် တရားမ၀င် Blacklist စာရင်းသွင်းခံရသူ ဘင်္ဂလီ ကလေးငယ် (၆) သောင်း ရှိကြောင်း သိရသည်။

(နိရဉ္စရာ- ၂၁ မေ ၂၀၁၃) ဘူးသီးတောင်နှင့် မောင်တောမြို့နယ် (၂) ခုဖြင့် ဖွဲ့စည်းထားသော မောင်တောခရိုင်တွင် ဘင်္ဂါလီများ အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားနုန်းကို ဒေသန္တရ အမိန့်ထုတ်ပြန်ကာ ကန့်သတ်ထားမူကို ယခင် စစ်အစိုးရ လက်ထက်ကပင် ကျင့်သုံးခဲ့သည်။ သို့သော်လည်း ထုတ်ပြန်ထားသော ဒေသန္တရ အမိန့်များကို အုပ်ချုပ်သူ တာဝန်ရှိသူများက ဥပဒေနှင့် အညီ လိုက်နာ ဆောင်ရွက်ခြင်း မရှိဘဲ ကိုယ်ကျိုး အတွက် အသုံးချခဲ့ကြသဖြင့် ယခုကဲ့သို့ တရားမ၀င် Blacklist စာရင်းသွင်းခံရသူ ကလေးငယ် အရေအတွက် တိုးပွားလာခြင်း ဖြစ်သည်ဟု သိရသည်။ Blacklist စာရင်းသွင်းခံရသော ကလေးငယ်များမှာ သက်ဆိုင်ရာမှ ခွင့်ပြုချက်မရှိဘဲ အိမ်ထောင်ပြုသော မိဖ နှစ်ပါးမှ မွေးဖွားလာသူများ ဖြစ်ကြသည်။ တချို့ ကလေးများမှာ သက်ဆိုင်ရာ၏ တစ်စုံတစ်ရာ မှတ်တမ်းမှတ်ရာများ မရှိဘဲ မွေးဖွားသော ကလေးငယ်များ ဖြစ်နေကြသည်ဟု ဆိုသည်။ ထိုသို့ တရားမ၀င် မွေးဖွားလာသော ကလေးငယ် ၆၀၀၀၀ ရှိကြောင်းကို ရခိုင်စုံစမ်းရေး ကော်မရှင်၏ ရခိုင်အစီရင်ခံစာ စာမျက်နာ ၁၁၂ တွင်လည်း ဖေါ်ပြထားသည်။ “ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ အနေဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိ၏ ခွင့်ပြုချက် မရရှိဘဲ အိမ်ထောင်ပြုခွင့် မရှိပါ။ ဤစည်းမျဉ်းသည် ဘင်္ဂါလီများထံမှ လာဘ်ယူရန် အခွင့်အရေး ဖန်တီးပေးနေသကဲ့သို့ ဖြစ်နေပြီး လက်တွေ့တွင် အကျိုးသက်ရောက်မူ မရှိသည်ကို တွေ့ရှိရကြောင်း” အစီရင်ခံစာတွင် ဖေါ်ပြသည်။ ယခုကဲ့သို့ တရားမ၀င် Blacklist ကလေး ၆၀၀၀၀ ထိ ရှိခြင်းမှာ မောင်တောခရိုင်အတွင်းရှိ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိများသည် ချမှတ်ထားသော ဥပဒေကို လိုက်နာခြင်း မရှိဘဲ အဆိုပါ ဒေသန္တရ အုပ်ချုပ်ရေး အမိန့်အာဏာများကို မိမိကိုယ်ကျိုး အတွက် အသုံးချရာမှ ဖြစ်ပေါ်လာသော အကျိုးဆက် ဖြစ်ကြောင်း မောင်တောမြို့မှ အမည်မဖေါ်လိုသူ ကျောင်းအုပ် ဆရာကြီး တစ်ဦးက အတည်ပြု ပြောကြားသည်။ မောင်တောခရိုင်တွင် ဘင်္ဂါလီများအား အိမ်ထောင်ပြုရာတွင် အမျိုးသား အသက် (၂၀) နှင့် အမျိုးသမီးမှာ အသက် (၁၈) နှစ်ပြည့်ရမည်ဟု ဒေသန္တရ အမိန့်ထုတ်ထားသော်လည်း အသက်မပြည့်ဘဲ ယူလိုပါက ဒေသဆိုင်ရာ အာဏာပိုင်များကို လက်ထပ်ခွင့် တစ်စောင် ကျပ်နှစ်သောင်း ကနေ ကျပ် သိန်းချီထိ ပေးကြရသည်ဟု ဆိုသည်။ ၎င်းပြင် တစ်လင် တစ်မယား စနစ်ကို ကျင့်သုံးရမည်ဟု ဥပဒေ ထုတ်ထားသော်လည်း တစ်ဦးထက် ပိုယူပါကလည်း အုပ်ချုပ်ရေး အရာရှိများကို သိန်းဂဏန်းရှိသောငွေဖြင့် လာဘ်ထိုး ဖြေရှင်းနိုင်ကြသည်ဟု ပြောသည်။ ၎င်းပြင် သားသမီးကို နှစ်ဦးထက် ပိုမယူရဟု ဒေသန္တရ ဥပဒေ ထုတ်ထားသော်လည်း ပို၍ ယူသူများ အနေဖြင့် ပိုက်ဆံပေးပြီး အိမ်ထောင်စု စာရင်းတွင် သွင်းနိုင်ကြောင်း သိရသည်။ တဖက်နိုင်ငံသို့ ထွက်ပြေးသွား၍ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ထားသူ (အစိုးရ အခေါ် ဘီဒီပြေး) များအားလည်း မြန်မာသို့ ပြန်လာပြီး အိမ်ထောင်စု စာရင်းတွင် သွင်းပေးရန် တစ်ဦးကို ကျပ် သုံးသိန်းမှ ငါးသိန်းအထိ ယူကြောင်း သိရသည်။ ၎င်းပြင် အမြဲတမ်းရှောင်တခင် စစ်ဆေးမှု ပြုလုပ်သော ဆွဲ/တင်/စစ် ပြုလုပ်ရာတွင်လည်း ပတ်စ်ပို့ ဆိုက်အရွယ် ဓါတ်ပုံ တစ်ပုံကို ကျပ် ၃၀၀၀ မှ ၇၀၀၀ ထိ သက်ဆိုင်ရာမှ တောင်းယူသည်ဟု ဆိုသည်။ ဆွဲတင်စစ်ဆိုသည်မှာ လူဦးရေစစ်မည့် ရွာကို မြေပုံဆွဲခြင်း၊ ရွာမှာရှိတဲ့ အိမ်ထောင်စုတွေကို ဓါတ်ပုံရိုက်ခြင်း၊ လူဦးရေကို မှတ်တမ်းတင်ခြင်းကို ဆိုခြင်း ဖြစ်သည်။ ထိုသို့ ဒေသန္တရ ဥပဒေများကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အရာရှိများမှ ကိုယ်ကျိုး အတွက် လာဘ်ငွေ ယူပြီး ဆောင်ရွက်ခြင်းများကြောင်း မောင်တောခရိုင်တွင် လူဦးရေမှာ ကြောက်ခမန်းလိလိ တိုးပွားလာသည်ဟု သိရသည်။ မောင်တောခရိုင်ရှိ ဘင်္ဂါလီ အိမ်ထောင်စုများတွင် အိမ်ထောင်စုတစ်စုလျှင် လူဦးရေ ၃၀ ကျော်ရှိနေပြီး အချို့ အိမ်ထောင်စုများတွင် လူဦးရေ ၇၀ ကျော်ပင် ရှိနေကြောင်းလည်း တွေ့ရှိခဲ့ရသည်ဟု လ၀က အရာရှိ တစ်ဦးကို ကိုးကားပြီး Hot News Weekly တွင် မေလ ၁၇ ရက်နေ့က ဖေါ်ပြသည်။ ယခု လက်ရှိ အစိုးရကလည်း မောင်တောခရိုင် အတွင်း ဒေသန္တရ အုပ်ချုပ်ရေးကို ဆက်လက် ကျင့်သုံးမည် ဖြစ်ကြောင်း မောင်းတောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစောနိုင်မှ သတင်း မီဒီယာများသို့ တရားဝင် ပြောကြားထားသည်။ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ် (၂) ခုဖြင့် ဖွဲ့စည်းထားသော မောင်တောခရိုင်တွင် အုပ်ချုပ်ရေး အရာရှိများမှ ဆက်လက်ပြီး ဒေသန္တရ အမိန့်အာဏာကိုများကို ကိုယ်ကျိုးအတွက် လာဘ်လာဘ ယူပြီး လုပ်ဆောင်နေကြလျှင် အခြေအနေမှာ ယခု လက်ရှိထက် ဆိုးရွားကာ လုံးဝ ထိန်းမနိုင် သိမ်းမရသော အခြေအနေသို့ ရောက်ရှိသွားနိုင်ကြောင်း ဒေသခံများက ပြောဆိုလျှက် ရှိသည်။ http://www.narinjara.com/burmese/?p=5652

Thursday, March 28, 2013

စွမ်းအားရှင်တွေရှိသေးလား

အမှန်အတိုင်း ပြောရရင် ယနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် လုပ်ရပ်များကို အဖွဲ့ အစည်း တခုခုက ဦးဆောင်ပြီးပုံဖော်နေတယ်လို့ ယုံကြည်ပါတယ် ။ လုပ်ကိုင် ဆောင်ရွက်ပုံများကို ကြည့်ရင်လည်း ဘယ်သူတွေက ဦးဆောင်နေလည်း ဆိုတာ အတော်လေးကို သိသာထင်ရှားပါတယ် ။ သူတို့ ဟာ အဲဒီလို အကြမ်းဖက် လုပ်ရပ်များကို လုပ်ကိုင်ဆောင်ရွက်ရင်းကဘဲ ၊ သံဃာများကို အကြည်ညိုပျက်အောင် ၊ လူထုက ယုံကြည်လေးစားတဲ့ ခေါင်းဆောင်များကို နံမည်ပျက်အောင် ၊ လူထုက ယုံကြည်အားကိုးတဲ့ အဖွဲ့ အစည်းများကို နံမည်ပျက်အောင် ဖျက်စီးဖို့ နည်းမျိုးစုံ အသုံးချပြီး ၀ါဒတွေဖြန့် နေကြတာ တွေ့ ရပါတယ် ။ မသိနားမလည်တဲ့ လူအများက သူတို့ ပြောသမျှ အဟုတ်ထင်ကာ ၊ အမှန်ပါလို့ ယူဆပြီး အကြမ်းဖက် လုပ်ရပ်များကို မြှောက်ထိုး ပင့်ကော်နဲ့ နိုးဆော်ကြသလို ၊ လူထုက ယုံကြည်လေးစားတဲ့ ခေါင်းဆောင်များနှင့် အဖွဲ့ အစည်းများကို ရိုင်းပြစွာ ဆဲရေး တိုင်းထွာ ပြောဆိုသံများကို မြင်တွေ့ နေရလို့ အင်မတန် စိတ်ပျက်စရာ ကောင်းလွန်းလှပါတယ် ။ အခုဖြစ်ပွားနေတဲ့ အကြမ်းဖက် လုပ်ရပ် ဖြစ်စဉ်များကို သေချာစွာ ပြန်လည် စဉ်းစားကြည့် မယ်ဆိုရင် ၊ လုပ်ရပ်တော်တော်များများမှာ ဦးဆောင်ကြသူတွေဟာ ရဟန်းသံဃာများ မဟုတ်သလို ၊ ဒေသခံများလည်း မပါဝင်ပါဘူး ။ အဓိကလုပ်ကိုင်ဆောင်ရွက်နေကြသူအများစုဟာ နဂိုကတည်းက အဖွဲ့အစည်းတခု အောက်မှာ အတူတူ အလုပ်လုပ်ဘူးကြတဲ့ လူတွေ ဖြစ်ဖို့ များပါတယ် လို့ တွေးမိရင်းက ကျနော့် အတွေးထဲကို ၀င်လာတာက စွမ်းအားရှင် ဆိုတဲ့ အဖွဲ့ အစည်းပါဘဲ ။ ယခင် စစ်အာဏာရှင် အစိုးရ အုပ်ချုပ်စဉ် အချိန်က နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ စွမ်းအားရှင် အဖွဲ့ အစည်းဆိုတာ အားလုံးကြားဖူးကြလိမ့်မယ် ထင်ပါတယ် ။ ဒီအဖွဲ့ အစည်းဟာ ပြည်ထောင်စု ကြံ့ ခိုင်ဖွံ့ ဖြိုးရေး အသင်းရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိခဲ့ တယ်ဆိုတာလည်း အားလုံး အသိပါဘဲ ။ အဲဒီ အဖွဲ့ အစည်းရဲ့ ခေါင်းဆောင်များ အပါအ၀င် နောက်လိုက် အများစုဟာ စိတ်ကြမ်း ၊ လူကြမ်း ထောင်ထွက်များ ၊ အရပ်ထဲတွင် နံမည်ပျက်ဖြင့် ထင်ရှားသည့် လူမိုက်များ ၊ ပညာမဲ့ တွေ ဖြစ်တယ်ဆိုတာ ၂၀၀၇ ရွှေဝါရောင်မှာ ကြုံတွေ့ ဖူးလို့ လည်း အားလုံး သိပြီးသား ဖြစ်မှာပါ ။ ဒီမိုကရေစီ အမည်ခံ အစိုးရ တက်လာတော့ အဲဒီအဖွဲ့ ရဲ့ လုပ်ရှားမှုများ ငြိမ်သက်သွားပြီး အဲဒီ အဖွဲ့ အစည်းက လူတွေ ပျောက်သွားပါတယ် ။ တကယ်ပျောက်ဆုံးသွားတာလားဆိုတော့ မဟုတ်ပါဘူး.........သူတို့ တတွေဟာ ရှိနေကြဆဲပါ ။ အခါ အခွင့် မသင့် သေးလို့ ရုပ်ဖျက် ကိုယ်ယောင်ဖျောက်ပြီး အသွင်းပြောင်းထားတာပါလို့ ကျနော်ကတော့ ယုံကြည်နေပါတယ် ။ ယနေ့ နိုင်ငံတော် သမ္မတကြီး ပြောသလို ပွင့် လင်း မြင်သာတဲ့ ခေတ်ကို တကယ် ရောက်ရှိနေပြီဆိုတာ မှန်ခဲ့ ရင် လွှတ်တော် ကိုယ်စားလှယ် များ အနေဖြင့် လွှတ်တော် အတွင်းမှာ အားလုံး သိသာထင်ရှားသွားအောင် အောက်ပါ မေးခွန်းများကို မေးမြန်းသင့် ပါတယ် ။ ၁ ။ စွမ်းအားရှင် အဖွဲ့ အစည်းဟာ ယနေ့ ထိ ရှိနေဆဲလား ။ ဖျက်သိမ်းလိုက်ပြီလား ။ ၂ ။ ရှိခဲ့ တယ်ဆိုရင် တရားဝင် မှတ်ပုံတင်ထားရဲ့ လား ၊ ရည်ရွယ်ချက်က ဘာလည်း ၊ ဘယ်လို အလုပ်တွေကို အဓိက လုပ်ကိုင်နေကြသလည်း ၊ အဖွဲ့ ၀င် အင်အားနှင် အဖွဲ့ အစည်းမှာ ဘယ်သူတွေ ဦးဆောင် ပါဝင်ကြသလည်း ဆိုတာ သိအောင် မေးမြန်းသင့်ပါတယ် ။ ၃ သီးခြား အဖွဲ့ အစည်း အဖြစ် ရပ်တည်နေဆဲ မဟုတ်ဘဲ ၊ ယခင်ကလိုဘဲ ပြည်ထောင်စု ကြံ့ ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေး အသင်းလက်အောက်မှာ ဘဲ ထားရှိတယ် ဆိုရင် ဘယ်သူတွေက အဲဒီစွမ်းအားရှင် အဖွဲ့ အစည်းကို တိုက်ရိုက် ကြိုးကိုင် ချယ်လှယ်နေတာလည်း အုပ်ချုပ်ကြသလည်း ။ ၄. အကယ်၍များ ဖျက်သိမ်း လိုက်ပြီ ဆိုရင်လည်း ယခင်က အဲဒီ အဖွဲ့ ကို အသက်သွင်းခဲ့ တဲ့ ကြံ့ ခိုင်ရေး ပါတီဝင်ကို မေးမြန်းသင့် တာက ဘယ်လို ရည်ရွယ်ချက်တွေကြောင့် စွမ်းအားရှင် ဆိုတဲ့ အဖွဲ့ ကို ဖွဲ့ စည်းခဲ့ ကြတာလည်း ၊ ထို အသင်းရဲ့ အဓိက လုပ်ကိုင်ဆောင်ရွက်ခဲ့ တဲ့ ထင်ရှားတဲ့ ကိစ္စများ ၊ အသင်းရဲ့ လုပ်ရှားမှု ပုံစံ နှင့် အသင်းဝင် အင်အား ၊ အဓိက ဦးဆောင်ခဲ့ တဲ့ ခေါင်းဆောင်များ ၊ ထိုခေါင်းဆောင်များကို ဘယ်လို ရွေးချယ်ခဲ့ သလည်း ၊ အသင်းဝင်များကို ဘယ်လို စုဆောင်းခဲ့ သလည်း ဆိုတာ လေးတွေ သိအောင် မေးမြန်းပေးကြပါလို့ လွှတ်ာတော် ကိုယ်စားလှယ်များကို မေတ္တာရပ်ခံ ချင်ပါတယ် ခင်ဗျာ ။ ဗမာ့သွေး

အကြမ်းဖက်အဓိကရုဏ်း လက်သည် ဘယ်သူလဲ

အပိုင်း(၁) ဆဲချင်သလိုဆဲ မတတ်နိုင်တော့ပြီ အမှန်ကိုတော့ ရေးတော့မည်။ ဗိုလ်သန်းရွှေ ဗိုလ်မောင်အေးတို့မဆင်းခင်လေး ရှုပ်ထား ယုတ်ထားသမျှ ကျနော့ဆီ အရောက်ပေးပို့လာကြသော တပ်မတော် အရာရှိကလေးများကိုတော့ အားနာသည်။ သို့သော် အမှန်တရားအတွက် ကျနော် ဖေါ်ကောင်လုပ်ပေးတော့မည်။ ပြဿနာအစက အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်ဝက် မြန်မာပြည်သွားသော ကာလတွင် ဗိုလ်သန်းရွှေနှင့် တရုတ်တို့ ချေခြင်းလိမ်တော့သည်။ ဗိုလ်သန်းရွှေတို့ တပ်မတော်က အကြွေးအလွန်ထူနေသောကြောင့် ထွက်ပေါက်ရှာရေး မဟာဗျူဟာခင်းခဲ့ကြသည်။ ဂျင်ဝက်၏ ချီးကျူးထောပနာပြုမှုအတွက် အမြတ်ထွက်အောင် ဘဘကြီး ဗိုလ်သန်းရွှေကိုယ်တိုင်တွေ့ဆုံပြီး ရှေးမြန်မာအနာဂတ်အတွက် အကြေလည်ရှင်းပြပြီး ၂၀၁၀ ရွေးကောက်ပွဲအကြောင်း ဂျင်ဝက်နှင့် နိုင်ငံတကာသို့ လက်ဆောင်ပါးလိုက်သည်။ ရွေးကောက်ပွဲကျင်းပရန် ၂လခွဲတင်းတင်းလောက်လိုသော ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် ဂျင်ဝက်အား ဗိုလ်သန်းရွှေက ၂ နာရီကြာမျှတွေ့ဆုံပြီး အသေးစိတ်ချပြကာ ၄င်းလိုချင်သော အခြေနေအား နားချသည်။ တဖက်မှလဲတရုတ်ပြည်နှင့် နားလည်မှုရအောင် Lion Share ဟုခေါ်သော စီမံကိန်းကြီးများဖြင့် မက်လုံးပေးထားသည်။ သို့သော် နိုင်ငံတကာ ကြွေးမြည်အား တရုတ်မှ ဆပ်ပေးမည်မဟုတ်သကဲ့သို့ ပိတ်ဆို့မှုများဖြင့် တင်းကြပ်နေသော မြန်မာ စစ်အစိုးရက ဂျင်ဝက်ဆိုသော အမေရိကန်ဆီးနိတ်အမတ်အား ငါးစာလုပ်ပြီး နိုင်ငံတကာ ငါးပွက်အိုင်ကြီးထဲသို့ ပစ်ချခဲ့သည်။ ဗိုလ်ချုပ်မှုးကြီး အရူးကြီးသန်းရွှေနှင့် တွေ့ခဲ့ပြီးသော ဂျင်ဝက်က တက္ကသိုလ်ရိပ်သာလမ်းမှ နိုင်ငံတော် အချုပ်အိမ်စံ တပင်တိုင် အတိုက်ခံသမားကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သွားတွေ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား ဒေါသလျော့ဖို့နှင့် ဥာဏ်ကျယ်ကျယ်ဖြင့် စဉ်းစားဖို့ ဂျင်ဝက်က တိုက်တွန်းသည်။ ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေဘောင်အတွင်းထဲမှ နိုင်ငံရေးနှင့် မိမိယုံကြည်ချက်ကို လုပ်ကိုင်ရန် ဂျင်ဝက်က မေတ္တာရပ်ခံသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျင်ဝက်တို့ ဆွေးနွေးပွဲ အခြေတော်တော်မလှပဲ ရုတ်သိမ်းခဲ့ရသည်။ (အမေရိကန်သံရုံးမှ ၄င်းနိုင်ငံခြားရေးဌာနသို့ ပေးပို့သော သတင်းအား ၀ီကီလိက ဖေါက်သယ် ပြန်ချခဲ့သည်)။ ဂျင်ဝက် ပြန်သွားသောအခါ တရုတ်သံရုံးမှ နိုင်ငံတော် အေးချမ်းသာယာရေးကောင်စီသို့ တရုတ်ပြည်မှ သံစာ တစောင် ပေးပို့သည်။ ၄င်းစာပါအရ ဗိုလ်သန်းရွှေနှင့် အခြားသော စစ်အရာရှိများ ဂျင်ဝက်နှင့် ဆွေးနွေးထားသောကိစ္စများအား အင်္ဂလိပ်သို့ ဘာသာပြန်အဖြစ် တရုတ်က တောင်းခံခဲ့သည်။ ထိုအချိန်တွင် ဗိုလ်သန်းရွှေလုပ်သမျှ ဘောလိုက်မနေသော မင်းအောင်လှိုင်(ယခု ကာချုပ်)မှ အားလုံးတရုတ်ပြည်ဆိုင်ရာ ကိစ္စများအတွက် လိုလေသေးမရှိ လုပ်ပေးသည်။ ထိုအချိန်က ဗိုလ်ချုပ်မြင့်အောင် (ယခု ထောင်ဒဏ် ၁၅နှစ် သာယာဝတီ အကျဉ်းထောင်) က တရုတ်အား မိမိတို့၏ နိုင်ငံတကာ သံတမန်ကိစ္စများ အသိပေးတင်ပြရမည်မှာ အဓိပ္ပါယ်မရှိကြောင်း ပြောဆိုခဲ့မှုကြောင့် ဗိုလ်သန်းရွှေမှ မျက်မုန်းကျိုးသွားခဲ့သည်။ ထိုကြောင့် ၂၀၁၁ ခုနှစ်ဖေဖေါ်ဝါ၇ီလတွင် ဗိုလ်ချုပ်မြင့်အောင်အား ၄င်း၏ အောက်လက် အရာရှိဖြစ်သူ ယခု အာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၏ ညွန်ကြားမှုအောက်တွင် တာဝန်ထမ်းဆောင်၇န် ဗိုလ်သန်းရွှေမှညွန်ကြားမှုအား လက်မခံနိုင်ဖြစ်ပြီး ဆင်ခြေပေးထောက်ပြမိရာမှ ထောင်နန်းစံသူ အဖြစ်သို့ပို့ဆောင်ခံခဲ့ရ၏။ အကြောင်းမှာ ဗိုလ်ချုပ်မြင်အောင်သည် တရုတ်ပြည်အား မြန်မာ အစိုးရမှ အလုံးစုံကြောက်ရွံ့ မှီခိုအားထားနေမှုအား တပ်မှူးများ၏ အစည်းဝေးအချို့တွင် မကြာခဏ ထောက်ပြလေ့ရှိသောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။ တရုတ်ပြည်မှ ပိုပြီးယုံကြည်မှုရစေရန်နှင့် မိမိအား အကာကွယ်ပေးရန် ဗိုလ်သန်းရွှေအပါဝင် စစ်ဝန်ကြီးများနှင့် တကွ စီးပွါးရေးလုပ်ငန်းရှင် ခရိုနီများဖြင့် စက်တင်ဘာလ (ရ)ရက်နေခင်း ၁၀ နာရီတွင် စိတ်ကောက်တော်မူနေသော တရုတ်သမ္မတ ဟူချင်တောင်းနှင့် တွေ့ဆုံပြီး ၄င်းပြုလုပ်ထားသော ဗျူဟာ များအား အသေးစိတ် တင်သွင်းခဲ့သည်။ သို့သော် သတင်းဌာနများနှင့် သံတမန်ရပ်ကွက်များတွင် ကုန်သွယ်ရေးနှင့် ရွေးကောက်ပွဲများအကြောင်းကို သာ ကူညီဆောင်ရွက် လက်တွဲဖို့ရှိကြောင်း တင်ပြထားခဲ့သည်။ (China lauds 'friendly' Myanmar as junta leader arrives By Dan Martin (AFP) – Sep 7, 2010) ဆောင်းပါးကို ပြန်လည် ဖတ်ရှုနိုင်သည်။ တရုတ်နိုင်ငံ သံတမန်များမှတဆင့် နိုင်ငံတကာသို့ သံချောင်းခေါက်ကာ ဗိုလ်သန်းရွှေတို့၏ ရွှေးကောက်ပွဲအတွက် စည်းရုံးပေးခဲ့ကြသည်။ ဗိုလ်သန်းရွှေတို့ကလည်း တရုတ်တို့ဘက်သို့ Lion Share အားလုံးအားပေးသည့် အနေဖြင့် မြစ်ဆုံရေကာတာနှင့် လက်ပံတောင်းစီမံကိန်းအပါဝင် စီမံကိန်းအကြီးစားပေါင်း ၁၂၄ ခု ပေးခဲ့သည်။ထို့အပြင် မြစ်ဆုံဒေသ လုံခြုံရေးအတွက် တိုင်းရင်းသားလက်နက်ကိုဖြစ်သော ကချင်တိုင်းရင်းသားများအား အမြစ်လှန်ဖယ်ရှားရေးကိုပါ ၀န်ခံကတိပြုခဲ့သည်ကို သက်သေအထောက်ထားတိကျစွာ စာရေးသူထံတွင် လက်ဝယ်ရှိပါသည်။ ထို့အပြင် ၂၀၀၉ ခုနှစ်ကပင် တရုတ်တို့နှင့် သဘောတူခဲ့သော နှစ် ၅၀ ကြာ စာချုပ်ဖြင့် ရခိုင်ကမ်းလွန်ဒေသမှ ရှည်လျားကွေးကောက်သော ဂစ်ပိုက်လိုင်းကြီး၏ လုံခြုံရေးသည် အလွန်အရေးပါသော အခြေနေသို့ ရောက်ရှိခဲ့ပြီး ၂၀၁၀ ရွှေးကောက်ပွဲ ပြီးဆုံးသွားသည့်နောက် တရုတ်စီးပွားရေး ရင်းနှီးမြုပ်နှံမှုအား ထိကပါးရိကပါး အခြေနေသို့ ရောက်ရှိလာမည်ဖြစ်သော မြစ်ဆုံရေကာတာ ဖြစ်သော အမြင့်ပေ ၄၅၈ ရှိပြီး အလျားပေ ၄၂၉၇ပေခွဲရှိသည့် ရေကာတာကြီးအား မြန်မာပြည်သူတရပ်လုံးမှ ကန့်ကွက် ဆန္ဒပြကြရာမှ သမ္မတ ဦးသိန်းစိန်အနေဖြင့် လူထု ယုံကြည်မှုအား ၄င်းမှ တည်ဆောက်ပြရန်အလို့ဌာ ခေတ္တရပ်ဆိုင်းရန် ၂၀၁၁ ခုနှစ် စက်တင်ဘာလ နေခင်း ၁၁ နာ၇ီတွင် ကြေငြာချုက်ထုတ်ခဲ့သည်ကို တရုတ်ပြည်အစိုးရ အထင်မမှားစေရန် နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် အား တရုတ်ပြည်သို့ အောက်တိုဘာလ တွင် စေလွှတ်တောင်းပန်ခိုင်းကာ နှစ်သိမ့်မှုလုပ်ခဲ့ရ၏။ ထိုနောက် ရခိုင်ဒေသ မှ သွယ်တန်းမည်ဆောက်လုပ်နေသော ဂစ်ပိုက်လိုင်းကြီး၏ လုံခြုံရေးအတွက် အောက်လမ်းနည်းဖြင့် မသမာသော အစီမံများလုပ်ဆောင်ရန် အသေးစိတ်အစီစဉ်များအား တရုတ်သို့ တင်ပြခဲ့ပြီး၊ ရခိုင်ဒေသအတွင်း မတည်ငြိမ်မှုများအား စတင်အကောင်ထည်ဖေါ်ဆောင်ရွက်ရန် ၀န်ကြီး ဦးအောင်သောင်းတို့ အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်မည့် အစီစဉ်များ စတင်ခဲ့သည်။

Tuesday, August 14, 2012

Japan to help Burma create a securities and exchange law

Japan to help Burma create a securities and exchange law The Policy Research Institute of Japan and Central Bank of Myanmar will sign a Memorandum of Understanding (MOU) on Tuesday to create a Myanmar Securities and Exchange Law, said an official of the Central Bank of Myanmar. Maung Maung Win, the deputy governor of CBM, said the law would govern the workings of the Burmese stock exchange, which will be brought up to international standards by 2015. Hidemi Kimura, the PRI director of the Office of International Research and Cooperation, said, "We hope to start cooperation as soon as possible after the signing. We have already formed a working group from our side.” Tokyo Stock Exchange and Daiwa Institute signed an MOU with CBM on May 29 to provide technical and human resource development assistance to establish a Burmese stock exchange that meets international standards. A draft of the Securities and Exchange Law was published in The Mirror, the government daily newspaper, on August 11. On May 31, Mizzima reported that an agreement on technical aid has been signed between the Central Bank of Myanmar and the Daiwa Research Institute and Tokyo Stock Exchange of Japan. Minister of Finance and Revenue Hla Tun, who is also chairman of the Capital Market Development Committee, said Burma would establish a stock exchange by 2015 under a blue print set out by the committee. To provide for listed companies on the stock exchange, Burma has allowed the set-up of public companies in a bid to develop the market economy. The Directorate of Investment and Companies will encourage the public to invest their savings and capital in appropriate business sectors. According to the directorate, the seed capital for public companies is set to be at least 500 million kyat (about US$ 625,000), according to reports. Entities seeking to become public companies must have at least seven initial holders, sell unlimited shares to the public, be an economically sustainable business and employ skilled labor. Many Japanese and foreign investors believe that the envisaged stock market will open up numerous business opportunities in the future, although many obstacles remain. Experts have pointed out that after five decades of isolation from the global community, the move to an up-to-date economy will be fraught with problems. The IMF is currently working with the government in an effort to bring its financial system up to basic international standards. The plan to set up a stock market by 2015 comes at the same year as the Association of Southeast Asian Nations plans to integrate the region’s economies to create the Asean Economic Community, in which trade barriers will be dropped or reduced. Meanwhile, the Tokyo bourse is expecting future benefits by helping Burma to open its stock exchange, the Japan Times said in early May. “We hope our support will lead to more active trade on our exchange,” spokesman Naoya Takahashi was quoted as saying. For example, he said the TSE hopes to build a broader tie-up with Burma’s stock exchange by listing financial products on each other's markets or exchanging stock price information. “For TSE, it is a long-term story, rather than a short-term business chance,” Takahashi told the newspaper. Daiwa will be in charge of helping the country nurture a capital market through various measures, including the training of the stock exchange's workforce and giving advice to set up the IT systems necessary in the securities business, the article said. TSE will also help establish rules and standards to operate a stock exchange. Daiwa said the company's approach to the country dates back to the early 1990s, which led to Daiwa's official contract with the country to help set up the Myanmar Securities Exchange Center Co., an over-the-counter stock market, in 1996. The company said it would use its experiences at the MSEC to create the new stock exchange. Currently, at the MSEC only the shares of two companies are traded. http://www.mizzima.com/business/7751-japan-to-help-burma-create-a-securities-and-exchange-law.html

Friday, July 13, 2012

ဂျပန်နိုင်ငံခြားရေးဌာနကို မြန်မာတွေသွားရောက် ရှင်းလင်း

ဂျပန်နိုင်ငံခြားရေးဌာနကို မြန်မာတွေသွားရောက် ရှင်းလင်း 2012-07-11 ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့ AUN က ဒီကနေ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကို သွားရောက်ပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ရှင်းလင်းပြော ဆိုကြောင်း သိရပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခဟာ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာအရေး အပေါ် အခြေခံလာတာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကို ရှင်းပြခဲ့ကြောင်း AUN အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းခိုင်က RFA ကို ပြောပါတယ်။ "ဒီ ရိုဟင်ဂျာ ဆိုတာ အရင်တုန်းကလည်း မရှိခဲ့ဖူးဘူး။ အဲတာကို သူတို့က တိုင်းရင်းသား အနေနဲ့ တောင်းဆိုတယ်။ ဒီဥစ္စာတွေဟာ လုပ်ကြံ ဖန်တီးမှုတွေ ဖြစ်တယ် ဆိုတဲ့ဟာတွေကို ကျွန်တော်တို့ သွားရှင်းပြတာပါ။ သမိုင်း အထောက်အထားနဲ့။ ဒီ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ကတော့ ဒီအဖြစ်အပျက်တွေကို သူတို့ကလည်း သိသင့်သလောက် သိတယ်ဆိုတဲ့ အကြောင်း၊ သူတို့ ကိုယ်တိုင်လည်း အဲဒီနယ်ကို ရောက်ခဲ့တယ် ဆိုတဲ့အကြောင်း ပေါ့ဗျာ၊ ပြန်ပြီးတော့ တုံ့ပြန်တာ ရှိပါတယ်။ မြန်မာပြည်မှာဗျာ၊ နှစ်ရှည်လများ နေထိုင်လာကြတဲ့ သူတွေကတော့ သက်ဆိုင်ရာ အထောက်အထားတွေနဲ့ ပြနိုင်လို့ ရှိရင်တော့ ဒါက နိုင်ငံသားအဖြစ် ဥပဒေအရ အသိအမှတ် ပြုသင့်တဲ့သူတော့ ပြုပေးဖို့ လိုတယ်။ နေထိုင်ခွင့် ပြုပေးသင့်သူကို နေထိုင်ခွင့် ပြုဖို့လိုတယ်။ နယ်နှင်ဒဏ် ပေးသင့်တဲ့ သူကို နယ်နှင်ဒဏ် ပေးဖို့လိုတယ်။ အဲတာကိုတော့ ကျွန်တော်တို့ ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့လိုတယ်" ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ မေတ္တာရပ်ခံချက်အရ AUN အဖွဲ့က သမိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ နောက်ဆုံးရ သတင်းတွေကို ပေးပို့သွားမယ်လို့ ဆိုပါတယ်။ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို သွားရောက်သူတွေထဲမှာ AUN အဖွဲ့ တာဝန်ရှိသူတွေအပြင် KANDA တက္ကသိုလ်က သမိုင်းပါမောက္ခ ဒေါက်တာ အေးချမ်းလည်း ပါဝင်တယ်လို့ သိရပါတယ်။ http://www.rfa.org/burmese/news/japan-myanmar-rohingya-07112012121214.html

Thursday, February 16, 2012

ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော....ဒေါက်တာမင်းသိန်း

‎(မြန်မာပြည်ကို လူညွန့်တုံးအောင် လုပ်ခဲ့တဲ့ ဗိုလ်ခင်ညွန့် ရဲ့ လုပ်ရပ်တွေထဲ သမိုင်းဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ကို ပြန်လည် တင်ဆက်လိုက်ပါတယ်။) ကြယ်ဆိုတာ ကိုယ်ပိုင်အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင်ကြီးပဲ။ ရာသီဥတုကြည်လင်တဲ့ ညတွေဆိုရင် အရောင်လက်နေတဲ့ ကြယ်တွေဟာ စိန်တွေလိုပဲ တဖျပ်ဖျပ် လက်နေတယ်ဆိုတာ လူတိုင်း သိကြသလို၊ မြင...်လည်း မြင်ဖူးကြပါတယ်။ စစ်အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က သေနတ်မှန်ထားတဲ့ ကျောင်းသူလေးကို သယ်ယူပြေးလွှားနေသည့် ဒေါက်တာ စောလွင်နှင့် ဒေါက်တာ မင်းသိန်း၊ ကျမတို့ တိုင်းပြည်မှာ ရှိတဲ့ လူငယ်များစွာဟာလည်း ကြယ်တွေလိုပါပဲ။ ကိုယ်ပိုင်အရည်အချင်း အထင်အရှားရှိကြတယ်။ ဉာဏ်ပညာ ထက်မြက် တယ်။ စိတ်ဓာတ်မြင့်မားကြတယ်။ ဒါပေမယ့် ၀မ်းနည်းဖို့ ကောင်းတာက အဲ့ဒီကြယ်တွေဟာ တဖြုတ်ဖြုတ်နဲ့ ကြွေနေ တယ်။ ဒါကြောင့် ကျမက ကြယ်တွေကြွေနေတဲ့ တိုင်းပြည်လို့ နာမည်ပေးထားတယ်။ ၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက်နေ့က အဖြစ်အပျက်တွေကို ပြောလိုက်တာနဲ့ လူတိုင်းမြင်ဖူးပြီးသားဖြစ်တဲ့ ဓာတ်ပုံတပုံ အကြောင်း ပြောပြချင်ပါတယ်။ အဲဒီ ဓာတ်ပုံက သေနတ်မှန် ပြီး ဒဏ်ရာရနေတဲ့ အင်္ကျီအဖြူ လုံချည်အစိမ်းနဲ့ ကျောင်းသူ လေးကို ဂျူတီကုတ်အဖြူဝတ် ထားတဲ့ ဆရာဝန်နှစ်ဦးက ဆွဲပြေးနေတဲ့ပုံပါ။ ဒီဓာတ်ပုံကို မမြင်ဖူးတဲ့လူ မရှိပါဘူး။ မြင်တဲ့ လူတိုင်း ခံပြင်းဒေါသ ဖြစ်ကြပါတယ်။ အဲဒီ ဓာတ်ပုံထဲက ဆရာဝန်နှစ်ဦး ဘယ်ကိုရောက်သွားတယ်ဆိုတာ သိတဲ့လူ နည်းမယ်လို့လည်း ကျမထင်ပါတယ်။ ရှေ့ကနေကျောင်းသူလေးရဲ့ ခြေထောက်ကို ဆွဲမထားတဲ့ဆရာဝန်ရဲ့ နာမည်က ဒေါက်တာစောလွင်၊ ခေါင်းကိုမထားတဲ့ ဆရာဝန်က ဒေါက်တာမင်းသိန်းဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ပညာချွန်သူတွေဖြစ်ကြပါတယ်။ ဒေါက်တာစောလွင် ဟာ ဆယ်တန်းစာမေးပွဲအောင်တုန်းက သင်္ဃန်ကျွန်းတမြို့နယ်လုံးမှာ ပထမ ရခဲ့ပါတယ်။ သူ့အစ်မကလည်း ဆရာဝန် ပါပဲ။ ဒေါက်တာမင်းသိန်းကလည်း ဆေးကျောင်းမှာ ထိပ်တန်းက ကျောင်းသားပါ၊ သူ့ညီ ကိုဝင်းသိန်း လည်း ဆရာဝန် တယောက်ပါပဲ။ သူတို့ရဲ့ဖခင်ကလည်း ဌာနတခုကညွှန်ကြားရေးမှူး အဆင့်ရှိတဲ့သူပါ။ ဒေါက်တာ မင်းသိန်းဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ တောခိုသွားခဲ့ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) မှာ ဆေးမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး တာဝန်နဲ့ ပြည်တွင်းကို ပြန်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ ဗိုလ်ချုပ်ခင်ညွန့်က တောတွင်းက ပြန်ရောက်လာသူတွေအနေနဲ့ န၀တ ကို သတင်းပို့ဖို့ လို ကြောင်း၊ သတင်းပို့လာခဲ့လျှင် အရေးမယူပါကြောင်း သတင်းစာရှင်းလင်းပွဲကနေ ပြောတာကြောင့်စိုးရိမ်တတ်တဲ့ ဒေါက် တာမင်းသိန်းရဲ့ အဖေက သူကိုယ်တိုင်စစ်ဒေသကို အကြောင်းကြားခဲ့ပါတယ်။ စစ်ဆေးဖို့ မခေါ်ခင်မှာ ဒေါက်တာ မင်း သိန်း က ဒေါက်တာ စောလွင်ကို သူတာဝန်နဲ့ ပြန်လာကြောင်းကို ပြောပြခဲ့ပါတယ်။ နောက်တနေ့မှာ ဒေါက်တာမင်းသိန်း ကိုမေးမြန်း စရာရှိတယ်ဆိုပြီး ခေါ်သွားပါတော့တယ်။ တပတ်လောက်ကြာတော့ ဒေါက်တာမင်းသိန်းကို ထောက်လှမ်းရေးစခန်းကနေ ပြန်လာပို့ပေးပါတယ်၊ မိဘတွေဆီ သေ ချာအပ်နှံသွားခဲ့ပါတယ်၊ သို့သော်လည်း ဒေါက်တာ မင်းသိန်းတယောက် ခြေလက်တွေဖောယောင်ပြီး ဆီးမသွားနိုင် တော့ပါ၊ ဒါကြောင့် ကိုဝင်းသိန်း (ဒေါက်တာ မင်းသိန်းရဲ့ ညီ)က ဒေါက်တာ စောလွင်တို့ မောင်နှမကို အကြောင်းကြားခဲ့ ပါတယ်၊ ဒေါက်တာ စောလွင် ရောက်လာတော့ ဒေါက်တာမင်းသိန်းက ပြောပြပါတယ်။ သူ့ကို ထောက်လှမ်းရေးက ဆေး တလုံး ထိုးပေးလိုက်တယ်တဲ့၊ ဘာဆေးလဲဆိုတာတော့ မပြောဘူးတဲ့၊ သူအခုဖြစ်နေတာတွေက အဲဒီ ဆေးကြောင့်ဖြစ် မယ်လို့ ဆိုပါတယ်။ အခုသူ ဗိုက်ကြီးတင်းနေပြီး အသက်ရှူရတာ ကြပ်နေတယ်လို့ ပြောပြခဲ့ပါတယ်။ ဒေါက်တာစောလွင်နဲ့ ကိုဝင်းသိန်း က ဆေးရုံတင်ဖို့ စီစဉ်နေစဉ်မှာပဲ ထောက်လှမ်းရေးက ဆေရုံတင်မယ်ဆိုရင် စစ်ဆေး ရုံကိုပဲ တင်ခွင့်ရှိကြောင်း၊ စစ်ဆေးရုံမှာကုသဖို့ စီစဉ်ထားကြောင်း အကြောင်းကြားလာပါတယ်။ ဒေါက်တာ မင်းသိန်းက စစ်ဆေးရုံမှာဆိုရင် ဆေးကုမခံနိုင်ဘူးလို့ဆိုပြီး အိမ်မှာပဲနေမယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ဒေါက်တာ စောလွင်နဲ့ ကိုဝင်း သိန်း တို့ကပဲ ကုသပေးခဲ့ပါတယ်။ ဒေါက်တာ မင်းသိန်းဟာ ဘယ်ဆေးရုံကိုမှ တက်ရောက်ကုသခြင်း မရှိခဲ့ဘဲ နောက်တနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဒေါက် တာ မင်းသိန်းဆုံးလျှင်ဆုံးခြင်း ဒေါက်တာ စောလွင် နဲ့ ကိုဝင်းသိန်းတို့က သူတို့ရဲ့ ဆရာ ဆရာဝန်ကြီးတဦးကို အကြောင်း ကြားပြီး အဲဒီ ဆရာကြီးနဲ့အတူ ရင်ခွဲစစ်ဆေးခဲ့ကြပါတယ်။ အဖြေကတော့ ကျောက်ကပ် အရမ်းကြုံ့သွားတာတဲ့။ ဒေါက် တာ စောလွင် တို့က မျက်မြင်သက်သေ ဖြစ်ခဲ့ကြပါတယ်။ ဒါကို သိသွားတဲ့ ထောက်လှမ်းရေးက ရင်ခွဲ စစ်ဆေးတဲ့ ဆရာ ၀န်ကြီးကိုမပေါက် ကြားစေရပါဘူးဆိုပြီး လက်မှတ်ထိုးခိုင်းခဲ့လို့ ထိုးခဲ့ရပြီး ဒေါက်တာ စောလွင်ကတော့ ထွက်ပြေးခဲ့ရပါ တယ်။ ဒေါက်တာ စောလွင် ထွက်ပြေးရတဲ့အတွက် သူ့ကို အားထားနေရတဲ့ ဆင်းရဲသားလူနာတွေ ဒုက္ခရောက်ခဲ့ကြရတာ ကျမ မျက်မြင်ပါ၊ အဲဒီအချိန်က ဒေါက်တာစောလွင်ဆေးခန်းမှာ ကျမ ကူလုပ်ပေးခဲ့ပါတယ်။ ဆင်းရဲတဲ့လူနာတွေကို ပိုက်ဆံမ ယူတဲ့အပြင် သူ့ရဲ့ဆေးဝါးတွေကိုပါ ပေးလိုက်ပါသေးတယ်။ ကင်ဆာဝေဒနာရှင် တဦးကိုလည်း ဆေးဖိုးဝါးခ အကုန်ခံပြီး ဆေးကုသပေးခဲ့တာ ကျမရှေ့တင်ပါ။ ၁၉၉၄ ခုနှစ်ထဲမှာ ဒေါက်တာ စောလွင်ကြောင့် ပင်စင်ပေးခံခဲ့ရတဲ့ သူ့ရဲ့ အဖေ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ တိမ်းရှောင်နေတဲ့ ဒေါက်တာစောလွင် ပြန်ရောက်လာခဲ့ပါတယ်။ ဘာမှ ထူးခြားမှုမရှိတဲ့အတွက် ထောက်လှမ်းရေး မေ့နေလောက် ပြီဆိုပြီး အစိုးရဆေးရုံမှာ အလုပ်လျှောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်းက တိုက်နယ်ဆေးရုံတရုံမှာ တာဝန်ကျခဲ့ပါတယ်။ အစပိုင်းမှာ ဘာမှမဖြစ်ခဲ့ပေ မယ့် နောက်ပိုင်းမှာတော့ ထောက်လှမ်းရေး က မကြာခဏ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်ထဲမှာ စစ်မေးတာ ပိုစိပ်လာပြီး စိတ်အနှောင့်အယှက်လည်း ပိုဖြစ်လာပါတယ်။ မခံနိုင်တဲ့အဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ခေတ္တ လွတ် မြောက်စဉ်မှာ တွေ့ရအောင် ခွင့်ယူပြီး ရန်ကုန်တက်လာခဲ့ပါတယ်။ သို့သော် အန်တီနဲ့ မတွေ့ဖြစ်ခဲ့ပါ။ ဒါကြောင့် ဘိုက လေး ကို ပြန်လာခဲ့ပါတယ်။ ဘိုကလေးကို ရောက်ရောက်ချင်း မ၀တ အတွင်းရေးမှူးက ခေါ်လို့ သွားတဲ့အခါမှာ မ၀တ ရုံးခန်းတွင်း စစ်ထောက်လှမ်း ရေး ၃ ယောက်နဲ့ အချိန်အတော်ကြာ တွေ့ဆုံခဲ့ရပါတယ်။ အဲဒီနောက် ဒေါက်တာစောလွင်တယောက် ညှိုးညှိုးငယ်ငယ်နဲ့ အိမ်ပြန်လာခဲ့ပါတယ်။ အတူနေသူတွေရဲ့ ပြောပြချက်အရ ဒေါက်တာစောလွင်ဟာ စိတ်ဒုက္ခရောက်စရာရှိနေပုံ ရပါတယ်။ သိသိသာသာ စကားနည်းသွားတယ်လို့လည်း ဆိုပါတယ်။ မေးရင်လည်း စကားလွှဲသွားပြီး ဘာမှသေချာ မပြောခဲ့ပါဘူး။ အဲဒီလို မပြောတာကလဲဘယ်သူ့ကိုမှ သူလိုမဖြစ်စေချင်လို့ မပြောတာလို့ ယူဆရပါတယ်။ အဲဒီနောက် ခွင့်ဆက်ယူပြီး ပစ္စည်းတွေသိမ်းဆည်းနေပါတယ်၊ ဒါပေမယ့် နောက်၂ ရက်အကြာမှာ ဆရာ ဒေါက်တာ စော လွင် အခန်းက တိတ်ဆိတ်နေပြီး လှုပ်ရှားသံမကြားရလို့ အတူနေသူတွေက စိုးရိမ်ပြီး တခါးဖျက်ဝင်ခဲ့ရာ သူ့ကိုယ်သူ ဆွဲ ကြိုးချ သတ်သေနေခဲ့ပါတယ်။ ဆရာ သေဆုံးရခြင်းအတွက် ကျမတကယ် နှမြောဝမ်းနည်းမိပါတယ်။ ဆရာဟာ လူတော်လူကောင်း တဦးပါ။ ကျမတို့ ဗမာပြည်မှာ ကြယ်တွေကြွေနေပါတယ်။ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ အဖိုးတန် သားတွေဆုံးရှုံးရတဲ့ မိဘတွေရဲ့ ခံစား ချက်က ဘယ်လောက်များ နာကျင်နေမလဲ။ ကျမတို့ရဲ့ အဖိုးတန် လူငယ်တွေ ဘယ်လောက်အထိများ ဆုံးရှုံးနေရဦးမှာ လဲ……။ ဒီဆောင်းပါးနဲ့ အညတြ သူရဲကောင်းများကို ဂုဏ်ပြုအပ်ပါတယ်။
ခင်ငြိမ်းသစ်
http://www.ex-absdf.com/2012/02/blog-post_7642.html

Tuesday, February 14, 2012

မျှော့လိုစားပြီး ခရုလိုသွားနေရင်ဖြင့်

ပြီးခဲ့တဲ့သတင်းကျွတ်လပြည့် မတိုင်မီကနေ နတ်တော်လပြည့်မတိုင်မီ ၂လလောက်အတွင်း ရွှေနိုင်ငံတော်ကြီးမှာ
အပြောင်းအလဲတွေအတော်များများဖြစ်ခဲ့တယ်လို့ဆိုရင်ရမယ် ခင်ဗျ .....

သတင်းကျွတ်လပြည့်နေ့မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအ၀င် ထောင်ကျအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်
နဲ့လွှတ်ပေးလိုက်တဲ့အထဲ နိုင်ငံကျော်လူရွှင်တော် အနုပညာရှင်ကြီးတဦးလဲပါခဲ့ပြီး သူထောင်ကလွတ်တာနဲ့တင် နိုင်ငံခြား
သတင်းဌာနတွေနဲ့ အင်တာဗျူးတွေမှာ ကြက်ဆူသမ္မတကြီးနဲ့တကွ ကြက်ဆူအစိုးရအဖွဲ့ကို စကားလုံးကျည်ဆန်တွေကို
တဒိုင်း ဒိုင်းနဲ့ အတော်ပစ်ခတ်ခဲ့လို့ ရွှေမြိုင်အောင်တို့ ၀မ်းသာအားရစွာနဲ့ လက်ခုပ်တီးအားပေးနေတုန်း.....

၃ပတ်လောက်အကြာမှာတော့ ကြက်ဆူအစိုးရရဲ့ လုပ်ဆောင်ချက်ဟာ ကောင်းသောအပြောင်းအလဲဘက်ကို ဦးတည်
နေပါတယ် မကြာခင်အပြောင်းအလဲတွေမြင်တွေ့ရဘို့ရှိပါတယ် နိုင်ငံရေးအကျဉ်းသားတွေကိုမကြာခင်လွှတ်ပေးမှာပါ
လို့ လူရွှင်တော်ကြီးပြောခဲ့တာတွေကတော့ သိသာထင်ရှားတဲ့အပြောင်းအလဲပါ ယနေ့ခေတ်စားနေတဲ့ လူသုံးများတဲ့
စကားနဲ့ပြောရရင် ထင်သာမြင်သာသောအပြောင်းအလဲပေါ့ခင်ဗျား .....

နောက်အပြောင်းအလဲတခုက တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူတွေကထောက်ခံမဲ ပေးခဲ့ကြလို့ ၁၉၉၀ ခုနှစ် အထွေ
ထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ရလာဘ်ကို အကောင်အထည်ဖေါ်ဘို့ တောက်လျှောက် တိုက်ပွဲဝင်တောင်းဆိုခဲ့တဲ့
NLD ပါတီ ပါတီမှတ်ပုံတင်လိုက်ခြင်းပါခင်ဗျ .....

အခုမှတ်ပုံတင်မှာက ပါတီရဲ့အမှတ်တံဆိပ်ပါပြောင်းမဲ့ NLD ပါတီအသစ်ဆိုတော့ ယခင် NLD ပါတီအဟောင်းနဲ့ ရွေးကောက်ပွဲ
ရလာဘ်အဟောင်းကဒီအတိုင်း ဆက်ရှိနေပလေ့စေပေါ့လို့ ..ဒီလိုဆိုလိုတာမျိုးလား ...၁၉၉၀ ရွေးကောက်ပွဲ ရလာဘ်ကိုကြက်ဆူ
သမ္မတကြီးရဲ့အဖွဲ့ကလည်း အသိအမှတ်ပြုကြောင်း ပြောခဲ့တယ်လေ ဟုတ်တယ်ဟုတ် ...ရွှေမြိုင်အောင် ဥာဏ်မမှီပါခင်ဗျား .....

၂၀၁၀ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ ဘာကြောင့် NLD ပါတီမှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်နွှဲ ဘို့ကြံစည်ရ
သလဲဆိုတာကိုအခြားသူများနဲ့ဆွေးနွေးရလောက်တဲ့ အထိ ရွှေမြိုင်အောင်ရဲ့ အတွေးအခေါ် ဗဟုသုတက အဆင့်မမှီပါခင်ဗျား..
ရွှေမြိုင်အောင်ရဲ့ ဥာဏ်ရည်ဥာဏ်သွေး ဒိထက်ပို အဆင့်မြင့်လာတဲ့ နေ့တွေကျရင် ဆွေးနွေးနိုင်တန်ကောင်းပါရဲ့နော် .....

ဒါကြောင့် NLD ပါတီမှတ်ပုံတင်ခြင်း ရွေးကောက်ပွဲဝင်ခြင်း ကိစ္စတို့ကို ရွှေမြိုင်အောင်မဆွေးနွေးတတ်ပါခင်ဗျား ..အဲ ..သေချာတာတခုတော့ရှိ
တယ် ရွှေမြိုင်အောင်တို့လေးစားချစ်ခင်ရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရွေးကောက်ခံရလို့ လွှတ်တော်ထဲ
ဝင်ရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတကြီးရှင့် ..လွှတ်တော်ဥက္ကဌကြီးရှင့် ဒီဥပဒေကိုဒီနေရာကပြင်ပေးပါ ဟိုဥပဒေကိုဟိုနေရာကပြင်ပေးပါ
လို့ အတိုက်အခံလုပ် တောင်းဆိုနေရတဲ့ အတိုက်အခံခေါင်းဆောင်အဖြစ်မျိုးလောက်ကိုတော့မမြင်မတွေ့ချင်ပါခင်ဗျား .....

လူထုခေါင်းဆောင်ဘ၀မှသည် နိုင်ငံ့ခေါင်းဆောင်အနေဖြင့် တမျိုးသားလုံး တနိုင်ငံလုံးကိုခေါင်းဆောင် သူအဖြစ် ကိုပဲ မြင်ချင်လှပါပြီ
ခင်ဗျား .....

အောက်စဖို့တက္ကသိုလ်မှာ ဒဿနိကဗေဒ နိုင်ငံရေးနဲ့ စီးပွားရေး ပညာတို့ဖြင့်ဘွဲ့ရခဲ့သူ ဒေါ်အောင်ဆန်းစုကြည်လိုပဲ အောက်စဖို့တက္ကသိုလ်မှာ ဒဿနိကဗေဒ
နိုင်ငံရေးနဲ့ စီးပွားရေး ပညာတို့ကိုသင်ယူခဲ့ဘူးသူဖြစ်ပြီူး အမေရိကန်ရဲ့ ၄၂ယောက်မြောက် သမ္မတဖြစ်ခဲ့ဘူးသူ သမ္မတဟောင်း ဘီလ် ကလင်တန်ရဲ့
ဇနီး လက်ရှိအမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် တယောက် ရွှေနိုင်ငံတော်ကို ရောက်ရှိပြီး လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖက်လဲတကင်း ရှိနေတဲ့ သတင်းဓါတ်ပုံတွေ ဗီဒီယိုတွေတွေ့ရတာဟာ ၂၀၁၁ ရဲ့ကြည်နူးစရာမြင်ကွင်းတွေထဲက
အကောင်းဆုံး တခုပါခင်ဗျား .....

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီမိုကရေစီခေါင်းဆောင် တို့ရဲ့ ရွှေဂုန်မြို့မှာတွေ့ဆုံမှုကို Wall Street Journal ရဲ့မျက်နှာဖုံးမှာ ခေါင်းကြီးပိုင်းသတင်း
အဖြစ် သတင်းထုတ်လွှင့်ခဲ့ပေမဲ့ ရွှေနိုင်ငံထုတ် သတင်းစာတွေမှာတော့ စိန့်တိုင်းပြည်ကိုသွားရောက်နေတဲ့ ကြက်ဆူကာကွယ်ရေးဦးစီးချုပ်ရဲ့ ခရီးစဉ်
အကြောင်း တခမ်းတနားဖေါ်ပြပေးတာကတော့ ကြက်ဆူအုပ်စုရဲ့ စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံအဖြစ် အရေခွံပြောင်းသွားသည့်တိုင်အောင်
မပြောင်းလဲနိုင်တဲ့ မနာလိုဝန်တိုမှုတွေ အပြည့်နဲ့ သတင်းထုတ်ပြန်ကြေငြာခြင်းစေတနာတွေကို ထင်သာမြင်သာ တွေ့လိုက်ရပါတယ်ခင်ဗျား .....

အဲဒီလို အပြောင်းအလဲတွေ ရှိနေချိန်မှာ ရွှေမြိုင်အောင်လဲ အပြောင်းအလဲ ရှိခဲ့ပါတယ် ရွှေမြိုင်အောင်ရဲ့အပြောင်းအလဲက နေတဲ့အိမ်ပြောင်းတာခင်ဗျ
ဟိုအကြောင်းဒီအကြောင်းတွေကြောင့် ၂လလောက်အတွင်းမှာ ရွှေမြိုင်အောင် အိမ် ၂ခါပြောင်းဖြစ်သွားပါတယ် ..အကျိုးဆက်က အိမ်ပြောင်းတိုင်း
အင်တာနက်လိုင်းကို လိုက် လိုက် ပြောင်းရတာမို့ အင်တာနက်လိုင်းပြန်တပ်ဘို့အချိန်စောင့်ရတဲ့အခါ နောက်ကျပြီးမှသတင်းတွေဖတ်ရ သိရတာမျိုး
ကြုံရပါတယ်ခင်ဗျား .....

ပြတ်တောင်းပြတ်တောင်းဖတ်ရတဲ့သတင်းတွေထဲမှာမှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ကြက်ဆူစစ်တပ်တို့ တိုက်ပွဲတွေဖြစ်ကြ ဓါတုလက်နက်
တွေနဲ့ တိုက်ခိုက်လို့ ဒေသခံအပြစ်မဲ့ပြည်သူတွေ ဒုက္ခရောက်ကြရတဲ့သတင်းတွေကို စိတ်မကောင်းစွာဖတ်ရပါတယ်
ရွှေမြိုင်အောင် အိမ် ပြောင်းရလို့ အင်တာနက်သတင်းမဖတ်ရတာလေးတင်စိတ်အနှောက်အယှက်ဖြစ် ရတာလောက်ဟာ တိုင်းရင်းသားလက်နက်
ကိုင်တွေနဲ့ ကြက်ဆူစစ်တပ်တို့တိုက်ပွဲတွေကြောင့် အိမ်ယာတွေကိုစွန့်ခွာထွက်ပြေးပြီး လွတ်မယ်လို့ယူဆရတဲ့နေရာကို ပြောင်းရွှေ့ရတဲ့ တိုင်းရင်းသား
တွေရဲ့ ဒုက္ခနဲ့ယှဉ်မယ်ဆိုရင် တကယ့်ကိုကွာခြားလွန်းပါတယ်ခင်ဗျား .....

ရွှေမြိုင်အောင်တို့ ငယ်စဉ်ကတည်းက မွန်ပြည်နယ်အတွင်းမှာ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့တွေရဲ့ခရီးသည်စီးရထားကိုဗုံးနဲ့တိုက်ခိုက်တာတွေ
သေနတ်နဲ့ပစ်တာတွေ ကြောင့် အပြစ်မဲ့ခရီးသည်ပြည်သူတွေ သေကြေပျက်စီး ဒဏ်ရာရခဲ့ကြရသလို ကားလမ်းတွေ ရထားလမ်းတွေ တံတားတွေကို
မိုင်းနဲ့ခွဲ ဖျက်ဆီးတဲ့ အကြောင်းတွေကိုအမြဲတန်းလိုလို ကြားရတယ်ခင်ဗျ .....

ဒါကမွန်ပြည်နယ်အတွင်းကုန်းလမ်းခရီးလမ်းတွေမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထင်ရာစိုင်းခဲ့ကြတာဖြစ်သလို ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်
ကိုဆက်သွယ်သွားလာတဲ့ ရေလမ်းခရီးက သင်္ဘောတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြလို့ အပြစ်မဲ့ခရီးသွားတွေ သေကြေ
ဒဏ်ရာရတာတွေ အများကြီးမှ အများကြီး ကြုံခဲ့ ကြားခဲ့ရပါတယ်ခင်ဗျာ .....

ရွှေမြိုင်အောင်တို့ရဲ့ မွန်ပြည်နယ်အတွင်းမှာနဲ့ အိမ်နီးချင်း ကရင်ပြည်နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလက်နက်အားကိုးနဲ့ ခိုးဆိုး
လုယက် ဓါးပြတိုက် ရပ်ရွာထဲဆက်ကြေးကောက် အတင်းအဓမ္မ လူအင်အားစုဆောင်းတာမျိုးတွေလုပ်ကြသလို အာဏရအစိုးရစစ်တပ်ကလည်း
တိုက်ပွဲတွေဖြစ်ပြီဆိုရင် ခရီးသွား အမျိုးသားတွေ ညဘက်လမ်းထွက်သူ အမျိုးသားတွေကို တိုက်ပွဲဖြစ်တဲ့ရှေ့တန်းကို ပစ္စည်းသယ်ဘို့အတွက်နဲ့
တိုက်ပွဲဒေသအတွင်းရန်သူရဲ့မိုင်းတွေကိုအရှေ့ကနေ ရှင်းဘို့အတွက် ပေါ်တာဆွဲပါတယ်ခင်ဗျား .....

အစပိုင်းမှာ ပေါ်တာဆွဲတာက ရှေ့တန်းမှာတိုက်ပွဲတွေစတော့မဲ့အချိန်နဲ့ တိုက်ပွဲဖြစ်နေစဉ်အတွင်းမှာလို့ဆိုပေမဲ့ ဘယ်သူကနေဘယ်လိုစလိုက်သလဲမသိ
ရပဲ နောက်ပိုင်းမှာတော့ ရွှေမြိုင်မြို့က ရပ်ကွက်ကောင်စီတွေကနေဦးဆောင်တာဝန်ယူကာ ရပ်ကွက်ထဲက အိမ်တွေကို ပေါ်တာကြေးဆိုပြီးလစဉ် တရားဝင်
ကောက်ပါတော့တယ် ကောက်လို့ရတဲ့ ပိုက်ဆံတွေကို ဘယ်သူတွေကသုံးသလဲ ဘယ်သူတွေဘယ်လောက် ဘုန်းသလဲဆိုတာ နှစ်တွေသာကြာခဲ့
ပေမဲ့ အခုအချိန်အထိ ရပ်ကွက် လူထုမသိရပါခင်ဗျား .....

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ သက်ဆိုင်ရာဒေသရဲ့ကောင်းကျိုးထက်သူတို့ ရဲ့ကိုယ်ကျိုးကိုသာ အဓိကထားဆောင်ရွက်တယ်လို့ပဲ ရွှေမြိုင်အောင်
ကောက်ချက်ချသလို အစိုးရစစ်တပ်ဆိုတာလဲ သူတို့ရဲ့ အကျိုးကိုသာအဓိက ဖေါ်ဆောင်နေဆဲလို့ပဲပြောချင်ပါတယ်ခင်ဗျ .....

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆိုတာ တကယ်တော့ ၁၉၆၂ ခုနှစ်အာဏာသိမ်းစစ်တပ်ရဲ့ ကောင်းမှုကြောင့် ဆက်လက်ပြီးရှင်သန် ကြီးထွားလာခဲ့
တာဖြစ်ပါတယ် အဲဒီအချိန်ကအာဏာသိမ်းစစ်တပ်ကို ပြည်သူတွေက ယုံကြည်လေးစားအားကိုးလာရအောင်ရယ် စစ်တပ်ရဲ့အင်အားချဲ့ထွင်နိုင်အောင်နဲ့
စစ်အာဏာရှင်စံနစ်အဓွန့်ရှည်အောင် အတွက် လက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးနည်းအရလည်း ထိထိရောက်ရောက် ပြေလည်အောင်မဖြေရှင်းသလို
စစ်ရေးအရလည်း အမြစ်ပြတ်အောင်မတိုက်ပဲ ထိပ်ပုတ် ခေါင်းပုတ်လုပ်ပြီး မွေးထားခဲ့တာဖြစ်ပါတယ်ခင်ဗျာ .....

၁၉၉၀နောက်ပိုင်း ပိုဆိုးလာတာက အခုမရှိတော့တဲ့ ထောက်လှမ်းရေး အုပ်စုရဲ့စံနက်ကြောင့် လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်တယ်ဆိုတဲ့ လက်နက်ကိုင်
အဖွဲ့တွေက တရားဝင်လုပ်ငန်းလုပ်ကိုင်ခွင့် ကုမ္မဏီဖွင့်ခွင့်တွေ အထူးခံစားရရှိလာခဲ့ပြီး မြို့တော်ရွှေဂုန်အထိ လွတ်လပ်စွာဝင်ရောက်ကြကာ လိုင်စင်မဲ့ကားတွေကို
ငြိမ်းချမ်းရေတံဆိပ်ကိုတပ်ဆင်လို့ ယာဉ်လမ်းကြောင်းပြောင်းပြန်တွေမောင်းလိုမောင်း ..ယာဉ်ထိန်းရဲတွေကို ပါးရိုက်တဲ့အထိ စည်းလွတ်ဝါးလွတ် ဖြစ်ခဲ့
ကြပါတယ်ခင်ဗျား .....

ကျောက်စိမ်း ပတ္တမြားတူးခွင့် ရွှေတူးခွင့် သစ်ခုတ်ယူရောင်းချခွင့်ကအစ.. တရားမ၀င်ကားသွင်းခွင့်အလယ် .. မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ခြင်းအဆုံး
ကြက်ဆူစစ်တပ်ကိုပေးကမ်းလို့ ဝေမျှစားသောက်လုပ်ကိုင်ခဲ့ကြ ပါတယ် တိုင်းပြည်ရဲ့ သယံဇာတတွေကို ကြက်ဆူစစ်တပ်အုပ်စုကလည်းဝါးတယ် ငြိမ်းချမ်းရေးယူထားတဲ့
လက်နက်ကိုင်အဖွဲ့တွေကလည်းရသလို ဖဲ့ကြတယ် ခင်ဗျ တိုင်းပြည်အေးချမ်းသာယာတယ်ပေါ့.. ဝေမျှခံစားကြတယ်ပေါ့ခင်ဗျာ .....

အာဏာရှင်အစိုးရတွေဟာ သူတို့တိုင်းပြည်အေးချမ်းပါတယ်ဆိုပြီးအမြဲတန်း ကမ္ဘာကိုကြေငြာဘို့အကြောင်းရှာလေ့ရှိပါတယ် ..ထင်ရှားတဲ့ ဥပမာတခုပေးရရင်
၂၀၀၉ မေလတုန်းက သီရိလင်္ကာနိုင်ငံမှာ တမီးလ်ကျား သူပုန်ခေါင်းဆောင် Velupillai Prabhakarai ကိုပစ်သတ်နှိမ်နင်းလိုက်နိုင်တဲ့အတွက် သူတို့တိုင်းပြည်
အေးချမ်းသွားပြီဖြစ်ကြောင်း နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုတွေကို ကြိုဆိုကြောင်း နိုင်ငံပိုင်သတင်းဌာနတွေကကြေငြာသလို နိုင်ငံအတွင်းက နိုင်ငံခြား သံရုံးတွေ
ကောင်စစ်ဝန် ရုံးတွေကိုလဲအသိပေးခဲ့တယ်တဲ့ခင်ဗျ .....

အဲဒီလိုကြေငြာတဲ့အကျိုးကိုခံစားလိုက်ရတာတွေက ဂျပန်နိုင်ငံမှာ ဒုက္ခသည်အဖြစ်လျှောက်နေတဲ့ သီရိလင်္ကာ နိုင်ငံသားတွေပါခင်ဗျား ..သူတို့တတွေကို
ဂျပန်လ၀ကက ပြည်တော်ပြန်ဘို့ နားချပါတယ် အချုပ်အနှောင်မှ ယာယီကင်းလွတ်ခွင့်ကာလကို ၁ လအဖြစ်သာပေးပြီး အာမခံကြေးငွေပမာဏကိုလဲ
တိုးလိုက်ပါတယ်ခင်ဗျား .....

တိုင်းပြည်အေးချမ်းသာယာတာကို နိုင်ငံသားတိုင်းလိုလားပါတယ် မငြိမ်းချမ်းပဲ ငြိမ်းချမ်းသယောင် အေးချမ်းနေသယောင်ပြောနေတာကတော့ တလောကလုံးကို
လိမ်ညာနေတာနဲ့အတူတူပါ ဟုတ်တယ်ဟုတ် ..ကြက်ဆူ သမ္မတကြီးတို့အဖွဲ့မှာပါတဲ့ ၀န်ကြီးတပါးကတော့ ရွှေနိုင်ငံတော်အေးချမ်းဘို့နောက် ၃နှစ်လောက်အချိန်ယူရဦး
မယ်ဆိုပဲခင်ဗျား .....

ငြိမ်းချမ်းရေးယူခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော ကြက်ဆူစစ်အုပ်စုအဖွဲ့တွေပါ ကိုယ့်ဒေသကောင်းကျိုး တိုင်းပြည်ရဲ့ကောင်းကျိုးထက် မိမိတို့ရဲ့ကြီးပွားချမ်း
သာမှုနဲ့ အာဏာတည်မြဲရေးအတွက် မျှော့လိုတွယ်ကပ်လို့ တိုင်းပြည်ရဲ့သယံဇာတတွေကိုမျှော့သွေးစုပ်သလိုစားသုံးနေပြီး တိုင်းပြည်နဲ့ တိုင်းရင်းသားဒေသတွေကို့တိုးတက်
အောင်လုပ်ဆောင်ရမဲ့ ကိစ္စတွေကို ခရုခရီးသွားသလို အိပဲ့အိပဲ့သွားနေကြရင်ဖြင့် မဝေးတဲ့အချိန်မှာ ပြည်သူတွေရဲ့ ဒဏ်ခတ်တာကိုခံရမှာဖြစ်ပါကြောင်း .....


(ရွှေမြိုင်အောင်)

Saturday, February 12, 2011

Senior General Than Shwe warning people

The leader of Myanmar's junta is urging people to protect what he called the country's nascent "democracy," a day after a Cabinet was approved for the new military-dominated government.

Senior Gen. Than Shwe called Saturday for the nation's citizens to build together and safeguard a "democracy system" that is "still in its infancy." His call came in a Union Day message read out by Vice President-elect Tin Aung Myint Oo, another leading junta member.

In his message, Than Shwe also struck a familiar tough tone, warning people "to tackle any form of disruption to the new system."

Critics say Myanmar's transition to democracy is a charade and that last year's election was orchestrated to perpetuate military rule.

(Maung Aung Htay)

Friday, December 31, 2010

ထားဝယ်ဆိပ်ကမ်းကြောင့် ဒေသခံလူထုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဖွယ်ရှိ


ဘသန့် 30 December 2010. ဧရာဝတီ။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် တနင်္သာရီဒေသ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့ရဖွယ်ရှိကြောင်း သိရသည်။
ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာအတွင်း ကျရောက်လျက်ရှိသော တနင်္သာရီတိုင်း ရေဖြူနှင့် လောင်းလုံမြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာမှ လူပေါင်း ၃ သောင်းကျော် ရွှေ့ပြောင်း ပေးရဖွယ် ရှိနေသော်လည်း အာဏာပိုင် များက မည်ကဲ့သို့ တာဝန်ယူ ဖြေရှင်း ပေးမည်ကို ယခုအချိန်အထိ အကြောင်း မကြားသေးပေ။ စီမံကိန်း ဆောက်လုပ်ခွင့်ရ Italian-Thai Development Public Company ကုမ္ပဏီ၏ စာရင်းဇယား များအရ အဆိုပါ စီမံကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့် (၂၅၀ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းမည်ဟု သိရသည်။

အရှေ့တောင်အာရှတွင် အကြီးဆုံး အထူး စီးပွားရေးဇုန် ဖြစ်လာမည်ဟု ဆိုသော ထားဝယ် ဖွံ့ဖြိုးရေး စီမံကိန်း စတင်ရန် အစိတ်အပိုင်း အများအပြားတွင် ပြင်ဆင်ပြီးပြီ ဖြစ်သော်လည်း ထိုဧရိယာ အတွင်း ကျရောက် နေသော ကျေးရွာများကို မည်သည့် နေရာသို့ ရွှေ့ပြောင်းမည်၊ သိမ်းယူမည့် ဥယျာဉ် ခြံမြေများကို လျော်ကြေးငွေ မည်မျှပေးမည် စသည့် အကြောင်းအရာ များနှင့် ပတ်သက်၍မူ မည်သို့သော တရားဝင် သတင်း စကားမျှ ကြားရခြင်း မရှိသေးကြောင်း ဒေသခံများက ပြောကြသည်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ မောင်းမကန် မြောက်ဘက်တွင် တည်ဆောက်မည့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ထိုင်းနိုင်ငံ အခြေစိုက် Italian-Thai Development ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၈. ၆ ဘီလီယံ ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံများ၊ သံမဏိ စက်ရုံများ၊ ရေနံသန့်စင် ချက်လုပ်ရေး စက်ရုံများ၊ ကားလမ်းနှင့် ရထားလမ်းများ ပါဝင်မည် ဖြစ်ကြောင်းနှင့် ခန့်မှန်း ကုန်ကျငွေ စုစုပေါင်း ဒေါ်လာ ၁၀၀ ဘီလီယံအထိ ရှိနိုင်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို လာမည့် ဇန်န၀ါရီတွင် စတင်မည်ဟု မြန်မာဆိပ်ကမ်း အာဏာပိုင်များက ပြောဆိုသော်လည်း ဒီဇင်ဘာလ ကုန်သည်အထိ စီမံကိန်း ဧရိယာအတွင်း ကျရောက်နေသော ထားဝယ် ဒေသခံများကို စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းစွာ အသိပေးခြင်း မရှိသေးကြောင်း ကြားသိရသည်။

သို့သော် Italian-Thai ကုမ္ပဏီမှ တာဝန်ရှိသူ Mr. Anan ကမူ “ကျနော်တို့ ဒေသခံ ရွာသားတွေနဲ့ ညှိနှိုင်းနေပါတယ်” ဟု The International Herald Tribune သတင်းစာကို ပြီးခဲ့သော နိုဝင်ဘာလက ပြောဆိုခဲ့သည်။ ဒေသခံ အများစုမှာ ပြောင်းရွှေ့ ရမည်ကို သိထားကြကြောင်း၊ မြေနေရာ ပြန်ပေးမည်ဟု အားလုံးက မျှော်လင့် နေကြကြောင်း၊ စီမံကိန်း အစပြုခါစ ပရောဂျက် များအရ ဒေသခံများမှာ လတ်တလော ပြောင်းရွှေ့ရန် မလိုအပ် သေးကြောင်း ဆိပ်ကမ်း အာဏာပိုင် အရာရှိ တဦးက ပြောသည်။ “ဒေသခံတွေ ကတော့ မိရိုးဖလာ လုပ်ငန်းတွေ ပုံမှန်ပဲ ဆက်လုပ်နေတယ်။ နှစ်တို သီးနှံတွေ စိုက်တာပေါ့။ ရော်ဘာ တို့လို နှစ်ရှည်ပင် တွေကိုတော့ တော်တော် များများက ပစ်ထားလိုက်ပြီ” ဟု ၎င်းကဆိုသည်။

ဥယျာဉ်ခြံလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်၍ အဓိက အသက်မွေးဝမ်း ကြောင်းပြုရာ နဘုလယ် အမည်ရှိ ထားဝယ် ဆိပ်ကမ်း ဆောက်လုပ်မည့် ဒေသတွင် ယခုအခါ ယခင်ကာလများက ကဲ့သို့ တိတ်ဆိတ် မနေတော့ဘဲ စီးပွားရေး သမားများ၊ စီမံကိန်း တည်ဆောက်မည့် Italian-Thai ကုမ္ပဏီမှ ထိုင်းနိုင်ငံသား များဖြင့် စည်ကားနေသည်ဟု သိရသည်။ “ရွာထဲမှာ အရင်ကလို မဟုတ်တော့ဘူး။ အသွားအလာ အရမ်းများလာပြီ။ အိမ်လိုက်ဝယ်တဲ့ သူတွေ၊ သူဌေးတွေနဲ့ ရှုပ်နေတာပဲ” ဟု ထားဝယ်မြို့နယ် မောင်းမကန် ဒေသခံ တဦးကပြောသည်။ အဆိုပါ ဒေသခံ၏ ကျေးရွာမှာ စီမံကိန်း ဧရိယာအတွင်း ကျရောက်ခြင်း မရှိသဖြင့် ခြံကွက်များ၊ မြေကွက်များ ၀ယ်ယူရန် လာရောက် စုံစမ်းခြင်းဖြစ်ပြီး စီမံကိန်း ဧရိယာအတွင်း ကျရောက် လျက်ရှိသော ကျေးရွာများတွင်မူ အရောင်းအ၀ယ် မရှိကြောင်း သိရသည်။

ထားဝယ် အိမ်ခြံမြေဈေးများသည် အဆများစွာ မြင့်တက် သွားခဲ့ပြီး အများစုမှာ ဘဏ်များ၊ ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်ရန် ဖြစ်ကြောင်း စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များ အများဆုံး လာရောက် စုံစမ်းကြောင်း ထားဝယ်ဒေသခံ လုပ်ငန်းရှင် တဦးက ဆိုသည်။ ထားဝယ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်မည့် အဓိက နေရာဖြစ်သော နဘုလယ် - ထားဝယ်လမ်း သည်လည်း ယခင်ကဲ့သို့ ကျောက်ကြမ်းလမ်း မဟုတ်တော့ဘဲ ၂၀၁၀ နိုဝင်ဘာလမှ စတင်၍ မြေနီလမ်းချော အဖြစ် ပြုပြင်ပြီး ဖြစ်သည်။ ထားဝယ်မြို့ပေါ်ရှိ အချက်အချာကျ လမ်းမကြီးများတွင် မျက်နှာဖွင့် တပေလျှင် ကျပ် သိန်း ၁၅၀ မှ ၂၀၀ အကြား ခေါ်ဈေး ရှိနေပြီး ထားဝယ်မြို့ပေါ်ရှိ ဟိုတယ် ဆောက်လုပ်ရန် ကောင်းမွန်သော ၁ ဧက ကျော် ကျယ်ဝန်းသည့် ခြံမြေမှာ ကျပ် သိန်း ၁ သောင်းခွဲ အထိခေါ်ဈေး ရှိကြောင်း သိရသည်။ အဆိုပါ ဈေးနှုန်းမှာ ယခင်က တခါမှ မကြားဘူးသော ဈေးဖြစ်ကြောင်း၊ ထားဝယ်ဒေသတွင် ယခင်က ဈေးနှုန်းထက် ၃ ဆခန့် မြင့်တက်သွား ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။ “ကုမ္ပဏီတွေကတော့ မျက်နှာဖွင့် ကျယ်တာကို ပိုလိုချင်ကြတယ်။ ဒါကြောင့် ထားဝယ်ကနေ အဲဒီဒေသကို သွားတဲ့ လမ်းတလျှောက် ခြံတွေကို လိုက်မေးနေကြတယ်။ စီမံကိန်း ဧရိယာထဲပါတဲ့ ခြံတွေကတော့ တဧကကို သိန်း ၁၀၀ ကျော်လောက်ပဲ ခေါ်ဈေးရှိတယ်” ဟု ၎င်းကဆိုသည်။

၁၀ နှစ်စီမံကိန်းချကာ ဆောင်ရွက်မည့် ထားဝယ် ရေနက် ဆိပ်ကမ်းတွင် ကျောက်မီးသွေးသုံး ဓာတ်အား ပေးစက်ရုံ၊ သံမဏိ စက်ရုံ၊ ဓာတ်မြေသြဇာ စက်ရုံ၊ သင်္ဘောကျင်း၊ ရေနက်ဆိပ်ကမ်း စသည်တို့ ပါဝင်သော အကြီးစား စက်မှုဇုန် (A)၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေနံဓာတု စက်ရုံများ ပါဝင်သော အကြီးစား စက်မှုဇုန် (B)၊ အလတ်စား စက်မှုဇုန် (C) နှင့် (D)၊ အပေါ့စား စက်မှုလုပ်ငန်းများ အတွက် ဇုန် (E) နှင့် မြို့ပြအတွက် ဇုန် (F)တို့ ပါဝင်မည်ဖြစ်သည်။ ၎င်းအပြင် ထိုင်းနိုင်ငံ ကန်ချနဘူရီ - ထားဝယ် အဝေးပြေးလမ်း၊ မီးရထားလမ်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများ၊ Transmission Line များပါဝင်မည်ဖြစ်သည်။ ထိုအထူး စီးပွားရေးဇုန် တည်ဆောက်ရန် အတွက် သဘော တူညီချက်ကို ရွေးကောက်ပွဲ ကျင်းပရန် ၅ ရက် အလို နိုဝင်ဘာ ၂ ရက်နေ့က ထိုင်းနှင့်မြန်မာ အစိုးရတို့ လက်မှတ် ရေးထိုးခဲ့ကြသည်။

ဥရောပနှင့် အင်ဒိုချိုင်းနားကို ဆက်သွယ်ရန် ဖြတ်လမ်းဖြစ်လာပြီး စင်ကာပူ ထက်သာမည်ဟု ဆိုထားသော ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း၏ အရေးပါပုံ၊ အဆိုပါ စီမံကိန်းကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက် လာနိုင်ပုံ တို့ကို မီဒီယာ အများစုက မီးမောင်းထိုး ရေးသားကြသော်လည်း ဒေသခံများ၏ နစ်နာမှုအတွက် မည်သို့ ဆောင်ရွက် ပေးသင့်သည်ကိုမူ ရေးသား ဖော်ပြခြင်းများ မတွေ့ရပေ။ “ရွေးကောက်ပွဲ မတိုင်ခင် ကြံ့ဖွံ့ပါတီ မဲဆွယ်တုန်းက ရေနက် ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသဘယ်လို အကျိုးဖြစ်ထွန်း လာမယ် ဆိုပြီးတော့ပဲ ပြောတယ်။ ဒီလို ဆုံးရှုံးမှုတွေ ဖြစ်လာရင် ဘယ်လို လုပ်ပေးမလဲ ဆိုတာတော့ မပြောဘူး” ဟု ထားဝယ်မြို့နယ် သစ်တိုထောက် ကျေးရွာမှ ဒေသခံတဦးက ဆိုသည်။

ထိုင်းနိုင်ငံ အပါအ၀င် လူ့အခွင့်အရေးကို လေးစားသော တခြားနိုင်ငံ များတွင် ထိုကဲ့သို့ အကြီးစား စီမံကိန်းများ ချမှတ် ဆောင်ရွက်မည် ဆိုပါက ဒေသခံများ ကိုရှင်းပြ ညှိနှိုင်းကာ ရွှေ့ပြောင်း ပေးရမည့် သူများကို ထိုက်တန်သော လျော်ကြေးများ ပေးခြင်း၊ နေရာချ ထားပေးခြင်းတို့အား အလေးထား ပြုလုပ်ကြ သော်လည်း ယခုအနေ အထားတွင် ထိုကဲ့သို့သော အနေအထား မတွေ့ရ ကြောင်း ဒေသခံများ၊ ထားဝယ်မြို့ခံ ရပ်ရွာ အဖွဲ့အစည်း ခေါင်းဆောင်များက ပြောကြားကြသည်။ ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသခံများ ဆုံးရှုံး နစ်နာမှုများ ရှိလာမည် ဖြစ်သကဲ့သို့ မြန်မာ့ ပင်လယ်ပြင်နှင့် ကမ်းရိုးတန်း တလျှောက်တွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု များစွာ ကြုံတွေ့ရမည် ဖြစ်ကြောင်း ပညာရှင်များက ပြောသည်။

“ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန် စီမံကိန်း ကြီးကြောင့် မြိတ်ကျွန်းစုနဲ့ တနင်္သာရီ ကမ်းရိုးတန်း တလျှောက် ပင်လယ်ပြင်မှာ သဘာဝ ပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ပျက်စီးဖို့ရှိတယ်။ ပင်လယ်ရေနေ သတ္တ၀ါတွေ မျိုးသုဉ်း ပျက်စီးတဲ့အထိ မဖြစ်မနေ ကြုံရမယ်” ဟု တနင်္သာရီတိုင်း ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။ အဆိုပါ ငါးလုပ်ငန်း ဦးစီးဌာနမှ ဝန်ထမ်း၏ အဆိုအရ စစ်အစိုးရသည် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက် ရေးစီမံကိန်း အကောင် အထည်ဖော်ရန် ထိုင်းကုမ္ပဏီနှင့် လက်မှတ်ရေးထိုး ပြီးသည်အထိ စီမံကိန်းတွင် သဘာဝ ပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေး စီမံချက်များ ထည့်သွင်းထားခြင်း မရှိကြောင်း သိရသည်။

ကီလိုမီတာ ၃၀၀၀ ရှည်သော မြန်မာ့ပင်လယ် ကမ်းရိုးတန်းတွင် တနင်္သာရီတိုင်း ပင်လယ် ကမ်းရိုးတန်းသည် ကီလိုမီတာ ၁၂၀၀ ရှည်လျားကြောင်း၊ ယင်းကမ်းရိုးတန်း တလျှောက်တွင် ကြည်လင် သန့်ရှင်းသော ရေနှင့် ရေနေသတ္တ၀ါ မျိုးကွဲပေါင်း များစွာဖြင့် မပျက်စီးသေးသော သဘာဝ ပတ်ဝန်းကျင် ရှိသည့်အတွက် နိုင်ငံတကာ အဏ္ဏ၀ါသိပ္ပံ အဖွဲ့အစည်း များကြားတွင် ထင်ရှားသော ကမ်းရိုးတန်း တခုဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ပညာရှင်များက ဆိုသည်။ တနင်္သာရီ ပင်လယ် ကမ်းရိုးတန်းတွင် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ အကြီးအကျယ် ပျက်စီးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အဏ္ဏ၀ါ သိပ္ပံအသင်းမှ ပညာရှင် တဦးက သုံးသပ်သည်။ အငြိမ်းစား အဏ္ဏ၀ါသိပ္ပံ ပါမောက္ခ တဦးကလည်း “ဒီရေတောနဲ့ သန္တာ ကျောက်တန်းက ရေနေ သတ္တ၀ါ မျိုးစိတ်ပေါင်း မြောက်မြားစွာ အတွက် အင်မတန်မှ အရေးကြီးတဲ့ နေရာတွေပဲ။ ဒီရေတောနဲ့ သန္တာ ကျောက်တန်းဆိုတာ ရေသတ္တ၀ါ တွေအတွက် မွေးဖို့၊ စားဖို့၊ ရှင်သန် နေထိုင်ဖို့၊ သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းဖို့ အင်မတန်မှ မရှိမဖြစ် လိုအပ်တဲ့ ပတ်ဝန်းကျင်ပဲ။ ဒါတွေ ပျောက်ကွယ်သွားရင် ရေနေသတ္တ၀ါ တွေလည်း ရှင်သန် ရပ်တည်မှု မဖြစ်နိုင်ဘူး။ ဂေဟစနစ် ပျက်ယွင်းသွားမယ်” ဟု ပြောသည်။

တနင်္သာရီ ကမ်းရိုးတန်းရှိ ကျွန်းပေါင်း ၈၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော မြိတ်ကျွန်းစုတွင် သန္တာ ကျောက်တန်းပေါင်း ၆၀၁ ခု တွေ့ရှိထားပြီး သုတေသန မလုပ်ရသေးသော သဘာဝ ပတ်ဝန်းကျင် များစွာကျန်ရှိ နေသေးရာ ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းကြောင့် သန္တာ ကျောက်တန်း မျိုးစိတ် ပေါင်းများစွာ ပျက်သုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင် နေရကြောင်း သိရှိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းတွင် တောင်ပိုင်း ဆိပ်ကမ်းနှင့် မြောက်ပိုင်း ဆိပ်ကမ်းဟူ၍ ဆိပ်ကမ်းနှစ်ခု ပါဝင်မည်ဖြစ်ပြီး တန်ချိန် ၂၀၀၀၀ မှ ၅၀၀၀၀ အထိ ကုန်တင် သင်္ဘောကြီး ၂၅ စင်း တပြိုင်တည်း ဆိုက်ကပ် နိုင်မည် ဖြစ်ကြောင်း၊ ထိုဆိပ်ကမ်း နှစ်ခုမှ တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ် တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချ ပြုလုပ်နိုင်မည်ဟု စစ်အစိုးရပိုင် သတင်းစာများက ရေးသားသည်။ “သင်္ဘောတွေက စွန့်ပစ်မယ့် စက်သုံးဆီ အညစ်အကြေး ကလည်း သဘာဝ ပတ်ဝန်းကျင်အတွက် အတော်ကို ဖြေရှင်းရ ခက်မယ့် ပြသနာတရပ် ဖြစ်လာမယ်” ဟု သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်း (FREDA) မှ ၀န်ထမ်းတဦးက ပြောသည်။

ရေနက်ဆိပ်ကမ်းအပြင် စတုရန်း ကီလိုမီတာ ၂၅၀ ကျယ်ဝန်းသော စက်မှုဇုန် နယ်မြေများ ပါဝင်ပြီး မြေဧရိယာ ၂၀.၉ စတုရန်း ကီလိုမီတာရှိ အကြီးစား စက်မှုဇုန်နှစ်ခု၊ မြေဧရိယာ ၆၅.၁ စတုရန်း ကီလိုမီတာရှိ အလယ်အလတ် အကြီးစား စက်မှုဇုန်တခု ပါဝင်နေသည်။ စီမံကိန်းတွင် မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ် နိုင်သော လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက် မည်ဖြစ်ပြီး ရေထုထည် ပမာဏ ကုဗမီတာ ၂၁၉ သန်း သိုလှောင်နိုင်သည့် ရေလှောင်တမံ တည်ဆောက်ကာ တရက်လျှင် ရေကုဗ မီတာ ၉၇၅၀၀၀ ထုတ်လုပ် နိုင်သော ရေသန့်စက်ရုံ တည်ဆောက် ဖြန့်ဖြူးမည့် အစီအစဉ် များလည်း ပါရှိသည်ဟု စစ်အစိုးရက သတင်းထုတ် ပြန်ထားသည်။

“သံမဏိစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ လျှပ်စစ်ဓာတ်အား စက်ရုံ၊ ရေပေးဝေတဲ့ စက်ရုံတွေနဲ့ စက်မှုကုန်ထုတ် စက်ရုံတွေ တော်တော်များများ ပါမယ့်အခြေ အနေရှိတော့ ထွက်လာမယ့် စွန့်ပစ်ပစ္စည်း တွေကြောင့် ပျက်စီးမယ့် သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လိုကိုင်တွယ် ထိန်းသိမ်း မလဲဆိုတဲ့ နည်းလမ်းတွေ အခုကတည်းက စဉ်းစား ထားသင့်ပြီ” ဟု FREDA ၀န်ထမ်းက ဆက်ပြောသည်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်သည် နှင့်အမျှ တဆက်တည်း ရေရှည်တွင် ဒေသခံများ၏ ကျန်းမာရေး ပြဿနာများ ကြုံတွေ့လာမည်ကို စိုးရိမ် ရကြောင်းလည်း ပညာရှင်များက ပြောကြသည်။ ထိုင်းကုမ္ပဏီနှင့် အစိုးရ အာဏာပိုင်များ အနေဖြင့် အထက်ပါ ကဲ့သို့သော ကိစ္စရပ်များ အတွက် ဒေသခံများနှင့် ဆွေးနွေးသင့် သည်ဟု ၎င်းတို့က ဆိုသည်။ ထိုင်းနိုင်ငံရှိ Map Ta Phut ကဲ့သို့သော စက်မှုဇုန် များတွင် သဘာဝ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့လာရခြင်းကြောင့် ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ရေးရာ စည်းမျဉ်း စည်းကမ်းများ တင်းကျပ်ခြင်း မရှိသော မြန်မာနိုင်ငံကို ရေနက် ဆိပ်ကမ်းနှင့် စီးပွားရေးဇုန် ဆောက်လုပ်ရန် ထိုင်းနိုင်ငံက ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံတကာ မီဒီယာများတွင် ရေးသား ဖော်ပြကြသည်။

ရေတိုတွင် ကြုံတွေ့ရမည့် လူ့အခွင့် အရေးဆိုင်ရာ ပြဿနာ များအပြင် ရေရှည် ပြဿနာများ ဖြစ်သော ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ရေးရာ ကိစ္စများ၊ ဖြစ်ပေါ် လာနိုင်သော လူမှုရေး၊ စီးပွားရေး အကျိုးဆက်များနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းကမျှ လာရောက် ရှင်းပြခြင်း၊ ပညာပေးခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ “ထိုင်းမှာတော့ ဒီလိုစက်မှု ဇုန်တွေရှိလို့ ရောဂါ အရမ်းထူတယ် လို့တော့ ပြောသံကြားတယ်။ တခြား ဘာမှတော့ မသိဘူး” ဟု နဘုလယ် ဒေသခံ တဦးက ပြောသည်။

ပြည်တွင်း စီးပွားရေးပညာရှင်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် တချို့ကလည်း ကမ္ဘာ့ အဆင်းရဲဆုံး စာရင်းဝင် မြန်မာနိုင်ငံသည် စီးပွားရေး တိုးတက်မှု မဖြစ်မနေ လိုအပ်သည်မှာ မှန်ကန် သော်လည်း ရေရှည် ဖွံ့ဖြိုး တိုးတက်မှုကို ဦးတည်၍ လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောဆိုကြသည်။ “ဒီလိုစက်မှုဇုန်တွေ လာဆောက်ရင် ဖြစ်လာနိုင်မယ့် အကျိုးဆက်ကို တွက်ချက် ပြီးတော့ စည်းမျဉ်း စည်းကမ်းတွေ တိတိကျကျ ချမှတ် ဆောင်ရွက်ဖို့ လိုကိုလိုပါတယ်။ ဒီလိုမှ မလုပ်ဘူးဆိုရင် အခုပြောနေ ကြသလို မြန်မာနိုင်ငံမှာ လုပ်ချင်တိုင်း လာလုပ်လို့ ရတယ်ဆိုတာ ဖြစ်သွားလိမ့်မယ်” ဟု ပြည်တွင်း စီးပွားရေး ပညာရှင်တဦးက သုံးသပ်သည်။

အထူးစီးပွားရေး စက်မှုဇုန်တွင် ပါဝင်မည့် ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် မြန်မာ ကုမ္ပဏီများက ၆၀ ရာခိုင်နှုန်း ကန်ထရိုက် ရရှိထားပြီး စစ်အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သော ဦးဇော်ဇော်ပိုင်ဆိုင်သည့် Max Myanmar နှင့် ဘိန်းဘုရင် လော်စစ်ဟန် ၏သား ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သော Asia World ကုမ္ပဏီတို့က အဓိက လုပ်ပိုင်ခွင့် ရရှိထားကြောင်း ရန်ကုန် စီးပွားရေး လုပ်ငန်းရှင် အသိုင်းအ၀န်းမှ သိရသည်။

စစ်တိုင်းဌာနချုပ် အသစ်တိုးချဲ့

တပ်မတော် ဆေးတက္ကသိုလ် အပတ်စဉ် (၁၂) ကျောင်းဆင်းပွဲ အခမ်းအနားတွင် ဒီဇင်ဘာ ၂၄ ရက်နေ့က တွေ့ရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ထိပ်တန်း ဗိုလ်ချုပ်များ။ (ဓာတ်ပုံ - AP)

ရန်ပိုင် 29 December 2010. ဧရာဝတီ သတင်း။
စစ်အစိုးရက “အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်” ဟု အမည်ပေး ထားသည့် တိုင်းစစ်ဌာနချုပ် အသစ်ကို ရှမ်းပြည်တောင်ပိုင်းတွင် ထပ်မံဖွင့်လှစ်လိုက်သည်။ အဆိုပါ တိုင်းစစ်ဌာချုပ်သစ်ကို တောင်ကြီးနှင့် ကျိုင်းတုံဒေသ အကြားရှိ ခိုလမ်ဒေသတွင် အဓိက အခြေစိုက် မည်ဖြစ်ပြီး တိုင်းမှူးအဖြစ် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မြထွန်းဦးအား ပြီးခဲ့သည့် သောကြာနေ့က အတည်ပြု ခန့်အပ် လိုက်ကြောင်း နေပြည်တော်ရှိ စစ်တပ် အသိုင်းအ၀န်းက ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူးချုပ် မြထွန်းဦးသည် စစ်တက္ကသိုလ် အပတ်စဉ် (DSA) ၂၅ မှ ဖြစ်ပြီး စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ဖွဲ့စည်းခါစက ဒုဗိုလ်မှူးကြီး တဦးအဖြစ် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေအတွင်း လှုပ်ရှားခဲ့ပြီး ဗိုလ်ချုပ် ထိန်မောင် လက်နက်ချ လာစေရန် အဓိက လှုပ်ရှားခဲ့သူ လည်း ဖြစ်သည်။ ထို့နောက် မကွေးတိုင်း ပခုက္ကူမြို့တွင် ဖွင့်လှစ်ထားသည့် တပ်မ ၁၀၁ ၏ တပ်မမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ယခုနှစ် သြဂုတ်လ အတွင်းက ပြုလုပ်ခဲ့သည့် စစ်တပ်အတွင်း ရာထူး အပြောင်းအရွှေ့တွင် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင် ခဲ့သူ ဖြစ်သည်။

ခိုလမ်၊ ကျိုင်းတောင်း၊ မိုးနဲဒေသသည် ရှမ်းပြည် တပ်မတော် - တောင်ပိုင်း (SSA-S) တပ်များနှင့် ရှမ်းပြည်တပ်မတော် - မြောက်ပိုင်း (SSA- N) တပ်များ လှုပ်ရှားနေသော ဒေသဖြစ်ပြီး လေတပ် အခြေစိုက် စခန်းဖြစ်သည့် နမ့်ဆန်မြို့နှင့်လည်း အနီးဆုံးတည်ရှိသည့် ဒေသဖြစ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးခါစ၌ မေမြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ရန်ကုန်၊ အင်းစိန် အခြေစိုက်သည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ၂ ခုသာ ဖွင့်လှစ်ခဲ့သော်လည်း မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်တွင် စစ်တိုင်းကြီးများကို ၉ ခုအထိ တိုးချဲ့ ဖွဲ့စည်းခဲ့သည်။

၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသည့် နောက်တွင် ယခင် မန္တလေးမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို မုံရွာသို့ ပြောင်းရွှေ့စေပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို မန္တလေးမြို့သို့ ပြောင်းရွှေ့စေကာ ပဲခူးတိုင်း တောင်ငူမြို့တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဟု အသစ် ဖွင့်စေသည်။ ၁၉၉၆ ခုနှစ်က မြန်မာပြည် အောက်ပိုင်း ပင်လယ် ကမ်းရိုးတန်းမြို့ ဖြစ်သည့် မြိတ်မြို့ အခြေစိုက် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်နှင့် ရှမ်းပြည် တောင်ပိုင်း ကျိုင်းတုံမြို့ အခြေစိုက် တြိဂံတိုင်း စစ်ဌာနချုပ်တို့ကို ဖွင့်လှစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရ ရုံးစိုက်သည့် နေပြည်တော်ကို အခြေပြုပြီး နေပြည်တော်တိုင်း စစ်ဌာနချုပ်ကို ထပ်မံဖွင့်လှစ်ခဲ့သည်။

လက်ရှိ မြန်မာ့တပ်မတော် ဖွဲ့စည်းပုံတွင် ယခု စစ်တိုင်းသစ် အပါအဝင် စစ်တိုင်းကြီး စုစုပေါင်း ၁၄ ခုဖြင့် ဖွဲ့စည်းထားပြီး တပ်မစစ်ဌာနချုပ် ၁၀ ခု၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် ၂၀ ဖြင့် ဖွဲ့စည်းထားသည်။ ထို့အပြင် စစ်အစိုးရက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ ကယားပြည်နယ် လွိုင်ကော်ဒေသနှင့် အနောက်မြောက် တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရှိ တနိုင်းဒေသ တွင်လည်း စစ်တိုင်း အသစ်များကို ထပ်မံဖွင့် လှစ်သွားရန် ရှိသည်ဟုလည်း သိရသည်။

ကယားပြည်နယ် လွိုင်ကော်ဒေသသည် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်၊ ပျဉ်းမနားဒေသနှင့် ကပ်လျက် တည်ရှိပြီး အဆိုပါ ဒေသတွင် လက်ရှိ ကရင်နီ တိုးတက်ရေးပါတီ (KNPP) တပ်များ လှုပ်ရှားနေသည့် ဒေသဖြစ်သည့်အတွက် စစ်အစိုးရ အတွက် အရေးပါကြောင်း ထို့ကြောင့် စစ်ဌာနချုပ်များ ဖွင့်လှစ်လိမ့်မည်ဟု ထင်ကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇော ကလည်း သုံးသပ်သည်။

လွိုင်ကော်ဒေသနှင့် ပျဉ်းမနား၊ ပေါင်းလောင်းဒေသတွင် ယခင်က ဗမာပြည် ကွန်မြူနစ်ပါတီ လှုပ်ရှားခဲ့သည့် ဒေသများဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီး၊ ပင်လောင်း ဒေသနှင့်လည်း ဆက်စပ်နေသည်။ နေပြည်တော် တပ်ကုန်းမြို့မှ ပင်လောင်း ဒေသသို့ သွားရောက်နိုင်ပြီး ထိုမှတဆင့် လွိုင်ကော်မြို့သို့ ကားလမ်း ဆက်သွယ်ထားသည်။

၂၀၁၀ အကောင်းဆုံး စာအုပ်စာရင်းမှာ နာဂစ်အကြောင်း စာအုပ်ပါဝင်

30-12-2010. RFA. NEWS. မြန်မာနိုင်ငံက နာဂစ် မုန်တိုင်းနဲ့ ကယ်ဆယ်ရေး လုပ်ငန်း အကြောင်း ရေးသား ထားတဲ့ စာရေး ဆရာမ အင်မာ လာကင်ရဲ့ စာအုပ် မျက်နှာဖုံးပုံ။

၂၀၁၀ ပြည့်နှစ် အတွင်း ထုတ်ဝေခဲ့တဲ့ စာအုပ် တွေထဲမှာမြန်မာနိုင်ငံ က နာဂစ်မုန်တိုင်းနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ အကြောင်း ကိုယ်တိုင် ကွင်းဆင်း ရေးသားထားတဲ့ စာရေး ဆရာမ Emma Larkin ရဲ့ အားလုံး ကျိုးပဲ့ ပျက်စီးသွားပြီလို့ တိုက်ရိုက် အဓိပ္ပာယ်ရတဲ့ Everything is Broken စာအုပ်ဟာ ထိပ်တန်း အကောင်းဆုံး ၄ အုပ်ထဲက တအုပ် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ဗားဂျီးနီးယား ပြည်နယ် ရစ်ခ်ျမွန်းမြို့မှာ ဒီကနေ့ ထုတ်တဲ့ ရစ်ခ်ျမွန်း (Richmond) သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။

ဒီစာအုပ်ဟာ အမေရိကန်စာရေးဆရာမ အင်မာလာကင်က ရေးသားတာဖြစ်ပြီး လူမှုရေးစီးပွားရေး အားလုံးပြိုကွဲ ပျက်စီးနေတဲ့ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ကြောင့် နောက်ထပ် အကြီးအကျယ် ထိခိုက် ဆုံးရှုံးခဲ့ရတာတွေကို အသေးစိတ် ရေးသားထားပါတယ်။ ဆရာမ အင်မာလာကင်ဟာ အရင်က “ေ၈ျာ့ခ်ျအော်ဝယ်ရဲ့ ခြေရာကို မြန်မာပြည်မှာ ရှာဖွေခြင်း” စာအုပ်နဲ့ ထင်ရှားခဲ့တဲ့ စာရေးဆရာမ ဖြစ်ပါတယ်။

Monday, December 20, 2010

“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဂယက် မငြိမ်သေး

၂၀၁၀ ဇူလိုင်လ ၃၁ ရက်နေ့က “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားတွင် ပါဝင်သူများကို ဆန္ဒပြနေကြသည့် လန်ဒန်ရောက်မြန်မာ ကျောင်းသားများ။ (ဓာတ်ပုံ - burmatoday.net)

မင်းနိုင်သူ Saturday, 18 December 2010 15:53. ဧရာဝတီ.

အင်္ဂလန်နိုင်ငံတွင် ရုပ်ရှင်ရိုက်ကူးရန် ကမ်းလှမ်းခံရသော မြန်မာသရုပ်ဆောင် ၆ ဦးထဲ၌ အစိုးရ၀ါဒဖြန့် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သူများ ပါဝင်နေ ခြင်းကြောင့် အစီအစဉ် ပျက်သွားကြောင်း သတင်းရရှိသည်။ “နေတိုးနဲ့ သူထူးစံတို့ အပါအ၀င် သရုပ်ဆောင် တချို့ကို အင်္ဂလန်က ရုပ်ရှင် ကုမ္ပဏီတခုက ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းထားတာ ပျက်သွားတယ်လို့ သိရပါတယ်။ နေတိုးကို အရုဏ်ဦးမှာ ဖူးသည့်ကြာ ဇာတ်ကားမှာ ပါဝင်ထားတဲ့ အတွက် ဟိုဘက်မှာ ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပြီး အခြေအနေတွေ ရှုပ်ထွေးမှာစိုးလို့ အင်္ဂလန်သံရုံးက ဗီဇာထုတ်မပေးတာလို့ သိရပါတယ်” ဟု အမည် မဖော်လိုသည့် သရုပ်ဆောင် တဦးက ဧရာဝတီသို့ ပြောသည်။

ကမ်းလှမ်းခံရသည့် သရုပ်ဆောင် ၆ ဦးအနက် သူထူးစံမှလွဲ၍ နေတိုး၊ မင်းမော်ကွန်း၊ မိုးဟေကို၊ ဆုပန်ထွာနှင့် ၀ိုင်းစုခိုင်သိန်းတို့သည် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကား၌ ပါဝင် သရုပ်ဆောင်ခဲ့ ကြသူများ ဖြစ်သည်။
သူထူးစံမှာ ဗီဇာရရှိခဲ့ သော်လည်း မြန်မာနိုင်ငံ ရဲအထူး သတင်းတပ်ဖွဲ့က လန်ဒန်ရှိ မြန်မာ့အရေး လှုပ်ရှားသူများ စာရင်းကို ပြကာ ၄င်းတို့နှင့် ပတ်သက်ခြင်း မပြုရန် ဖိအားပေးခဲ့ ခြင်းကြောင့် ခရီးစဉ်ကို ဖျက်လိုက်ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် သရုပ်ဆောင်က ဆက်လက် ပြောသည်။

သို့သော် သရုပ်ဆောင် သူထူးစံက “ကျနော်က အင်္ဂလန်မှာရှိတဲ့ ရုပ်ရှင်ကုမ္ပဏီနဲ့ တိုက်ရိုက် မသိပါဘူး။ ရန်ကုန်မှာရှိတဲ့ သူတို့ရဲ့ အေးဂျင့်ကနေတဆင့် ကျနော့်ကို ဆက်သွယ်တာပါ။ ကျနော်က ဘောလုံးအသင်း နဲ့အတူ နယ်ရောက်နေလို့ သံရုံးနဲ့ ဗီဇာကိစ္စတွေကိုလည်း သေချာ မသိသေးပါဘူး။ ဒီကိစ္စတွေအတွက် ကျနော့် ညီမလေးကပဲ ဆောင်ရွက်ပေးနေတာပါ” ဟု ပြောသည်။ နေတိုးအတွက် ဗီဇာငြင်းဆိုမှုနှင့် ပတ်သက်၍ ရန်ကုန်ရှိ အင်္ဂလန်သံရုံးသို့ ယမန်နေ့က မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

မြန်မာသရုပ်ဆောင်များ ငှားရမ်းရိုက်ကူးရေးအတွက် ဆောင်ရွက်ပေးခဲ့သော မစန္ဒီက “အင်္ဂလန်မှာရှိတဲ့ ကျမ မိတ်ဆွေက မြန်မာ သရုပ်ဆောင်တွေကို ရုပ်ရှင်ရိုက်ဖို့အတွက် ငှားရမ်းလိုတယ် ဆိုတာကြောင့် နေတိုး၊ သူထူးစံ၊ မင်းမော်ကွန်း၊ မိုးဟေကို၊ ဆုပန်ထွာနဲ့ ၀ိုင်းစုခိုင်သိန်းတို့ကို ကုမ္ပဏီနဲ့ ချိတ်ဆက်ပေးခဲ့တာပါ။ အနုပညာကြေး ညှိနှိုင်းတာတွေ သူတို့ဟာသူတို့ တိုက်ရိုက် ပြောဆိုကြတာပါ။ ကျမက သူတို့နဲ့ ဆက်သွယ်ပေးရုံပါပဲ။ ကျန်တာ သူတို့ဟာသူတို့ ဆက်လုပ်ကြတာပါ” ဟု ပြောသည်။ မြန်မာ သရုပ်ဆောင်များကို ကမ်းလှမ်းခဲ့သော အင်္ဂလန်ကုမ္ပဏီမှာ ရှယ်ယာရှင် ၅ ဦးပိုင်ဆိုင်သော ကုမ္ပဏီဟုသာ သိရှိထားပြီး အဆိုပါ ကုမ္ပဏီမှ ရှယ်ယာဝင်တဦးနှင့် ပုဂ္ဂိုလ်ရေးရင်းနှီးမှုကြောင့် သရုပ်ဆောင်များနှင့် ဆက်သွယ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးစဉ် ပျက်ရခြင်းမှာ ဗီဇာအခက်အခဲနှင့် ၀ိုင်းစုခိုင်သိန်းကလည်း လက်ခံထားသောပွဲများကြောင့် မအားဟုဆိုကာ နောက်ဆုတ်သွားခြင်း တို့ကြောင့်ဖြစ်ကြောင်း မစန္ဒီက ဆက်လက် ပြောသည်။

တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေးနှင့် ပြည်သူ့ဆက်ဆံရေး တပ်မှ အငြိမ်းစား ဒု ဗိုလ်မှူးကြီး တင်သန်းဦး စီစဉ်ရိုက်ကူးခဲ့သည့် အရုဏ်ဦးမှာဖူးသည့်ကြာ ဇာတ်ကားသည် သမိုင်းအမှန်ကို ဖျောက်ဖျက်သည့် ဇာတ်ကားတကား ဖြစ်ခြင်းကြောင့် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သူများကို ပြည်ပခရီးစဉ်များတွင် ပြည်ပရောက် မြန်မာများက ကန့်ကွက်ဆန္ဒပြမှုများ ယခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်နှင့် စက်တင်ဘာလ အတွင်းကလည်း အင်္ဂလန်ရောက် နေတိုးနှင့် သရုပ်ဆောင်များ၊ အမေရိကန်ရောက် ၀ိုင်းစုခိုင်သိန်းနှင့် သရုပ်ဆောင်များကို ပြည်ပရောက် မြန်မာများက ကန့်ကွက် ဆန္ဒပြခဲ့ကြသေးသည်။

Friday, December 10, 2010

ခွေးအဟွာကိုဆင်ကမျှော်ပါလို့

ကြိုတင်မဲတွေ အဓမ္မမဲတွေနဲ့ ၂၀၁၀ရွေးကောက်ပွဲကြီးမှာ ကြံ့ဖွတ်ပါတီအနိုင်ဆိုတဲ့အဖြေနဲ့ပြီးခဲ့ပါပြီ ..
၂၀၁၀ရွေးကောက်ပွဲကြီးပြီးရင်ဘာဖြစ်မလဲဆိုတာတွေးကြည့်တော့ ၁၉၉၀ရွေးကောက်ပွဲကြီးနောက်ပိုင်းဖြစ်ပျက်ခဲ့တာတချို့ကိုပြန်ပြီးသတိရမိပါတယ် ...

၉၀ခုနှစ်ရွေးကောက်ပွဲမှာကြက်ဆူအုပ်စုရဲ့မှီတည်ရာ တစည ပါတီရှုံးပြီးတဲ့နောက် ဒို့တာဝန်အရေး ၃ပါးအသစ်တခုကိုဝန်ထမ်းတွေကို အတင်းအကျပ် လိုက်နာစေတော့တာပါပဲခင်ဗျ ..အဲဒီဒို့တာဝန်အရေးသုံးပါးက

(၁)(ကြက်ဆူအုပ်စုမှဘယ်သူဘုရင်ဖြစ်ဖြစ် )ကြက်ဆူဘုရင်သည် ရွှေနိုင်ငံတော်ကိုအုပ်ချုပ် မင်းပြုရန်အသင့်တော်ဆုံးဖြစ်သည် ။
(၂)ကြက်ဆူဘုရင်သည် ရွှေနိုင်ငံတော်ကိုအုပ်ချုပ်ရန် အရည်အချင်းမရှိသူဟုဆိုလာခဲ့သော် ..။
(၃)ဒို့တာဝန်အမှတ် ၁ကိုပြန်ဖတ်ခိုင်းလိုက်ပါ။ ..အဲဒါပါပဲခင်ဗျာ .... ရွှေမြိုင်အောင်ပေါက်တတ်ကရတွေရေးနေတယ်လို့ထင်နေတယ်...ဟုတ်ကဲ့ဆက်လက်ရှုစားတော်မူပါခင်ဗျား.....


NLD က၉၀ခုနှစ်ရွေးကောက်ပွဲမှာ တပြည်လုံးအတိုင်းအတာနဲ့အပြတ်အသတ်အနိုင်လဲရရော ကြက်ဆူအုပ်စုဟာ အရင်ဆုံးဝန်ထမ်းတွေကို ဒုက္ခပေးပါတော့တယ်ဘယ်လိုဒုက္ခပေးသလဲသိကြပါသလားခင်ဗျာ ..

လျှောက်လွှာစာရွက်တွေမှာ သူတို့ကြိုက်တဲ့ လိုချင်တဲ့ အချက်တွေကို ရေးထားပြီး ၀န်ထမ်းတွေကို အမှန်နဲ့အမှားရွေးခိုင်းတာပါ.....
ဘယ်လိုအချက်တွေပါသလဲဆိုတော့ တပ်မတော်သည် တိုင်းပြည်ကိုအုပ်ချုပ်သင့်ပါသလားတို့ ..နိုင်ငံခြားသားနှင့်လက်ထပ်ထားသော ဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံ့ခေါင်းဆောင် နေရာပေးသင့်ပါသလားတို့လို အဆင့်နိမ့်တဲ့မေးခွန်းတွေပါ ပါတယ် ...

ကြက်ဆူအုပ်စုဖြစ်စေချင်တာက သူတို့ရဲ့လက်အောက်က ဌာနဆိုင်ရာဝန်ထမ်းတွေဆိုတော့ သူတို့အကြိုက်လိုချင်တဲ့အဖြေကိုရမှာပဲ ဖြစ်တဲ့အတွက် ..၀န်ထမ်းတွေရဲ့အဖြေစာရွက်တွေကိုစုပေါင်းလို့ ..နိုင်ငံ့ဝန်ထမ်းများရဲ့ သဘောထားအမှန်ကဒီမှာပါခင်ဗျာ ဆိုပြီး NLD ရဲ့ရွေးကောက်ပွဲ အနိုင်ရလာဘ်ကို ဖျောက်ဖျက်ဘို့ ပထမဦးဆုံးစခဲ့တဲ့ ခြေလှမ်းပါခင်ဗျာ.....

ဒါပေမဲ့ဝန်ထမ်းတွေထဲမှာလဲအကြောင်း ကြောင်းကြောင့် အလုပ်ကထွက်ချင်ပေမဲ့ထွက်ခွင့်မရသူ ..အမှန်ကိုတင်ပြရဲသူတွေရှိတယ်ဆိုတာ ကြက်ဆူအုပ်စုသတိမမူလိုက်တာလဲရှိပါတယ် ..ရွှေမြိုင်အောင်နဲ့ ရင်းနှီးတဲ့ ၀န်ထမ်း ၂ယောက်အကြောင်းပြောပြပါ့မယ် ...

ပထမ ၁ယောက်က စက်မှု ၂ ၀န်ကြီးဌာနက အင်ဂျင်နီယာ ပါ ..နိုင်ငံခြားပညာတော်သင်အဖြစ် ၂နိုင်ငံရောက်ခဲ့ ပြီး အလုပ်မှာမပျော်ပိုက်တော့လို့ ပထမ ဆေးပင်စင်တင်ပါတယ် ..မရ ...နောက်တခါထွက်စာတင်ပါတယ် “လူကြီးမင်းကဲ့သို့ အရည်အချင်းရှိသူတစ်ယောက် နေရာမှာ အစားထိုးရန်အတွက် သင့်တော်သောသူမရှိပါသဖြင့် နှုတ်ထွက်ခွင့်မပြုနီုင်ပါ..”ဆိုပြီး ဌာနမှအကြောင်းပြန်ပါတယ် ...

အကြောင်းပြန်စာကိုကြည့်ရင် ငါလိုလူ ဤဇမ္ဗူတခွင်မရှိ ဆိုပြီး ဘ၀င်လေဟပ်စရာကောင်းသွားပါလိမ့်မယ် ..

ဒီလိုနဲ့အလုပ်ကနေထွက်ခွင့်မရပဲဆက်လုပ်နေလိုက်တာ ၉၀ခုနှစ်ရွေးကောက်ပွဲအပြီး ၀န်ထမ်းတွေကို အစောပိုင်းကပြောခဲ့သလိုမျိုးလက်မှတ်ထိုးခိုင်းတော့တပ်မတော်သည် တိုင်းပြည်ကိုအုပ်ချုပ်သင့်ပါသလား ဆိုတာကို “မအုပ်ချုပ်သင့်ပါ ဗိုလ်ချုပ်မှူးကြီးစောမောင်ပြောခဲ့သလို စစ်တန်းလျားပြန်သင့်ပါသည်။”လို့ဖြည့်ခဲ့သလို ..

နိုင်ငံခြားသားနှင့်လက်ထပ်ထားသော ဒေါ်အောင်ဆန်းစုကြည် ကိုနိုင်ငံ့ခေါင်းဆောင် နေရာပေးသင့်ပါသလား ဆိုတာကို “နိုင်ငံ့ခေါင်းဆောင်အဖြစ်တင်မြှောက်သင့်ပါသည်။” လိုဖြည့်ပေးလိုက်ရော ..မကြာပါဘူး “လူကြီးမင်းကိုဆက်လက်တာဝန် ထမ်းဆောင်စေရန် မလိုအပ်တော့ပါသဖြင့် အလုပ်မှနှုတ်ထွက်ခွင့်ပြုလိုက်သည် ” ဆိုတဲ့အလုပ်ထုတ်စာကိုလက်ခံရရှိခဲ့ရတယ်တဲ့ခင်ဗျာ.....

ဒုတိယ ၁ယောက်က ဆောက်လုပ်ရေးစီမံကိန်း ကအင်ဂျင်နီယာပါ ..သူကအမှန်အတိုင်းတင်ပြရဲသူဖြစ်တဲ့အတွက် ကြက်ဆူအုပ်စုအကြိုက်မဟုတ်ပဲသူ့ဆန္ဒရှိတဲ့အတိုင်း စာရွက်ထဲမှာဖြည့်စွက်ခဲ့လို့ စီမံကိန်းမန်နေဂျာက နောက်ထပ်လျှောက်လွှာစာရွက်အသစ်တစ်စုံ ထုတ်ပေးပြီး ပြင်ခိုင်းခဲ့ပေမဲ့ သူကငြင်းပြီးမပြင်တဲ့အတွက် နောက်ဆုံးအလုပ်ကထုတ်ခြင်းကို ရဲရဲဝံ့ဝံ့ခံယူသွားခဲ့သူပါ .....

ကြက်ဆူအုပ်စုကအဲဒီလိုမျိုးဝန်ထမ်းတွေကိုအနိုင်ကျင့်သလို ပြည်သူတွေကိုလဲနောက်တမျိုးနဲ့အနိုင်ကျင့်ပြန်ပါတယ် ...အဲဒီနောက်တမျိုးကတော့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲ ဆန္ဒနယ်မြေတွေမှာ ပြည်သူတွေက သူတို့တင်မြှောက်ထားတဲ့ကိုယ်စားလှယ်တွေကို အယုံအကြည်မရှိတော့တဲ့အတွက် မဲဆန္ဒပြန်ရုပ်သိမ်းတဲ့ပွဲတွေ လက်မှတ်ထိုးပွဲတွေကို အတင်းအဓမ္မလုပ်ခိုင်းခဲ့ပြီး NLD ရဲ့ရွေးကောက်ပွဲ အနိုင်ရလာဘ်ကို ဖျောက်ဖျက် ဘို့မသမာတဲ့နည်းမျိုးကိုအသုံးပြုခဲ့ပါတယ်ခင်ဗျာ .....

ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီတွေ ..တိုင်းရင်းသားပါတီတွေလဲ ကြံ့ဖွတ် ပါတီနဲ့ပေါင်းရင်ပေါင်း ..မပေါင်းရင်တော့ ...ဒန်တန့်ဒန်.. ကြက်ဆူအုပ်စုကလုပ်ချင်တာကို လုပ်တဲ့ဒဏ်ကို ခံစေသတည်းပေါ့ ..ကဲ ၀င်ချင်ဦးဟဲ့ရွေးကောက်ပွဲ .....

ရွေးကောက်ပွဲအပြီး တပတ်လောက်အကြာမှာ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ကြက်ဆူုအုပ်စုက နေအိမ်အကျယ်ချုပ်ကနေပြန်လွှတ်ပေးခဲ့ပါတယ် ..ပြည်သူတွေကလဲ အရင်ကဖြစ်ခဲ့ဘူးတဲ့ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းစည်းရုံးရေးခရီးစဉ် ကအတွေ့အကြုံ ..ဒီပဲယင်းအတွေ့အကြုံနဲ့ ..အခြားနိုင်ငံတကာမှာဖြစ်ပျက်ခဲ့တဲ့အတွေ့အကြုံတွေအရ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ခဲ့ကြတယ်ခင်ဗျ.....

ကြက်ဆူဘုရင်ကြီးကနေ သူ့ရဲ့ဝန်ကြီးချုပ်တို့ ရဲချုပ်တို့ ဆီပို့တဲ့ လျှို့ဝှက်မေးလ် ဆိုတာတွေလဲပေါ်ထွက်လာခဲ့ပါတယ်...ကောင်မလေးကို အပြတ်ရှင်းလိုက်ပါဘာညာပေါ့ ..အဲဒီတော့ရွှေနိုင်ငံက ပြည်သူတွေ စိတ်တွေပူကြရပြန်ပါတယ် ..ရွှေနိုင်ငံတော်သားတွေအကြား “ရွှေပေလွှာ”ဖြန့်ကြတာကအကျင့်ပါနေကျပါခင်ဗျာ ..

၁၉၈၈ အရေးအခင်းကာလတုန်းကလဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားဦးအောင်ဆန်းဦး ရဲ့ပြည်သူများသို့ပန်ကြားလွှာတို့ ..အမေရိကန်မရိမ်းစစ်တပ်ကိုအကူအညီတောင်းပြီး ၀င်တိုက်မှာတို့ စတဲ့ရွှေပေလွှာတွေပျံ့ခဲ့သေးတယ်နော် ..ဒါပေမဲ့သတိဆိုတာပိုသည်မရှိပါခင်ဗျား.....

လောလောဆည်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့အသက်ရှင်မှုက ကြက်ဆူအုပ်စုအတွက်အရမ်းအရေးကြီးနေပါတယ် ..Sanction လို့ခေါ်တဲ့ စီးပွားရေးပိတ်ဆို့ထားမှုကို ပြန်ဖွင့်ပေးဘို့ကိစ္စပါ
ကြက်ဆူအုပ်စုဟာ သူတို့ရဲ့ အနောက်နိုင်ငံကဘဏ်တွေမှာအပ်ထားတဲ့ ငွေတွေထုတ်ယူလွှဲပြောင်းဘို့ ..စီးပွားရေးလုပ်ဘို့ အဲဒီ Sanction ပိတ်ဆို့မှုမရှိဘို့လိုအပ်ပါတယ် ..“ Sanction ”လုပ်တာဟာကြက်ဆူအုပ်စုရဲ့မတရားလုပ်ရပ်တွေကြောင့် လုပ်ရတာဆိုတာကို ကြက်ဆူအုပ်စုဝင်တွေကသိနေသည့်တိုင်ဝန်မခံကြပါဘူး .....

ဒေါ်အောင်ဆန်းစုကြည် က “ကျွန်မကလဲပြည်သူတွေကိုချစ်ပါတယ်” ဆိုင်းဘုတ်ထောင်လိုက်တာ ကြက်ဆူအုပ်စုအကြိုက်ဖြစ်နေပါတယ် ..ပြည်သူကိုချစ်တယ်ဆိုရင်ပြည်စူတွေစားဝတ်နေရေး ကိုအကျပ်အတည်းဖြစ်စေတဲ့ စီးပွါးရေးပိတ်ဆို့ထားမှုကိုဖွင့်ပေးဘို့ အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေကိုတိုက်တွန်းပေးဘို့ပြောပေးဘို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ပါးစပ်ကို ငှားပါတော့မယ် .....

ဒေါ်အောင်ဆန်းစုကြည် က အမျိုးသားပြန်လည်သင့်မြတ်ဘို့ ..လို့ပဲခေါ်ခေါ် ရင်ကြားစေ့ဘို့လို့ပဲပြောပြော တွေ့ဆုံဆွေးနွေးရေးကိုပဲ တောက်လျောက်တောင်းဆိုလာခဲ့ပါတယ် ..NLD ရဲ့ရွှေဂုံတိုင်ကြေငြာစာတမ်းမှာလဲပါပါတယ်ခင်ဗျ ..

ဒါပေမဲ့ကြက်ဆူအုပ်စုကတွေ့ဆုံဆွေးနွေးရေးကိုလုပ်ခဲ့သလား...ဆန္ဒကောရှိရဲ့လားဆိုတာပြန်သုံးသပ်သင့်ပါပြီ....

၁၉၉၆ ရွှေနိုင်ငံရဲ့ခရီးသွားနှစ်မတိုင်မီနဲ့ ၁၉၉၇အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ် ပြုမခံရသေးချိန်တုန်းက လူမြင်ကောင်းအောင် ဒေါ်အောင်ဆန်းစုကြည် ရယ် ကြက်ဆူဘုရင်ကြီးရယ် ပြုတ်သွားတဲ့ထောက်လှမ်းရေး အကြီးအကဲရယ် စုပေါင်းဓါတ်ပုံ ရိုက်ထားတဲ့ပုံကို မီဒီယာတွေထဲမှာဖေါ်ပြလို့ ..ရွှေနိုင်ငံတော်မှာ အားလုံးသင့်မြတ်နေပါပြီ ..လုပ်ခဲ့တာကလွဲလို့ ထူးခြားတဲ့ပြောင်းလဲမှုမရှိခဲ့ခင်ဗျာ.....

ရွှေမြိုင်အောင်ရဲ့စကားအသုံးအနှုန်းရိုင်းပြခဲ့မှာကိုတောင်းပန်အပ်ပါတယ် ပရိသတ်ကြီးခင်ဗျာ ..

ဆင့်အဟွာကို ခွေးကမျှော်တာက မော့ကြည့်လို့မြင်ရပါသေးတယ် ကြက်ဆူအုပ်စုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ဘို့ တွေ့ဆုံဆွေးနွေးခွင့်ရဘို့ဆိုတာက ခွေးအဟွာကို ဆင်ကမျှော်နေသလိုမျိုး ..မော့ကြည့်လို့လဲမတွေ့ ..ငုံ့ကြည့်လို့လဲမမြင် ..၀ပ်ကြည့်လို့လဲမရနဲ့ ..အချိန်တွေသာကုန် ..နှစ်တွေသာကြာသွားခဲ့ပါပြီ .....

NLD ရဲ့ရွေးကောက်ပွဲရလာဘ်ကို ကြက်ဆူအုပ်စုကနည်းမျိုးစုံသုံးပြီး ပျောက်ပျက်အောင် တရားမ၀င်အောင်လုပ်သလိုမျိုး ..တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းတခုထဲမဟုတ်ပဲ ဒုတိယပင်လုံညီလာခံလိုမျိုး အခြားလမ်းကြောင်းများကိုအသုံးပြု လို့တိုင်းပြည်ကောင်းကျိုးအတွက်ဆောင်ရွက်သင့်ကြောင်းပါ..

ဒုတိယပင်လုံညီလာခံကိုကြိုဆိုလိုက်ပါတယ်ခင်ဗျား.....

(ရွှေမြိုင်အောင်)

ဒီဇင်ဘာလထုတ် မိုးသောက်ကြယ်ဂျာနယ်မှကူးယူဖေါ်ပြသည်

Sunday, November 28, 2010

ကုလ အတွင်းရေးမှူးချုပ် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ် စားလှယ် Mr. Vijay Nambiar နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ ဒေါ်အောင်ဆန်း စုကြည် နေအိမ်တွင် တွေ့ဆုံစဉ်။ (Photo: AFP)

27/11/2011. RFA NEWS. မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားတို့ ဒီကနေ့ ရန်ကုန်မြို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ မြန်မာ့အရေး ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဗီဂျေးနမ်ဘီးယား တို့ဟာ နေ့လည် (၂) နာရီကနေ ၂ နာရီခွဲ လောက်အထိ နှစ်ဦးတည်း တွေ့ဆုံပြီး အဲဒီနောက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှု ဆောင်တွေနဲ့ပါ ဆွေးနွေးခဲ့ ကြပါတယ်။ အဲဒီနောက်မှာ CRPP နဲ့ တိုင်းရင်းသား ခေါင်းဆောင် တွေပါ ပါဝင်ပြီး ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်နဲ့ ဆွေးနွေးကြပါတယ်။

ဒီနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။ “ဆွေးနွေး ပွဲကတော့ တော်တော့်ကို ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး အမြင်ချင်း ဖလှယ်ကြတာ တွေ့ရပါတယ်။ ဒါဟာ ကောင်းတဲ့ အလားအလာလို့ ကျနော်တို့ မြင်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ကလည်း မကြာမကြာ ပြောနေပါတယ်၊ မြန်မာနိုင်ငံ ပြဿနာဟာ ရွေးကောက်ပွဲ အကြိုတုန်းကလည်း အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်လို့ သူပြောသလို မနှစ်က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ သူ့ရဲ့သဝဏ်လွှာမှာလည်း အမျိုးသား ပြန်လည် သင့်မြတ်ရေးဟာ မြန်မာနိုင်ငံ အတွက် မဖြစ်မနေ ဆောင်ရွက်ရမယ့် အဖြေပဲ၊ အဲဒီကစပြီး နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းရမယ်လို့ ပြောထား တာဆိုတော့ အခုခရီးစဉ် ကလည်း အဲဒီအတွက် ဦးတည်တယ်လို့ ပြောချင်ပါတယ်။ အမျိုးသား ပြန်လည်သင့် မြတ်ရေး ရအောင် ကြိုးစားမယ်ဆိုတဲ့ ကျနော်တို့ အထွေထွေ အတွင်းရေးမှူးရဲ့ ပိုင်းဖြတ် ထားချက်လည်း ရှိတယ်။ အဲဒီအတွက်လည်း သူက တွန်းပြီးတော့ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် အခုလို ကျနော် တို့ကို ကူညီဆွေးနွေးဖို့၊ ကျနော်တို့ချင်း တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ဖို့အတွက် ကူညီဖို့ ပုဂ္ဂိုလ်တွေ ရောက်လာတာဟာ ကောင်းတဲ့နိမိတ်၊ ကောင်းတဲ့ အလားအလာလို့ ပြောချင်ပါတယ်”

ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို ထုတ်ပြန်မှာမဟုတ်ဘူးလို့ ဦးအုန်းကြိုင်က ပြောပါတယ်။ ဒီဆွေးနွေးပွဲဟာ အကျိုးရှိတဲ့ ဆွေးနွေးပွဲ ဖြစ်ကြောင်း၊ ဒါပေမယ့် မြန်မာ့အရေး ဖြေရှင်းဖို့ ဆွေးနွေးပွဲ တကြိမ်တည်းနဲ့ မလုံလောက်ကြောင်း၊ မိမိတို့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ ပြဿနာတွေ အားလုံးကို ဖြေရှင်းဖို့ အခုလို တွေ့ဆုံ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ရမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က သတင်းထောက်တွေကို ပြောဆို တယ်လို့ AP နဲ့  Washington Post သတင်းစာတွေမှာ ရေးသား ဖော်ပြကြပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ ဆွေးနွေးခဲ့ကြတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေထဲမှာ ဒု- ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်တို့ ပါဝင်ပြီး တိုင်းရင်းသား ခေါင်းဆောင် တွေကတော့ ရခိုင်တိုင်း ရင်းသား ခေါင်းဆောင် ဦးအေးသာအောင်၊ မွန်တိုင်းရင်းသား ခေါင်းဆောင် ဦးနိုင်ထွန်းသိန်း၊ ချင်းတိုင်းရင်းသား ခေါင်းဆောင် ဦးပူကျင် ရှင်းထန်နဲ့ ဦးထောင်ခိုထန်း တို့ ပါဝင်ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တွေ့ဆုံဖို့ ဒေါ်အောင်ဆန်း စုကြည် စီစဉ်ပေးတာလို့ ပါဝင်တွေ့ဆုံခဲ့တဲ့ ဦးထောင်ခိုထန်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် လာတိုင်း လာတိုင်းမှာ နအဖ ညီလာခံတက်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ပဲ တွေ့နေတာ တွေ့ရတယ်။ ဒါကြောင့်မို့ ဒီတခါတော့ ၉၀ ရွေးကောက်ပွဲ အနိုင်ရတဲ့ တိုင်းရင်းသား ကိုယ်စားလှယ် တွေနဲ့လည်း တွေ့ပေးပါအုန်းလို့ မေတ္တာရပ်ခံလို့ NLD တွေ့ပြီးတဲ့အချိန်မှာ ကျနော်တို့ကို နာရီဝက်လောက် တွေ့တာဖြစ်ပါတယ်။ ကျနော်တို့မှာ ကုလသမဂ္ဂ ကိုယ်စားလှယ်နဲ့ တွေ့ဖို့ အစီအစဉ်ဆိုတာ မရှိဘူးဗျ။ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ် လုပ်ပေးတဲ့ သဘောပဲ ရှိတယ်”

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အထူးကိုယ်စား လှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားဟာ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးက အခု နောက်ဆုံး ခန့်အပ်ထားတဲ့ သံအရာရှိဖြစ်ပြီး၊ ဒီခရီးစဉ်ဟာ ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။ သူဟာ မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိပြီး မြန်မာနိုင်ငံမှာ (၂) ရက်ကြာ နေထိုင်မယ်လို့ သိရပါတယ်။

Wednesday, November 24, 2010

သားဖြစ်သူကို ဒေါ်အောင်ဆန်းစုကြည် လေဆိပ်မှာကြိုဆို

နိုဝင်ဘာလ ၂၃ ရက်နေ့က သား ဖြစ်သူကိုထိန် လင်း(ခေါ်) ကင်မ်အဲရစ်ကို ရန်ကုန်နိုင်ငံ တကာလေဆိပ် မှာ ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင်သွား ရောက်ကြိုဆိုနေ ပုံ။ ဓါတ်ပုံ - RFA

23/11/2010. RFA NEWS. မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က (၁၀) နှစ်ကျော်ကြာ ခွဲခွါနေခဲ့ရတဲ့ သူ့သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်ကို ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ ဒီကနေ့ မနက်က ကိုယ်တိုင် သွားရောက် ကြိုဆိုခဲ့ပါတယ်။ သားအမိ နှစ်ယောက် ပြန်လည်ဆုံ တွေ့ကြတဲ့ မြင်ကွင်းကို ပြည်တွင်း/ပြည်ပ သတင်းထောက် တွေကရော တာဝန်ကျ အစိုးရ လုံခြုံရေး ၀န်ထမ်း တွေကပါ ဓါတ်ပုံ ဗွီဒီယို မှတ်တမ်း ရိုက်ယူကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းတို့ ပြန်လည်ဆုံတွေ့တဲ့ မြင်ကွင်းကို ကြည့်ရင်း လေဆိပ်ထဲမှာရှိတဲ့ ခရီးသွားလာ သူတွေရော၊ သတင်း သမားနဲ့လုံခြုံရေးတွေပါ ၀မ်းသာကြည်နူးခဲ့ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေးအတွက် လိုက်ပါ ဆောင်ရွက်နေသူ တဦးက RFA ကို အခုလို ပြောပြ ပါတယ်။ "သားအမိ နှစ်ယောက် တွေ့ကြတော့ ကျနော်တို့ လည်းအရမ်းခံစား ရပါတယ်။ လေဆိပ်လာကြိုတဲ့ သူတွေရော အာလုံးဘဲ ၀မ်းသာ ကြပါတယ် သား အမိနှစ်ယောက် တွေ့ တဲ့အတွေ့ ကိုပေါ့။ အနီးပတ်ဝန်းကျင်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း အရမ်းများ နေတော့လေ။ သက်ဆိုင်ရာ အဖွဲ့အစည်း တွေကလည်း အားလုံး ၀ိုင်းဝန်း ကူညီပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့တွေ့ချင်း သားငယ် ကိုထိန်လင်းက NLD ပါတီရဲ့ အလံပုံကို သူ့ဘယ်ဘက် လက်မောင်းမှာ ရေးထိုးထားတာကို ပြသခဲ့ကြောင်း သိရပါတယ်။ အသက် (၃၃) နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကိုထိန်လင်းဟာ မိခင် ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရနိုင်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရက်အတော် ကြာ ပြည်ဝင်ခွင့်ဗီဇာ စောင့်ဆိုင်းနေခဲ့ရပါတယ်။

Tuesday, November 23, 2010

ဒေါ်အောင်ဆန်းစုကြည်ကို ဖိလစ်ပိုင် သမတ နှုတ်ဆက်စကားဆို

ဖိလိပိုင် သမတသစ် အဖြစ် ရွေးချယ် ခြင်း ခံရသော မစ္စတာ ဘီနစ်နို အကီနို (အလယ်) ကို မေလ၂၇ ရက်က ၎င်း၏ နေအိမ်တွင် သတင်းမီဒီ ယာများနှင့် တွေ့ဆုံစဉ် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

22/11/2010. RFA.NEWS. မြန်မာ့ ဒီမိုကရေစီရေးအတွက် ဆက်လက် ထောက်ခံ အားပေးသွားမယ်လို့ ဖိလစ်ပိုင် သမ္မတ မစ္စတာ အာကွီနိုက ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ကတိပေး ပြောဆိုလိုက်ကြောင်း သိရပါ တယ်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက် လာတာကို ၀မ်းမြောက်ကြောင်း တယ်လီဖုန်းနဲ့ တိုက်ရိုက် ဆက် သွယ် ပြောကြားစဉ်မှာ ဖိလစ်ပိုင် သမ္မတ မစ္စတာ ဘီနီနို-အာကွီနိုက အဲဒီလို ပြောကြားလိုက်တာ ဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါ တယ်။ "ဖိလစ်ပိုင် သမတက ဒီနေ့ညနေ ၃ နာရီ ၄၅ မိနစ်မှာ သမတ နန်းတော် ကနေပြီးတော့ သူတိုက်ရိုက်ခေါ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖုံးဆက် ပါတယ်။ ဖုံးဆက်ပြီးတော့ ၀မ်းမြောက်ကြောင်းပေါ့။

ပြည်ရေး တာဝန်တွေကို အောင်မြင်စွာ ဆက်လက် ထမ်းဆောင် နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းကြောင်း သူပြောတယ်။" ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖိလစ်ပိုင် သမ္မတကြီးတို့ တယ်လီဖုန်း ပြောဆို အပြီးမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံ အမတ်ကြီး အင်ဒရူး ဟိန်းကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ နေအိမ်မှာ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ရန်ကုန်-ဟိုချီမင်း လေယာဉ်လက်မှတ်ခ ကန်ဒေါ်လာ၁၁၀ဖြင့် စတင်ပျံသန်း

Sunday,21 November 2010.
ဗီယက်နမ်လေကြောင်းမှ ရန်ကုန်-ဟိုချီမင်း တိုက်ရိုက်လေကြောင်းလိုင်း ခရီးစဉ်ကို နိုဝင်ဘာ၁၅ရက်မှ စတင်ပြေးဆွဲသွားမည်ဟု အဆိုပါ လေကြောင်း လိုင်းမှ သတင်းထုတ်ပြန်သည်။ ခရီးစဉ်ကို အပတ်စဉ် တနင်္လာ၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် Airbus A320 လေယာဉ် ဖြင့် ပြေးဆွဲ သွားမည်ဖြစ်သည်။ ရန်ကုန်-ဟိုချီမင်း တိုက်ရိုက်ပြေးဆွဲသည့် အသွားအပြန် လေယာဉ်လက်မှတ် တန်ဖိုးမှာ တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၁၁၀ဖြစ်ကြောင်း သိရသည်။ ဗီယက်နမ်လေကြောင်းလိုင်းသည် မြန်မာ့ခရီးသွား လုပ်ငန်းတိုးတက်ရေးအတွက် မြန်မာ့လေကြောင်းနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် တစ်ပတ်လျှင် လေးကြိမ်ထိ တိုးချဲ့ပြေးဆွဲ သွားမည် ဖြစ် ကြောင်း သိရသည်။ ယခုနိုဝင်ဘာ ၁၅ရက်တွင် ပြေးဆွဲမည့် ခရီးစဉ်ကို ယင်းနေ့ညနေ ငါးနာရီခွဲတွင် စတင် ထွက်ခွာမည်ဖြစ်သည်။
@ Yatanarpon

မြန်မာ - တရုတ် မြန်နှုန်းမြင့်ရထားလမ်း ဖောက်မည်

ဧရာဝတီ Monday, 22 November 2010 17:11 သတင်းတိုများ
တနာရီလျှင် ကီလိုမီတာ ၁၇၀ မှ ၂၀၀ အထိ မောင်းနှင်နိုင်သော မြန်နှုန်းမြင့် ရထားလမ်းကို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ချိတ်ဆက် တည်ဆောက်ရန် စတင် ဆွေးနွေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်နှင့် တရုတ်နိုင်ငံ ယူနန်ဒေသရှိ ကူမင်းမြို့တော်ကို ချိတ်ဆက် တည်ဆောက်မည့် အဆိုပါ ရထားလမ်းမှာ အရှည် ၁၂၉၀ ကီလိုမီတာရှိမည်ဖြစ်ပြီး ၉ နာရီကျော် မောင်းနှင်ရုံဖြင့် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

အာဏာရှင် များ ကို မျိုးဖြုတ်ရန် ဒီမိုကရေစီ နိုင်ငံကြီး များ စီမံကိန်း ရေးဆွဲပြီးစီး

22/11/2010. Online News FNG. မြောက်အတ္တလန်တစ် စစ်စာချုပ် အဖွဲ့ (နေတိုး) က အာဖဂန် နစ္စတန် နိုင်ငံမှ မဟာဗျူဟာမြောက် စွန့် ခွာမှုများပြုလုပ်ပြီး လျှင် ကမ္ဘာပေါ်ရှိ အခြားအန္တရာယ်ရှိ သော နိုင်ငံများ ၏ ရန်လိုမှု များ ကို စစ်ရေး အရ အရေးယူနိုင်ရန် နှင့် အာဖဂန် နစ္စတန်ကဲ့သို့ အလုံးအရင်းဖြင့် ၀င်ရောက်ခြင်း မဟုတ်ဘဲ လျှက်တစ်ပျက် စိမ့်ဝင်ထိုးဖောက် ခြင်း (Infiltration Team )မျိုးဖြင့် အရေးပါသည့်နေရာများ ချေမှုန်းပြီးနောက် လေကြောင်းဖြင့် ထိုးစစ်ဆင် နိုင်ရန် ညှိုနှိုင်းစီစဉ် ပြီးသွားပြီဟု သိရသည်။

နေတိုး ၏ စစ်ရေး စွမ်းရေး အဆင့်မြှင့်မှု မဟာဗျူဟာ မြောက် ဆွေးနွေး ပွဲ တစ်ခု ကို ယမန်နေ့ က နေတိုးအဖွဲ့ ဝင် ၂၈ နိုင်ငံတို့  ပေါ်တူဂီ နိုင်ငံလစ္စဘွန်းမြို့တွင် သီတင်း နှစ်ပတ်ကြာ ဆွေးနွေးခဲ့ကြရာမှ ထိုရလာဒ် ပေါ်ထွက်လာခြင်းဖြစ်သည်။ ဒိန်းမတ်နိုင်ငံသား နေတိုးအတွင်းရေးမှုးချုပ် Anders Fogh Rasmussen က သတင်းစာ ရှင်းလင်းပွဲ ဉ် နေတိုးအဖွဲ့ ဝင်နိုင်ငံများ ကို မဟာဗျူဟာမြောက် ဒုံး လက်နက် ကာကွယ်ရေး အစီအစဉ်အောက်မှ စီမံကိန်းတစ်ခု အဖြစ်ထည့်သွင်း ရေးဆွဲထားခြင်း ဖြစ်သည်။

နေတိုး အဖွဲ့ ၏ ဒုံးလက်နက် ကာကွယ်ရေး အစီအစဉ် တွင် ရုရှား နိုင်ငံကလည်း ကူညီမှု ပြုမည် ဟု သိရသည်။ နေတိုး အဖွဲ့ ၏ လစ္စဘွန်း တွေ့ ဆုံမှု တွင် မြန်မာ နှင့် အီရန် နိုင်ငံများ က မြောက်ကိုးရီးယားထံမှညူကလီယား နှင့် ဒုံးလက်နက် ပစ္စည်းများ ၀ယ်ယူခဲ့သည် ဆိုသည့် ကုလသမဂ္ဂ၏ ၄၅မျက်နှာ အစီရင် ခံစာ ကို လည်း ဆွေးနွေးခဲ့ကြသည်။ နေတိုး အဖွဲ့ က ထိုစီမံကိန်းမှာ ပြောင်းလဲလာသည့် အခြေအနေများ နှင့် လိုက်လျောညီထွေရှိသည့် နေတိုး အဖွဲ့ ၏ စစ်ရေးစီမံကိန်း ကဏ္ဍသစ် ဟု သတ်မှတ်ထားသည်။

Sunday, November 21, 2010

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးအပ်

မြန်မာ့လွတ်လပ်ရေး အတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော် ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံ သဘောတူညီချက် ကို လက်မှတ် ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA)

20/11/2010. RFA. NEWS. အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုလားသူများနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ အင်အားစုတွေက ခေတ်အဆက် ဆက်နိုင်ငံရေးမှာပါဝင်ခဲ့တဲ့ သက်ကြီးဝါကြီးမျိုးချစ်ပုဂ္ဂိုလ် တွေကိုကန်တော့တဲ့ပွဲ ဒီကနေ့ ကျင်းပခဲ့ကြသလို၊ ၂၁ရာစု ပင်လုံညီလာခံနဲ့ တိုင်းရင်းသားအရေးဆောင် ရွက်ဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ခေါင်းဆောင် အဖြစ်တာဝန် ပေးအပ်လိုက်ကြပါတယ်။

ဒီပွဲကို ရန်ကုန်မြို့က ဝါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းဖေရဲ့ နေအိမ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့တာပါ။ ဒီပွဲနဲ့ ပတ်သက်လို့ NLD ပြန်ကြားရေး တာဝန်ခံတဦး ဖြစ်တဲ့ ဗဟို အလုပ်အမှုဆောင် ဦးအုန်းကြိုင်က အခုလိုပြောပါ တယ်။ တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး အင်အားစုများ ကနေပြီး ဒုတိယအကြိမ် ပင်လုံ သဘောတူညီချက် အောင်မြင်စွာ ပေါ်ထွက်လာတဲ့အထိ တိုင်းရင်းသားအားလုံးကို စည်းရုံးပြီးတော့ တတိုင်းပြည်လုံး ဒီမိုကရေစီအင်အား စုများအားလုံးကို စည်းရုံးပြီးတော့ ဆောင်ရွက်ပေးဖို့ တာဝန်လွှဲအပ်ပါရ စေလို့ မေတ္တာရပ်ခံတယ်၊ အဲဒီလိုမေတ္တာရပ်ခံပြီး ဇိုမီးအမျိုးသားခေါင်းဆောင် ဖြစ်တဲ့ ဦးပူကျင်ရှင်းထန်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နဲ့ အဖွဲ့ချုပ်အထွေထွေအတွင်း ရေးမှူးဒေါ်အောင်ဆန်းစုကြည် လက်ကို အမျိုးသားပြန်လည်သင့်မြတ်ရေး လိုလားတဲ့ဒီမိုကရေစီအင်အားစုများ စုပေါင်းလက်မှတ်ရေးထိုးထားတဲ့ အဲဒီမူရင်း ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေးစာတမ်း ကိုပေးအပ်ပါတယ်။

မျိုးဆက်အသီးသီးက ဝိုင်းဝန်း တာဝန်ပေးတာကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံပြီး၊ ဒီကိစ္စတွေ အကောင်အထည် ဖော်ဖို့ သူတယောက်တည်း စွမ်းဆောင် နိုင်မှာမဟုတ်တဲ့ အတွက်အားလုံးက ဝိုင်းဝန်းပါဝင် ကူညီဖို့ ပြန်လည် မေတ္တာရပ်ခံ ခဲ့ပါတယ်။ သက်ကြီးဝါကြီး တွေကို ကန်တော့ပြီး နောက်ပိုင်းမှာ မျိုးဆက်သစ် တွေက ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့ ခဲ့ကြပါတယ်။ ဒီနေ့ပွဲမှာ ၆၂ မျိုးဆက်၊ ၇၄ မျိုးဆက်နဲ့ ၈၈ မျိုးဆက်တွေ ပါဝင်ခဲ့ကြပါတယ်။ ကန်တော့ခံပုဂ္ဂိုလ် အယောက် ၂၀ ကျော်ရှိပြီး တက်ရောက်ကြတဲ့ အင်အား ၂ ရာကျော် ရှိတယ်လို့ သိရပါတယ်။

Saturday, November 20, 2010

ကုလအတွင်းရေးမှူးချုပ်က ဒေါ်အောင်ဆန်း စုကြည်ကို နှုတ်ခွန်းဆက်


19/11/2010. အခုလ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ် ကနေလွတ်မြောက် လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုဝင်ဘာ ၁၈ ရက် မနေ့က ကိုယ်တိုင် တယ်လီဖုန်းဆက်ပြီး ၁၅ မိနစ်ကြာ နှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ပါတယ်။ ကမ္ဘာ့ပြည်သူတွေ လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိနဲ့ ဂုဏ်သိက္ခာကို သူ့အနေနဲ့ အလွန် အင်မတန်မှ လေးစားမိ တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြခဲ့တယ်လို့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Faran Haq က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားအားလုံးကို ဦးစားပေး အဆင့်အနေနဲ့ စစ်အစိုးရက လွှတ်ပေးဖို့ လိုတယ် ဆိုတာကို အတွင်းရေးမှူးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးစလုံး တသဘောတည်း ရှိတဲ့အကြောင်း ပြောဆိုကြပါတယ်။ ဒါဟာ မြန်မာ နိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေး နဲ့ ဒီမိုကရေစီစနစ် ပြောင်းလဲရေးမှာ နိုင်ငံသား အားလုံး လွတ်လွတ်လပ်လပ် ပါဝင်ခွင့် ရဖို့အတွက် ဦးတည်ပါတယ် လို့ပြော ပါတယ်။ ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အထူး ကိုယ်စားလှယ် မစ္စတာ နမ်ဘီယား မြန်မာနိုင်ငံကို စောစောလာနိုင်ဖို့ ထောက်ခံကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ဒေါ်အောင်ဆန်းကြည်က မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂရဲ့ အခန်း ကဏ္ဍကို လေးစားကြောင်းနဲ့ ဆက်လက်ပြီးတော့ အလေးပေး ဆောင်ရွက် ပေးဖို့ ပြောဆိုခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Faran Haq က သတင်းထောက် တွေကို ပြောကြားသွားပါတယ်။ RFA. NEWS.

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေး

19/11/2010. RFA. NEWS. လုံခြုံရေးကောင်စီရဲ့အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ဗြိတိန်နိုင်ငံ ကဦးဆောင်ပြီး နိုဝင်ဘာ ၁၈ ရက် ကြာတာ ပတေးနေ့က မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ တရပ်ကို တံခါးပိတ် ကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲ အပြီး အခြေ အနေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ ကိစ္စတွေ ဆွေးနွေး ခဲ့ကြပေမဲ့ အသေးစိတ် ပြောဆိုတဲ့ အကြောင်းအရာ တွေကိုတော့ ထုတ်ပြန် ကြေညာခြင်း မရှိသေးပါဘူး။

ရွေးကောက်ပွဲမှာ စစ်အစိုးရက မသမာမှုတွေ ဗြောင်ကျကျ လုပ်ခဲ့တာ၊ နိုင်ငံ တကာ သတင်းထောက်တွေ၊ စောင့်ကြည့်ရေး အဖွဲ့တွေကို ဝင်ခွင့် မပေးတာ၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ရေးအရ တင်းမာလာတဲ့ အခြေအနေတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ လုံခြုံရေး ကောင်စီ အနေနဲ့ စိုးရိမ်မကင်း ဖြစ်တာ တွေ့ရတယ်လို့ အဝေးရောက် ညွန့်ပေါင်း အစိုးရ NCGUB ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။ ဒါအပြင် လုံခြုံရေး ကောင်စီမှာ မြန်မာ့အရေး ကျင်းပတဲ့ ဆွေးနွေးပွဲ မတိုင်ခင် တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ တာကြောင့် ဆွေးနွေးတဲ့ အချက်တွေကို သတင်း မီဒီယာတွေကို ထုတ်မပြောပါဘူးဆိုတဲ့ သဘော တူညီချက်နဲ့ အစည်းအဝေး ကျင်းပခဲ့ရတာ ဖြစ်တယ်လို့ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

Friday, November 19, 2010

မြန်မာ့ရွေးကောက်ပွဲ ကုလ ရှုတ်ချ

19/NOV/2010. VOA NEWS. မြန်မာ စစ်အစိုးရက ဒီလဆန်း ကပဲ ကျင်းပ ပြီးစီးသွားတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် ပြီး တရားမျှတမှု မရှိသလို ပွင့်လင်း မြင်သာမှု မရှိဘူးလို့ ကုလသမဂ္ဂ လူ့အခွင့် အရေး ကော်မတီက ရှုတ်ချ လိုက်ပါ တယ်၊ လူ့အခွင့် အရေး ကော်မတီက မြန်မာနိုင်ငံ ဆိုင်ရာ အဆိုပြုချက် ကိုတော့ ကြာသပတေးနေ့ မှာပဲ ထောက်ခံမဲ ၉၆ မဲ၊ ကန့်ကွက်မဲ ၂၈ မဲနဲ့ ဆုံးဖြတ်ချက် ချမှတ်လိုက်တာပါ။

ဆုံးဖြတ်ချက်က မြန်မာနိုင်ငံမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ကြာသပတေး နေ့ကပဲ မြန်မာနိုင်ငံက နောက်ဆုံးအခြေအနေ တွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ လုံခြုံရေး ကောင်စီမှာ တံခါးပိတ် ဆွေးနွေးမှုတွေ လုပ်ဆောင် ခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေး ပုဂ္ဂိုလ် ဘီဂျေး နမ်ဘီယာက မြန်မာနိုင်ငံက နောက်ဆုံး အခြေအနေတွေကို လုံခြုံရေး ကောင်စီကို တင်ပြပြီး အဖွဲ့ဝင် နိုင်ငံတွေကြား ဆွေးနွေးကြတာ ဖြစ်ပေမဲ့ အသေးစိတ် အချက်အလက် တွေတော့ တိတိကျကျ မသိရပါဘူး။

တချိန်တည်းမှာပဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိနဲ့ ဂုဏ်သိက္ခာဟာ ကမ္ဘာတ၀န်းမှာရှိတဲ့ လူသန်းပေါင်း များစွာအတွက် စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေတဲ့အတွက် လေးစားကြည်ညိုကြောင်း ပြောဆို ထားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း(Ban Ki-moon) က ဒေါ်အောင်ဆန်းစုကြည်ကို ကြာသပတေးနေ့မှာ တယ်လီဖုန်း ကတဆင့် တိုက်ရိုက်စကားပြောဆိုခဲ့ပါတယ်။ နွေးထွေးတဲ့ဆွေးနွေးမှုတွေမှာ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အာရုံစိုက် ပြောဆိုခဲ့တယ် လို့လည်း အတွင်းရေး မှူးချုပ်ရဲ့ရုံးက ပြောပါတယ်။

အင်တာနက် လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည် အမည်ဖြင့် စာမျက်နှာများ ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ခွင့်ပြုချက်ဖြင့် Burma Campaign UK အဖွဲ့က ကိုယ်စား ဖွင့်ပေး ထားသော facebook စာမျက်နှာ တစိတ် တဒေသ ဖြစ်ပါသည်။ (facebook screenshot)

2010-11-18. RFA NEWS. နိုဝင်ဘာ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီး နောက်တရက် မှာပဲ AungSan SuuKyi (People's Voices) ဆိုတဲ့ အမည် တပ်ထားတဲ့ စာမျက်နှာ တွေဟာ အင်တာနက် face book ပေါ်မှာ အမြန်ပြန့်နှံ့ လာခဲ့ပါတယ်။ နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ ပထမ ဆုံးဦးဆုံး ပြောကြားတဲ့ မိန့်ခွန်းမှာ ပြည်သူ တွေရဲ့ ဆန္ဒ၊ အသံတွေကို နားထောင်သွားမယ်လို့ ဆိုတာကြောင့် ဒါကို ဖြည့်ဆည်းတဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် face book ကို ဖွင့်ရ တာလို့ အဖွင့် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပြည်တွင်းပြည်ပက မြန်မာပြည်သူတွေ အထူးသဖြင့် လူငယ်တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆီပါးချင်တဲ့ စကားတွေကို လွတ်လွတ် လပ်လပ် ပြောဆိုနိုင်ပြီး ဒါတွေကို ဒေါ်အောင်ဆန်းစုကြည် ဆီကို တစု တစည်းတည်း တင်ပြမှာ ဖြစ်တယ် လို့လည်း ရေးထားပါတယ်၊ RFA က facebook account ပိုင်ရှင်ကို အင်တာနက်ကနေ ဆက်သွယ်မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် ကို ချစ်ခင် လေးစားသူ အုပ်စုတစု ဖြစ်ပြီး နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာ ပြည်သူတွေရဲ့ အသံကို ဒေါ်အောင်ဆန်းစုကြည် ဆီကို တစုတဝေးတည်း တင်နိုင်ပြဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်ရတာ ဖြစ်တယ်လို့ တုံ့ပြန်ဖြေကြား လာပါတယ်။

ဗြိတိန်အခြေစိုက် Burma Campaign UK ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဝင်တွေရဲ့ ခွင့်ပြုချက်နဲ့ ၂၀၀၇ ခုနှစ်အကုန်မှာ ဒေါ်အောင်ဆန်းစုကြည် အမည်နဲ့ facebook တရားဝင် ဖွင့်ခဲ့ပါတယ်။ အခုဆိုရင် အဲဒီ အင်တာနက် စာမျက်နှာမှာ နိုင်ငံတကာ ကနေ ဝင်ရောက် ကြည့်ရှုသူ စုစုပေါင်း သုံးသိန်းကျော် ရှိသွားပြီလို့ အဖွဲ့ရဲ့ ညွန်ကြားရေးမှူး Mark Farmaner ကပြောပါတယ်။ Facebook ဆိုတာ လူပုဂ္ဂိုလ် တဦးချင်းစီက ကိုယ့်ရဲ့ လူမှုရေး ကွန်ရက်ကို ကိုယ်တိုင် ဖန်တီး ပြုလုပ်ပြီး အပြန်အလှန် ဆက်သွယ် ကြတာပါ။ အထူးသဖြင့် နိုင်ငံတကာ ရောက်နေတဲ့ မြန်မာလူငယ် တွေဟာ face book ကို အဓိက သုံးစွဲ လာတာကြောင့် နေအိမ်အကျယ်ချုပ် ထိန်းသိမ်း ခံထားရတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို အားပေးထောက်ခံ တဲ့အသံတွေ တစု တစည်းတည်း ရဖို့ သူ့အမည်နဲ့ ဖွင့်ဖို့ အကြံဉာဏ် ရခဲ့တာဖြစ် တယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း သူမိသားစုရဲ့ ခွင့်ပြုချက်နဲ့ Burma Campaign UK အဖွဲ့က သူ့အမည်နဲ့ facebook ဖွင့်ပေးထား တာကို သိရှိ နေတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကိုပြောပါတယ်။

Wednesday, November 17, 2010

ရွေးကောက်တင်မြှောက် ခံရသူများကို ကန့်ကွက်ခြင်း

၁၇၊၁၀၊၂၀၁၀. (၂၀၁၀) ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက် ခံရ သူများကို ကန့်ကွက် လိုပါက ကန့်ကွက် နိုင်ရန် ကော်မရှင်က ပါတီများသို့ အကြောင်းကြားစာများ ပေးပို့ထားကြောင်း သတင်း ရရှိပါသည်။ ရွေးကောက် တင်မြှောက် ခံရခြင်းနှင့် ပတ်သက်၍ ကန့်ကွက်လိုပါက ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ဆောင်ရွက်ရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာ ပါတီ အသီးသီးသို့ အကြောင်းကြားစာ များ ပေးပို့ ထားကြောင်း(၁၇)ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ ပါရှိချက်အရ သိရသည်။

အဆိုပါ အကြောင်းကြားစာတွင် ကျင်းပ ပြုလုပ်ခဲ့သော လွှတ်တော် ရွေးကောက်ပွဲ များတွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခံရသော လွှတ်တော် ကိုယ်စားလှယ် များ၏ စာရင်းနှင့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ ရရှိသည့် ဆန္ဒမဲ အရေအတွက် များကို အများပြည်သူ သိရှိနိုင်ရန် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် နေ့စဉ်ထုတ် သတင်းစာများမှ ထည့်သွင်းဖော်ပြ ထုတ်ပြန် ကြေငြာ လျက်ရှိကြောင်း၊ လွှတ်တော် ကိုယ် စားလှယ်တစ်ဦး ရွေးကောက် တင်မြှောက် ခံရခြင်းကို ကန့်ကွက် လိုလျင် ဖြစ်စေ၊ ယင်း မဲဆန္ဒ နယ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျတမှု မရှိကြောင်း အကြောင်းပြ ကန့်ကွက် လိုလျင် ဖြစ်စေ၊ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ၆၈နှင့် နည်းဥပဒေ ၈၇ တို့နှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်း ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ သို့ရာတွင် နိုင်ငံရေးပါတီ အချို့သည် မိမိတို့ ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ရွေးကောက် တင်မြှောက် ခံရမှု မရှိခြင်းကို အကြောင်းပြု၍ ပြည်ပအသံ လွှင့်ဋ္ဌာနများ၊ သတင်းဂျာနယ် စာစောင်များ၌ ဥပဒေမဲ့ ပြောဆိုရေးသား နေကြသည်ကို တွေ့ရှိရကြောင်း၊ ယင်းသို့ ရေးသား ပြောဆိုမှု များသည် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၄ ၌ ပြဋ္ဌာန်း ထားသော ပြဋ္ဌာန်းချက် နှင့်ငြိစွန်းရာ ရောက်ကြောင်း၊ သို့ဖြစ်၍ ရွေးကောက် တင်မြှောက် ခံရသော ကိုယ်စားလှယ် တစ်ဦးကို ကန့်ကွက်လိုလျှင် ဖြစ်စေ၊ ယင်းမဲဆန္ဒ နယ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျှတမှု မရှိကြောင်း အကြောင်းပြ ကန့်ကွက် လိုလျှင် ဖြစ်စေ၊ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များနှင့် အညီသာ ဆောင်ရွက်ကြရန် ဖော်ပြ အကြောင်းကြား ထားကြောင်း နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြချက်အရ သိရသည်။

ကန့်ကွက်လွှာ တင်သွင်းသူ တိုင်းသည် မိမိ၏ ကန့်ကွက်လွှာ နှင့်အတူ နိုင်ငံတော်က ကုန်ကျမည့် အမှုစရိတ် အတွက် ငွေကျပ် ၁၀ သိန်းကို ကော်မရှင်က သတ်မှတ်ပေးသည့် ငွေစာရင်း ခေါင်းစဉ်သို့ ပေးသွင်းရမည် ဖြစ်ကြောင်း ကန့်ကွက်လွှာ တစ်စောင်၌ ကန့်ကွက်သူ တစ်ဦးထက် ပို၍ ပါရှိလျင် ကန့်ကွက်သူ တစ်ဦးချင်း အလိုက် ငွေကျပ် ၁၀သိန်းစီ ပေးသွင်းရမည် ဖြစ်ကြောင်း အဆိုပါ ပေးသွင်း ထားသော အမှုစရိတ် များကို မည်သည့် အကြောင်း ကြောင့်မျှ ပြန်လည်ထုတ် ယူခွင့် မရှိစေ ရကြောင်း ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခြင်း အခန်းတွင် ပြဌာန်း ထားချက်အရ သိရသည်။

ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၈(က)ပါ ပုဂ္ဂိုလ် တစ်ဦးဦးက ရွေးကောက် တင်မြှောက် ခံရသော လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို ကန့်ကွက်လိုလျှင် ဖြစ်စေ၊ ယင်းမဲဆန္ဒ နယ်တွက်ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျှတမှု မရှိကြောင်း အကြောင်းပြ၍ ကန့်ကွက် လိုလျှင် ဖြစ်စေ ထိုမဲဆန္ဒနယ်မှ ရွေးကောက် တင်မြှောက် ခံရသူ လွှတ်တော် ကိုယ်စားလှယ်၏ အမည်ကို နည်းဥပဒေ ၇၂(က) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကော်မရှင် အဖွဲ့ခွဲက ကြေငြာသည့် နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ကိုယ်တိုင်သော် လည်းကောင်း၊ စာဖြင့် အခွင့်အာဏာ လွှဲအပ်ထားသော ကိုယ်စားလှယ် ကသော် လည်းကောင်း ကန့်ကွက်လွှာ တင်သွင်း နိုင်ကြောင်း ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခြင်း အခန်းတွင် ပြဌာန်း ထားချက်အရ သိရသည်။

Source:http://www.news-eleven.com Online News

Tuesday, November 16, 2010

ပါတီလုပ်ငန်းတာဝန်များ ဒေါ်အောင်ဆန်းစုကြည် စတင်ထမ်းဆောင်

နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီးနောက် ပါတီ တာဝန်များကို ပြန်လည် ထမ်းဆောင်ရန် ပထမဆုံးနေ့အဖြစ် နိုဝင်ဘာ ၁၅ ရက်က ဒေါ်အောင်ဆန်း စုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် လူထု ပရိသတ်က ဝိုင်းဝန်း ဆီးကြို နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

15/11/2011. RFA.NWES. နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုဝင်ဘာ ၁၅ ရက် ဒီကနေ့ ဗဟန်း ရွှေဂုံတိုင် လမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရုံးချုပ်မှာ ပထမဆုံးနေ့ အဖြစ် ပါတီ လုပ်ငန်းတာဝန် တွေကို စတင် ထမ်းဆောင်တယ်လို့ သိရပါတယ်။ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီမှာ အရင်ဆုံး ဥပဒေ အထောက် အကူပြု အဖွဲ့နဲ့ တွေ့ဆုံပြီး ပါတီ ရင်ဆိုင်နေရတဲ့ အခြေအနေ အရပ်ရပ်နဲ့ ဥပဒေရေးရာ ကိစ္စ တွေကို ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မနေ့က မေးမြန်းခွင့် မရခဲ့တဲ့ နိုင်ငံခြား သတင်းထောက် တွေရဲ့ ပန်ကြားချက်အရ ဒီကနေ့မှာ သတင်းထောက် တွေနဲ့ ထပ်မံ တွေ့ဆုံခဲ့တယ်လို့ ပါတီပြောခွင့် ရသူတွေက ပြောပါတယ်။

မွန်းလွဲပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်ခင် လွန်ခဲ့တဲ့ တပတ်လောက် ကတည်းက လွတ်လာရင် တွေ့ဆုံခွင့်ရဖို့ ရန်ကုန်မြို့မှာ ကြိုတင် ရောက်ရှိနေကြတဲ့ ပြည်နယ်တိုင်း အသီးသီးက ပါတီ စည်းရုံးရေး အဖွဲ့ဝင်တွေ၊ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ပါတီ ဗဟိုကော်မတီဝင် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။ ညနေ ၄နာရီကျော် ဒေါ်အောင်ဆန်းစုကြည် ပြန်သွား ချိန်မှာ ပြည်တွင်း သတင်းထောက်တွေ၊ ရာနဲ့ချီတဲ့ ပြည်သူလူထုက ရုံးဝကနေ စောင့်ကြို နှုတ်ဆက် ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီ့နောက် ညနေပိုင်းမှာ ရှေ့နေ ဦးဉာဏ်ဝင်းနဲ့ ဥပဒေရေးရာ ကိစ္စတွေ ဆက်လက် ဆွေးနွေးခဲ့ တယ်လို့လည်း စုံစမ်းသိရပါတယ်။

Monday, November 15, 2010

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး မိန့်ခွန်း လူ ၁ သိန်းခန့် တက်ရောက်နားထောင်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာ ပြီးနောက် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာပြီး ပြည်သူများကို နှုတ်ဆက်နေစဉ်။ (Photo: AFP)

2010-11-14. RFA NEWS.နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်ရှေ့မှာ ၇ နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ပြည်သူလူထုကို ဒီကနေ့ နေ့လည် မိန့်ခွန်း ပြောကြားရာမှာ ပရိသတ် ၁ သိန်းကျော် တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။

သူ့အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် အမြဲ ကြိုးပမ်းမှာ ဖြစ်သလို တွေ့ဆုံ ဆွေးနွေး ဖို့လည်း ဆန္ဒရှိကြောင်း၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်ကြောင်း၊ ဒီအရေး နှစ်ရပ်အတွက် သူ့အနေနဲ့ အမြဲတမ်း တိုက်ပွဲ ၀င်သွားမှာ ဖြစ်ကြောင်း ဒီမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ သူ့မှာ သြဇာအာဏာ ရှိတယ်ဆိုရင် ဒီ သြဇာအာဏာကို ဒီအရေး နှစ်ရပ်အတွက် အဆုံးစွန်အထိ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ တနာရီ နီးပါး ကြာတဲ့ ဒီမိန့်ခွန်းမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းလာဖို့ အားလုံး အလုပ် တွဲလုပ်ဖို့ လိုကြောင်း၊ ကွဲပြားနေတဲ့ ဒီမိုကရေစီ အင်အားစု တွေနဲ့ လက်တွဲ လုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်း၊ သူ့အနေနဲ့ အစိုးရ အပေါ်မှာလည်း အာဃာတ အငြိုးအတေး မထားရှိကြောင်း၊ လုံခြုံရေး အရာရှိတွေဟာ သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ ကြောင်းလည်း ပါရှိပါတယ်။ တချိန်ထဲမှာ မြန်မာပြည်သူ တွေက ဆန္ဒရှိရင် မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာက ပြစ်ဒဏ်ခတ် အရေးယူထားတဲ့ ပိတ်ဆို့ အရေးယူမှု တွေနဲ့ ပတ်သက်ပြီး ဖယ်ရှားသွားအောင် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။