Tuesday, November 23, 2010

ဒေါ်အောင်ဆန်းစုကြည်ကို ဖိလစ်ပိုင် သမတ နှုတ်ဆက်စကားဆို

ဖိလိပိုင် သမတသစ် အဖြစ် ရွေးချယ် ခြင်း ခံရသော မစ္စတာ ဘီနစ်နို အကီနို (အလယ်) ကို မေလ၂၇ ရက်က ၎င်း၏ နေအိမ်တွင် သတင်းမီဒီ ယာများနှင့် တွေ့ဆုံစဉ် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

22/11/2010. RFA.NEWS. မြန်မာ့ ဒီမိုကရေစီရေးအတွက် ဆက်လက် ထောက်ခံ အားပေးသွားမယ်လို့ ဖိလစ်ပိုင် သမ္မတ မစ္စတာ အာကွီနိုက ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ကတိပေး ပြောဆိုလိုက်ကြောင်း သိရပါ တယ်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက် လာတာကို ၀မ်းမြောက်ကြောင်း တယ်လီဖုန်းနဲ့ တိုက်ရိုက် ဆက် သွယ် ပြောကြားစဉ်မှာ ဖိလစ်ပိုင် သမ္မတ မစ္စတာ ဘီနီနို-အာကွီနိုက အဲဒီလို ပြောကြားလိုက်တာ ဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါ တယ်။ "ဖိလစ်ပိုင် သမတက ဒီနေ့ညနေ ၃ နာရီ ၄၅ မိနစ်မှာ သမတ နန်းတော် ကနေပြီးတော့ သူတိုက်ရိုက်ခေါ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖုံးဆက် ပါတယ်။ ဖုံးဆက်ပြီးတော့ ၀မ်းမြောက်ကြောင်းပေါ့။

ပြည်ရေး တာဝန်တွေကို အောင်မြင်စွာ ဆက်လက် ထမ်းဆောင် နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းကြောင်း သူပြောတယ်။" ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖိလစ်ပိုင် သမ္မတကြီးတို့ တယ်လီဖုန်း ပြောဆို အပြီးမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံ အမတ်ကြီး အင်ဒရူး ဟိန်းကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ နေအိမ်မှာ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

No comments: