Thursday, December 31, 2009

ဒေါ်အောင်ဆန်းစုကြည်သတ္တိ ဗြိတိန်ဝန်ကြီးချုပ် ချီးကျူး

30 December 2009 VOA. NEWS. မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ် အနစ်နာခံမှုနဲ့ သတ္တိပြောင်မြောက်မှုတွေကို ချီးကျူး ထောက်ခံ ကြောင်း ရေးသားထားတဲ့ အိတ်ဖွင့်ပေးစာတစောင် ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က ဒီကနေ့ ထုတ်ပြန်လိုက် ပါတယ်။ ဒါ့အပြင် စစ်အစိုးရ အနေနဲ့ ၂၀၁၀ ခုနှစ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို ပေးထားတဲ့ ကတိအတိုင်း လွတ်လပ်ပြီး တရားမျှတမှုရှိအောင် လုပ်ဆောင်ပေးဖို့ သူ့စာထဲမှာ မစ္စတာဘရောင်းက တောင်းဆိုထားပါတယ်။ မြန်မာ့ဒီမိုကရေစီအရေးကို ဆက်လက် ထောက်ခံ အားပေးသွားမယ်လို့ မစ္စတာဘရောင်းက သူ့စာထဲမှာ ပြောဆိုထားပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်နဲ့ ဆက်လက် ထိန်းသိမ်းထားတာကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ အကြမ်းဖက် ရက်စက်မှုတွေကို ရပ်တန်းက ရပ်ပစ်ဖို့ နိုင်ငံတကာ အသိုင်းအ၀န်းက တောင်းဆိုနေတာတွေကို စစ်အစိုးရအနေနဲ့ ဂရုမစိုက်ဘူးဆိုတာ ပြသလိုက်တာပဲလို့ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက သူ့စာထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

Saturday, December 26, 2009

MIG 35

မဇ္ဖိုမ ၂၀၀၉၊ ဒီဇင်ဘာလ (၂၅)။
တရုတ် နယ်စပ်မြို့ ရွေလီမှတဆင့် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး လမ်းကြောင်းအတိုင်း မြန်မာပြည်ဘက်သို့ တင်သွင်းမည့် တရုတ်နှင့် ဂျာမဏီ နိုင်ငံ ဗောက်ဝက်ဂွန် ကုမ္ပဏီတို့ ဖက်စပ် ထုတ်လုပ်သော မော်တော်ကားများကို ရွှေလီမြို့တွင် တွေ့ရစဉ်။ ဓာတ်ပုံ-မျိုးကြီး (မဇ္ဈိမ) နယ်စပ်လမ်းကြောင်းမှ တရုတ်လုပ် စစ်ထရပ်ကားများ၊ ဘတ်စ်ကားများ တင်သွင်းခဲ့ပြီးနောက် ဆလွန်း ကားငယ်များပါ တင်သွင်းလာနေသည်။

Xmas လက်ဆောင်၊ ဟန်လေး 25-12-2009

Thursday, December 24, 2009

တစ်ခုခုတော့လွဲနေပြီးထင်တယ်

ရုရှား MIG-29 တိုက်လေယာဉ် အစင်း၂၀ မြန်မာ ၀ယ်ယူမည်


23 December 2009. VOA NEWS.
ရုရှားအစိုးရပိုင် ရိုစိုဘိုရွန် (Rosoboron) လက်နက်ရောင်းချရေး ကုမ္ပဏီကြီးက ရုရှားလုပ် MIG-29 တိုက်လေယာဉ် အစင်း ၂၀ ကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၇၀ နဲ့ မြန်မာစစ်အစိုးရကို ရောင်းချတဲ့ အရောင်းအ၀ယ် စာချုပ်ကို ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်က ချုပ်ဆိုခဲ့ကြတယ်လို့ ရုရှားနိုင်ငံက ဒီဇင်ဘာ ၂၃ ရက်နေ့ထုတ် ကွန်မားဆန့် (Kommersant) နေ့စဉ် သတင်းမှာ ဖော်ပြထားပါတယ်။

Sunday, December 20, 2009

သတလင်းချိတ်( ဋ ) TTC Rock Band

အချစ်ရှုံးသမားဒဿသီရီ


ကြည့်ကြပါအုံး၊ ဘာတွေဖြစ်ကုန်းပြီးလည်း မသိတော့ဘူး၊ မြင်တာတွေကို ပွါးကြပါအုံး။

NLD - ဟန်လေး 12-2009

တရုတ်ဒုသမ္မတ မြန်မာနိုင်ငံရောက်

19 December 2009.VOA NEWS. အရှေ့အာရှ လေးနိုင်ငံကို ခရီးထွက်လာတဲ့ တရုတ် ဒု သမ္မတ ဇီကျင်ပင်း (Xi Jimping) ဟာ တောင်ကိုရီးယားနိုင်ငံကနေ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဒီကနေ့ ရောက်ရှိလာခဲ့သလို မြန်မာစစ်အစိုးရက လုံခြုံရေးတွေ တင်းကြပ်စွာ ချထားပါတယ်။ ဒုသမ္မတ ဇီကျင်ပင်း ဟာ ရန်ကုန်မြို့မှာ ကျောက်မျက်ရတနာ ပြခန်းနဲ့ ရွှေတိဂုံစေတီတို့ကို သွားရောက်ခဲ့ပြီးတော့ ညနေပိုင်းမှာတော့ နေပြည်တော်ကို ခရီးဆက် ခဲ့ပါတယ်။
ဒု သမ္မတ ဟာ နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတော့ နှစ်နိုင်ငံ သဘောတူညီချက်တွေကိုလည်း လက်မှတ်ထိုးကြမယ်လို့ တရုတ်အရာရှိတွေက ပြောပါတယ်။ ဘယ်လို သဘောတူညီချက်တွေလည်း ဆိုတာတော့ အသေးစိတ် မသိကြရသေးပါဘူး။ မစ္စတာ ဇီကျင်ပင်း ဟာ မနက်ဖြန်မှာ မြန်မာနိုင်ငံကနေ ကမ္ဘောဒီးယားနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။

Friday, December 11, 2009

ဒေါ်အောင်ဆန်းစုကြည်ဂုဏ်သိက္ခာ အိုဘားမား လေးစား

10 December 2009. VOA NEWS. ဒေါ်အောင်ဆန်းစုကြည်တို့လို ပြုပြင်ရေးသမားတွေရဲ့ အေးဆေးတည်ငြိမ်သော ဂုဏ်သိက္ခာ တွေကို အမေရိကန် ပြည်ထောင်စု အနေနဲ့ တလေးတစားနဲ့ စောင့်ကြည့်သွားရမှာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဒီကနေ့ ပြောကြားတဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆု လက်ခံတဲ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။ အမေရိကန် သမ္မတဟာ နိုဘဲလ် ငြိမ်းချမ်းရေးဆုကို နော်ဝေးနိုင်ငံ အော်စလိုမြို့တော်မှာ တရားဝင် လက်ခံခဲ့တာပါ။

သမ္မတ အိုဘားမားဟာ ကမ္ဘာ့နိုင်ငံတွေ စစ်ဖြစ်ပွားရတဲ့ အခြေအနေ၊ ငြိမ်းချမ်းရေး အမြန်ဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတဲ့ အခြေအနေ တွေ အကြောင်း အကျယ်တ၀ံ့ ပြောကြားခဲ့တာကို ဗွီအိုအေရဲ့ အိမ်ဖြူတော် သတင်းထောက် ပေါ်လာ ၀ုဖ်ဆွန်က (Paula Wolfson) သတင်းပေးပို့ထားပါတယ်။ သမ္မတအိုဘားမားဟာ ဒီငြိမ်းချမ်းရေးဆုကို ကျိုးနွံစွာ လက်ခံရတာ ဖြစ်တဲ့ အကြောင်း၊ နိုဘဲလ် ကော်မတီက ဒီဆုကို ချီးမြှင့်ဖို့ ရွေးချယ်ခဲ့တာနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိနေတယ်ဆိုတာ သိရှိတဲ့အကြောင်း စတင်ပြောကြားခဲ့ပါတယ်။
“တစိတ်တဒေသအားဖြင့်တော့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ကျနော့်လုပ်ရပ်တွေရဲ့ အစပိုင်းသာ ရှိသေးပြီး ဆုံးခန်း မတိုင်သေးတဲ့ အတွက် ကြောင့် ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ အရင်က ဒီဆုကို လက်ခံရရှိခဲ့ကြတဲ့ Schweitzer တို့၊ King တို့၊ Marshalတို့၊ Mandela တို့ရဲ့ စွမ်းဆောင်မှုတွေနဲ့ စာရင် ကျနော့်ရဲ့ စွမ်းဆောင်မှုတွေက မပြောပလောက်ပါဘူး။”

ဒါ့အပြင် ပိုပြီး အရေးကြီးတဲ့ ကိစ္စတခုက သူဟာ စစ်ပွဲနှစ်ခုအကြား ပိတ်မိနေတယ်ဆိုတဲ့ အချက်ပါပဲလို့လည်း ဆက်ပြီး ပြောကြားပါတယ်။
“ကျနော်တို့ဟာ စစ်ပွဲနဲ့ ရင်ဆိုင်နေရပါတယ်။ အမေရိကန်လူငယ် ထောင်ပေါင်းများစွာကို အလှမ်းကွာဝေးတဲ့ စစ်မြေပြင်တွေဆီ ပို့ပေးရ တဲ့အတွက် ကျနော့်မှာတာဝန်ရှိပါတယ်။ သူတို့အထဲက တချို့ဟာလူသတ်ရပါလိမ့်မယ်။ တချို့ဟာအသတ်ခံရပါလိမ့်မယ်။ စစ်နဲ့ ငြိမ်းချမ်း ရေး ဆက်နွယ်မှု၊ စစ်ပွဲကို ငြိမ်းချမ်းရေးနဲ့ ဘယ်လိုအစားထိုးကြမယ်ဆိုတဲ့ ခက်ခဲတဲ့ပြဿနာတွေ ရှိနေတယ်ဆိုတာကို နားလည် သဘော ပေါက်ထားပါတယ်။” သမ္မတအိုဘားမားက ဆက်လက်ပြီး ကိုယ့်လူမျိုး အချင်းချင်း လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်နေကြတာ ကို လည်း ပြောပါတယ်။ စစ်ရေးပဋိပက္ခ မရှိဘူး ဆိုတာထက် ငြိမ်းချမ်းရေးဆိုတာ တည်ရှိနေဖို့က ပိုအရေးကြီး တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဟာ ကမ္ဘာပေါ်က နိုင်ငံတွေအကြား ထူးခြားတဲ့ ယဉ်ကျေးမှုတွေ၊ ထုံးတမ်း အစဉ်အလာတွေ ရှိနေတယ်။ တနိုင်ငံနဲ့ တနိုင်ငံ မတူညီဘူး ဆိုတာကို ကျနော်တို့ နားလည် သဘောပေါက်ပေမဲ့ အမေရိကန် ပြည်ထောင်စုဟာ လူသားတရပ်လုံးရဲ့ ရည်မှန်းချက်တွေကို တော့ ဖော်ထုတ်ပြောကြားသွားမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့လို ပြုပြင်ရေးသမားတွေရဲ့ အေးဆေးတည်ငြိမ်တဲ့ ဂုဏ်သိက္ခာ ကို ကျနော်တို့က အလေးထားပြီး ဖော်ထုတ်သွားမှာပါ။ ရိုက်နှက်ခံရမယ့် အန္တရာယ်ကြားက မဲပေးရဲကြတဲ့ ဇင်ဘာဘွေ ပြည်သူတွေရဲ့ သတ္တိ၊ ငြိမ်သက်စွာ လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြရဲကြတဲ့ သိန်းပေါင်းများစွာသော အီရန်ပြည်သူတွေကိုလည်း အလားတူ လေးစားစွာ ဖော်ထုတ်ရမှာပါ။”

၂၀၀၉ ခုနှစ် ငြိမ်းချမ်းရေး နိုဘဲလ်ဆု ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး နိုဘဲလ်ကော်မတီက သမ္မတ အိုဘားမားရဲ့ နိုင်ငံတကာ သံတမန် ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီး ခိုင်မာအောင် အားပေးရတာဖြစ်ကြောင်း၊ သမ္မတ အိုဘားမားဟာ ကမ္ဘာ့ပြည်သူတွေအတွက် မျှော်လင့်ချက်ရောင်ခြည် ပါးလိုက်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

Thursday, December 10, 2009

Song for Burma

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ၉ ကြိမ်မြောက် တွေ့ဆုံ

09 December 2009. VOA NEWS. မြန်မာနိုင်ငံ စစ်အစိုးရရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရဧည့်ဂေဟာမှာ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

Friday, December 4, 2009

ဒုတိယကမ္ဘာစစ်ကာလ မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ပွဲ



EU ခေါင်းဆောင်တွေ စစ်အစိုးရ ၀န်ကြီးချုပ်နဲ့ တွေ့မည်

03 December 2009. VOA NEWS.
ရှေ့သီတင်းပတ်အတွင်း ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် (Copenhagen) မြို့မှာ ကျင်းပမယ့် ကမ္ဘာ့ရာသီဥတု ညီလာခံရဲ့ ပြင်ပမှာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကို ဥရောပ ခေါင်းဆောင်တချို့က တွေ့ဆုံမယ်လို့ ဆိုပါတယ်။ စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးခြင်း မလုပ် ဘူးဆိုတဲ့ မူဝါဒကို ကိုင်ဆောင်လာတဲ့ ဥရောပ ခေါင်းဆောင်တွေက အခုလို စစ်အစိုးရ ခေါင်းဆောင်တယောက်နဲ့ တွေ့ဆုံမယ့် အစီအစဉ် ကို မြန်မာ့အရေး လှုပ်ရှားသူတွေက မထောက်ခံကြပါဘူး။

ဒီဇင်ဘာ ၇ ရက်ကနေ ၈ ရက်နေ့အထိ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာ ကုလသမဂ္ဂက ကြီးမှူးကျင်းပမယ့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ညီလာခံကို မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်မှာ ဖြစ်တာကြောင့် အဲဒီညီလာခံ ပြင်ပမှာ ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ သီးသန့်တွေ့ဆုံသွားဖို့ EU ခေါင်းဆောင်တွေက စီစဉ်နေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ EU အဖွဲ့ဝင် နိုင်ငံတွေကို ကိုယ်စားပြုပြီး ဘယ်နိုင်ငံက ဗိုလ်ချုပ်ကြီးသိန်းစိန်ကို တွေ့ဆုံမယ် ဆိုတာကို အခုချိန်ထိ မဆုံးဖြတ်ရသေးဘူးလို့ လက်ရှိ EU အဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌ ဆွီဒင်နိုင်ငံက အရာရှိတွေက ပြောပါတယ်။

လူနာသေဆုံးမှု ဆရာဝန် ဆမ ၅ နှစ်သိမ်း

03 December 2009. VOA NEWS.
ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်း (SSC) မှာ သေဆုံးခဲ့တဲ့ မခိုင်ရွှန်းလဲ့ရည်ကို ခွဲစိတ်ကုသပေးခဲ့တဲ့ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ကို ဒီနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ကစပြီး မြန်မာနိုင်ငံ ဆေးကောင်စီက ဆေးကုသခွင့် ၅ နှစ် ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်အပေါ် သတင်းမီဒီယာတွေက လိုအပ်တာထက် ပိုပြီး ဖော်ပြကြတယ်လို့ ဝေဖန်သုံးသပ်ကြတာတွေ ရှိသလို တာဝန်ခံမှု မရှိခဲ့တဲ့ ဆရာဝန်ကြီးနဲ့ ဆေးခန်းတို့ကို ဝေဖန်ပြောဆိုတဲ့ မှတ်ချက်တွေကလည်း ရှိနေပါတယ်။

ဒီနေ့ နေ့စွဲနဲ့ မြန်မာနိုင်ငံ ဆေးကောင်စီက ထုတ်ပြန်လိုက်တဲ့ စာထဲမှာ မခိုင်ရွှန်းလဲ့ရည် သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ခွဲစိတ်ဆရာဝန်ကြီးမှာ လုပ်ကိုင်မှု မှားခြင်း၊ ဆုံးဖြတ်ချက် မှားခဲ့ခြင်းတွေနဲ့ အတူ မခွဲစိတ်မီနဲ့ ခွဲစိတ်အပြီးမှာ လုံလောက်တဲ့ စောင့်ရှောက် စစ်ဆေးမှုတွေ တာဝန်ခံမှု အားနည်းတာတွေကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာကြည်စိုးကို ဆေးကုသခွင့် ၅ နှစ် ပိတ်ပင်လိုက်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် မေ့ဆေးဆရာဝန်၊ ပထမ ခွဲစိတ် လက်ထောက်ဆရာဝန်နဲ့ အတူ အထွေထွေ အထူးကု သမားတော်ကြီးကိုလည်း ပြင်းထန်စွာ သတိပေးသလို ထိရောက်မှုနဲ့ လုံခြုံမှုမရှိတဲ့ စနစ်တွေနဲ့ လုပ်ကိုင်နေတဲ့ ဆေးခန်းကိုလည်း နောက်နောင် ဒီလိုကိစ္စမျိုး မဖြစ်အောင် ပြင်းထန်စွာ သတိပေးတယ်လို့လည်း ဖော်ပြထားပါတယ်။

Thursday, December 3, 2009

ကမ္ဘာ့ထိပ်တန်း တွေးခေါ်ပညာရှင်တွေ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်

02 December 2009
နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စု Foreign Policy မဂ္ဂဇင်းက ကမ္ဘာ့ထိပ်တန်း တွေးခေါ်ပညာရှင် ၁၀၀ စာရင်းထဲမှာ ထည့်သွင်းရွေးချယ်လိုက်ပါတယ်။ ဗုဒ္ဓဘာသာ ငြိမ်းချမ်း
ရေး အခြေခံမှုနဲ့အတူ အကြမ်းမဖက် စိတ်ဓာတ်ခိုင်မာမှု တိုက်ပွဲတွေနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ဒေါ်အောင်ဆန်းစု ကြည်ရဲ့စံပြ ရပ်တည်ချက်တွေကြောင့် အခုလို ဂုဏ်ပြုတာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

မြန်မာပြည်သူလူထုအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှောင်ထုတွင်းက မျှော်လင့်ချက်တွေကို ရှင်သန်နေစေတဲ့ သင်္ကေတ တခု ဖြစ်တယ်လို့ အမေရိကန် Foreign Policy မဂ္ဂဇင်းက တင်စား သုံးနှုန်းလိုက်ပြီး အခုလို ကမ္ဘာ့ထိပ်တန်း တွေးခေါ်ပညာရှင် ၁၀၀ စာရင်း ထဲမှာ ထည့်သွင်းဖော်ပြလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ဘာသာရေးအပြင် ပညာရေးလို ကဏ္ဍမျိုးတွေမှာပါမကျန် ထိပ်တန်း တွေးခေါ်ရှင်တွေကို ရွေးချယ် ဂုဏ်ပြုတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ၂၆ ယောက်မြောက် စာရင်းထဲမှာ ထည့်သွင်း ချီးမြှင့်ထားပါတယ်။

ငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာ တရားတော်ရဲ့ အခြေခံမူနဲ့အတူ မဟတ္တမဂန္ဒီရဲ့ အကြမ်းမဖက် တိုက်ပွဲဝင်တဲ့ ရပ်တည်ချက်တွေကို ဒေါ်အောင် ဆန်းစုကြည်က စိတ်ရဲ့ခွန်အားတွေအဖြစ် သုံးပြီး ၁၉၉၀ ရွေးကောက်ပွဲ ယှဉ်ပြိုင် အနိုင်ရခဲ့ပုံတွေ၊ ထင်ရှားလှတဲ့ လူထုမိန့်ခွန်းတွေအပြင် ၁၄ နှစ်ကျော် နေအိမ်အကျယ်ချုပ် ကာလတွေကိုလည်း ဖော်ပြထားပါတယ်။ အပြောင်းအလဲ လှည့်ကွက်တွေနဲ့ အမျိုးမျိုးသော အကျပ်အတည်းတွေ ကြားမှ လူထုကို ကြောက်ရွံ့ခြင်းမှ ကင်းဝေးစေဖို့ ၁၉၉၀ ခုနှစ်များအတွင်းက Revolution of the Spirit လို့ခေါ်တဲ့ စိတ် ပိုင်းဆိုင်ရာ အယူအဆတွေအပြင် အကြောက်တရားဟာ နေ့စဉ် ခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်း တခုဆိုတဲ့ ထင်ရှားတဲ့ မိန့်ခွန်းတွေ ကြောင့် အခုလို ဂုဏ်ပြု ချီးမြှင့်တာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် ဂမ်ဘာရီ ဆက်လက် ထမ်းဆောင်တော့မည် မဟုတ်

03 December 2009 .VOA NEWS
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ဟာ မြန်မာနိုင်ငံ ဆိုင်ရာ တာဝန်တွေကို ဆက်လက် ထမ်းဆောင်တော့မှာ မဟုတ်ဘဲ ဆူဒန်နိုင်ငံ ဒါဖောဒေသအတွက် ပြောင်းလဲ အမှုထမ်းတော့မယ်လို့ အတွင်းရေးမှူးချုပ်ရုံးက ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ရာထူး အပါအ၀င် သံတမန် တာဝန်တွေ ယူခဲ့တဲ့ နိုင်ဂျီးရီးယား သံတမန် မစ္စတာဂမ်ဘာရီဟာ အခုအခါ ဒါဖောဒေသမှာ တာဝန်ပြောင်းလဲ ထမ်းဆောင်မှာ ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ မာရီ အိုကာဘဲ (Marie Okabe) က မနေ့တုန်းက ကုလသမဂ္ဂရုံးချုပ် သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။

Wednesday, December 2, 2009

မြန်မာပြည် အေအိုင်ဒီအက်စ် ရောဂါသည်နဲ့ ဆေး မမျှသေး

01 December 2009. VOA News. မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါဖြစ်ပွားမှုနှုန်းနဲ့ ကြည့်ရှုစောင့်ရှောက်နိုင်မှုနှုန်း မမျှမတ ဖြစ်နေတဲ့အကြောင်း ရောဂါ ဝေဒနာရှင်တွေကို ကြည့်ရှုစောင့်ရှောက်ပေး နေတဲ့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ်နေ့မှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

HIV/AIDS ရောဂါ ပပျောက်ရေးအတွက် စစ်အစိုးရ အနေနဲ့ ပြည်တွင်း ပြည်ပက လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့ အကြောင်း သတင်းစာ ခေါင်းကြီးပိုင်းတွေမှာ အကျယ်တ၀င့် ရေးသားဖော်ပြနေပေမဲ့ တကယ် ရောဂါကူးစက် နေသူတွေကို လုံလောက် တဲ့ ဆေးဝါးကုသမှု ပေးနိုင်ခြင်း မရှိဘူးလို့ ဝေဒနာရှင်တွေကို နှစ်ရှည်လများ ကြည့်ရှုစောင့်ရှောက်ပေးနေသူ စေတနာ့ဝန်ထမ်း မဖြူဖြူသင်းက ပြောပါတယ်။

Tuesday, December 1, 2009

ဂိုးသွင်းကောင်းတဲ့ဒို့ချူပ်ချူပ်ကြီးပါ။ (ဟန်လေး- Nov 2009)

အမေရိကန် စီးပွားရေး နိုဘဲလ်ဆုရှင် မြန်မာ့စီးပွားရေး သွားရောက် အကြံပေးမည်

(ပါမောက္ခ ဒေါက်တာ ဂျိုးဇက် စတစ်ဂ်လစ်ဇ်) 30 November 2009. (VOA NEWS.)
မြန်မာနိုင်ငံရဲ့ ချွတ်ခြုံကျနေတဲ့ စီးပွားရေး အခြေအနေတွေ ပြန်လည်တိုးတက်လာရေးအတွက် စုံစမ်းစစ်ဆေးဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်နိုင်ငံက အထင်ကရ စီးပွားရေး ပညာရှင်တယောက် မြန်မာနိုင်ငံကို မကြာခင် သွားရောက်မှာ ဖြစ်ပါတယ်။ အကြောင်းစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ထိပ်တန်း စီးပွားရေးပညာရှင်ဟောင်းလည်းဖြစ်၊ စီးပွားရေးဆိုင်ရာ နိုဘဲလ် ငြိမ်းချမ်း ရေးဆုရှင်လည်း ဖြစ်တဲ့ ပါမောက္ခ ဒေါက်တာ ဂျိုးဇက် စတစ်ဂ်လစ်ဇ် (Dr. Joseph Stiglitz) ဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံ ကို သွားမယ်လို့ ထိုင်းအခြေစိုက် ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ်ဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (ESCAP) က ပြောပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ကျရင်တော့ ဒေါက်တာ စတစ်ဂ်လစ်ဇ်ဟာ နေပြည်တော်မှာ စီးပွားရေးဆိုင်ရာ အကြံပြု ဟောပြောမှာ ဖြစ်ပါ တယ်။ ကျေးလက်ဒေသ စီးပွားရေး တိုးတက်ဖို့နဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် စီးပွားရေးဆိုင်ရာ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ကို အစိုးရအနေနဲ့ ဘယ်လိုချမှတ် ဆောင်ရွက်သင့်တယ်ဆိုတာ ဒေါက်တာ စတစ်ဂ်လစ်ဇ်က အကြံပြုမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂက