Tuesday, June 22, 2010

ကမ္ဘာ့စိုးရိမ်ဖွယ် ၁၆ နိုင်ငံ စာရင်းထဲ မြန်မာပါဝင်

ကမ္ဘာအရပ်ရပ်က နိုင်ငံဖြစ်တည်မှု စံနှုန်းသတ်မှတ်ချက် စာရင်းတခု ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံဟာ စိုးရိမ်နိုင်ငံ စာရင်းထဲမှာ ဖော်ပြခံရပါတယ်။ မြန်မာနိုင်ငံဟာ အထူးသဖြင့်ဆိုရင် နိုင်ငံရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးမှုပိုင်းတွေမှာ ဆိုးဆိုးဝါးဝါး စိုးရိမ်စရာတွေ ရှိတဲ့အကြောင်း အဲဒီ အစီရင်ခံစာ ပြုစုတဲ့ အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၁၇၇ နိုင်ငံအကြားမှာ မြန်မာနိုင်ငံဟာ Failed State လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအရ အဆိုးဆုံးနိုင်ငံစာရင်း ၁၆ နိုင်ငံမြောက်မှာ ဖော်ပြခံရပါတယ်။ အမေရိကန် အခြေစိုက် the Fund for Peace ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့ဆိုတဲ့ စစ်တားဆီးရေးနဲ့ ပဋိပက္ခဖြစ်မှု လျော့ပါးရေး သုတေသန အဖွဲ့အစည်းက ပြုစုထုတ်ပြန်ခဲ့တာပါ။ ကမ္ဘာ့နိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေကို သုံးသပ်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဒီအဖွဲ့ရဲ့ ပြန်ကြားရေးအရာရှိ မာ့ခ် လောကပ်စ် (Mark Loucas) က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
အစိုးရတရပ်အနေနဲ့ သူ့ပိုင်နက်နိုင်ငံမြေကို ထိန်းချုပ်လို့ မရတော့တာမျိုး၊ နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းမပေးနိုင်တာမျိုး၊ နိုင်ငံတနိုင်ငံ ကျရှုံးမှု အဖြစ်နိုင်ဆုံး အခြေအနေတွေအလိုက် ကမ္ဘာ့နိုင်ငံတွေကို စာရင်းပြုစုတာပါ။”
လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ လုံခြုံမှုဆိုင်ရာ စံနှုန်းသတ်မှတ်ချက် ၁၂ ခုကို တည်ပြီး နိုင်ငံအလိုက် အခြေအနေတွေကို သုံးသပ်ခဲ့တာလို့ မာ့ခ်က ပြောပါတယ်။ အခုလို နိုင်ငံစာရင်းတွေ ပြုစုရာမှာတော့ အဆင့် ၃ ဆင့်ထားပြီး စိစစ်ခဲ့တယ်လို့ မာ့ခ်က ပြောပါတယ်။
“အစီရင်ခံစာနဲ့ ထုတ်ပြန်ချက် အချက်အလက်ပေါင်း ၉၀,၀၀၀ ကျော်ကနေ ပြန်စိစစ်ပါတယ်။ ဒီအချက်အလက်တွေနဲ့ အမေရိကန် ပြည်ထောင်စုတို့၊ ကမ္ဘာ့ဘဏ်တို့က ထုတ်ပြန်တဲ့ စာရင်းဇယားတွေနဲ့ ချိန်ထိုးပါတယ်။ ပြီးတော့ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက် အမြင်ကို ယူပါတယ်။ အဲတော့ အဆင့် ၃ ဆင့်နဲ့ ဒီစာရင်းကို ပြုစုပါတယ်။”
မြန်မာနိုင်ငံဟာ ဒီစာရင်းမှာတော့ ၁၆ နိုင်ငံမြောက်မှာ ရှိခဲ့ပြီး စိုးရိမ်ရတဲ့ နိုင်ငံအုပ်စုမှာ ရှိနေတာပါ။
“မြန်မာနိုင်ငံဟာ စံနှုန်းထား တိုင်းတာမှု ၁၂ ခုအရ နိုင်ငံတနိုင်ငံ ဖြစ်တည်မှု အားနည်းတာမှာ အတော်လေး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ အထူးသဖြင့်တော့ ဖွားသေစာရင်း၊ ရောဂါဘယဖြစ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စံနှုန်းတိုင်းတာချက်မှာ အတော်လေး ဆိုးဆိုးဝါးဝါး စိုးရိမ်စရာ တွေ့ရပါတယ်။ စီးပွားရေး၊ နိုင်ငံရေးနဲ့ လုံခြုံရေးပိုင်းမှာလည်း စိုးရိမ်ရပါတယ်။”
The Fund for Peace အဖွဲ့ဟာ နှစ်စဉ် ဒီစာရင်းထုတ်ပြန်ပြီး ဒါဟာ ၅ ကြိမ်မြောက်နှစ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၀၉ ခုနှစ် အဆိုးဆုံး အခြေပြ စာရင်းမှာတော့ မြန်မာနိုင်ငံဟာ အဆိုးဆုံးနိုင်ငံ ၁၃ နိုင်ငံမြောက်မှာ ဖြစ်တာမို့ ဒီနှစ်မှာ အနည်းငယ် အဆင့်ကျသွားပါတယ်။ ၂၀၀၉ ခုနှစ် စာရင်းပြုစုစဉ်မှာ နာဂစ်မုန်တိုင်းကိစ္စ၊ ရွှေဝါရောင်လှုပ်ရှားမှုဖြစ်ပြီး နောက်ဆက်တွဲ အခြေအနေတွေကြောင့် အခုလို ၁၃ အဆင့်မှာ ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်အတွင်းမှာတော့ မနှစ်ကထက် အခြေအနေတွေ အနည်းငယ် တိုးတက်လာခဲ့တယ်လို့ မာ့ခ်က ပြောပါတယ်။ ဒါပေမဲ့ အဆိုးဆုံးနိုင်ငံများစာရင်း အုပ်စုမှာတော့ ရှိနေဆဲပါ။
ဒီစာရင်းကိုတော့ Foreign Policy မဂ္ဂဇင်းကြီးမှာ ဖော်ပြခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် စာရင်းမှာတော့ အဆိုးဆုံး အခြေအနေပြ နိုင်ငံဟာ ဆိုမားလီးယား ဖြစ်ပါတယ်။ ဇင်ဘာဘွေနိုင်ငံဟာ မနှစ်က နံပါတ် ၂ နေရာကနေ အခုနှစ် နံပါတ် ၄ နေရာကို ရောက်သွားပါတယ်။ အာရှထဲမှာဆိုရင် အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ဟာ မြန်မာနိုင်ငံထက် ဆိုးတဲ့အဆင့်မှာ ရှိနေပြီး အရှေ့တီမောကတော့ မြန်မာနိုင်ငံနောက် အဆင့် ၁၈ မှာ ရှိနေပါတယ်။
http://www1.voanews.com/burmese/news/burma/failed-state-myanmar-96852194.html

Tuesday, June 8, 2010

ကြက်ဆူတောမှတောက်တဲ့ဟောစာတမ်း

ဒီနှစ်ထဲမှာ ရာသီဥတုနဲ့ပတ်သက်ပြီးထူးခြားတဲ့အခြေအနေတွေကိုကြားမြင်တွေ့သိ ထိမိလို့နေရပါတယ်ခင်ဗျ ..


ဂျပန်မှာဆိုရင်နှစ်ပေါင်း ၅၀အတွင်းမှာ ဒီနှစ်ဟာရာသီဥတုပြောင်းလဲမှုအဆိုးဆုံးလို့ဆိုပါတယ် ...နှစ်စဉ်ပွင့်နေကျ ဆာကူရာပန်းတွေလဲ ဒီနှစ်မှာ သက်တော်ရှည်လို့ တော်တော်နဲ့မကြွေတာ သတင်းတွေကိုဖြစ် ..လို့.....


နွေဦးရောက်ပြီဟေ့ ဆောင်းတွင်းကအနွေးထည်တွေ သိမ်းလို့ရလောက်ပြီကွလို့ ထင်လိုက်တဲ့အတွက် သိမ်းပြီးလို့မှ နှစ်ရက်မကြာပါဘူး နှင်းတွေကကျ မိုးတွေကရွာ ရာသီဥတုတွေဖေါက်ပြန်လာတာမို့ သိမ်းပြီးသွားတဲ့အနွေးထည်အချို့ ပြန်ထုတ်ခဲ့ရပါတယ် ...


မိုးလေ၀သဌာနရဲ့ တပတ်စာ မိုးလေ၀သခန့်မှန်းချက်တွေလဲ တပတ်စာအလွဲတွေဖြစ်ခဲ့ရပြန်ရောပေါ့ခင်ဗျာ...


တပတ်စာမိုးလေ၀သခန့်မှန်းချက်တွေကိုအားကိုးမိလို့ ရွှေမြိုင်အောင် မိုးမိခဲ့ရတာလဲအကြိမ်ကြိမ်ပါ...တီရှပ်ကလေးတစ်ထည်နဲ့ရွက်လွှင့်မိလိုက်တဲ့နေ့တွေမှာ မိုးနဲ့လေကြားမျောသွားခဲ့ရလို့ ဟပ်ချိုး အဟွတ် အဟွတ် သက်တမ်းကလဲအတော့်ကိုရှည်ခဲ့ပါတယ် ...


ချောင်းတွေဆိုး လည်ချောင်းတွေနာပြီး စကားပြောရင် အသံလုံးမကွဲပဲ မန်ဒါလီဘဲလို အဂါး အဂါး ဖြစ်ခဲ့ရတယ်ဗျာ...


နေ့အပူချိန်အတက်အကျကလဲ တနေ့နဲ့တနေ့မတူ အတော်ကြီးကိုကြမ်းခဲ့ပြန်ပါတယ် ဂျပန်မှာ နေ့အပူချိန် အတက်အကျကြမ်းနေပေမဲ့ ရွှေမြိုင်အောင်တို့ရဲ့ ရွှေနိုင်ငံတော်ကြီးမှာနေ့အပူချိန်အတက်က ကြမ်းနေလေရောလို့ဆိုပါတယ် ..ကြမ်းတာကမှ ရေတွင်းကရေတွေခန်း..ရေကန်ကရေတွေခန်း..အင်းလေးကန်ကြီးရေတွေခန်းရတဲ့အထိ ခန်းခန်းတွေလှိုင်ခဲ့ရလေသတဲ့ခင်ဗျာ..


ခန်းခန်းတွေလှိုင်ခဲ့ရတာကြောင့် ရွှေနိုင်ငံသားတွေလဲ သောက်ရေ သုံးရေပြဿနာ ဖြစ်ကြရရှာပါတယ် ..အပူချိန်လွန်ကဲတဲ့ဒဏ်ကြောင့် လူအသေအပျောက်တွေလဲတော်တော်များခဲ့တယ်လို့ စိတ်မကောင်းစွာကြားရပါတယ် ...


အခုလဲရေရှားတဲ့ပြဿနာကိုအတတ်နိုင်ဆုံးကူညီပြီး ကုသိုလ်ယု ရေလှူတဲ့သူတွေကိုတော့ သူတို့ရဲ့စေတနာနဲ့ အလှူအတွက်ရွှေမြိုင်အောင်သာဓု ခေါ်ပါတယ် ...ဒါပေမဲ့ဗျာ ..ကျေးရွာအဆုံးတပြည်လုံး ရေမီးရအောင်လုပ်ပေးရမဲ့တာဝန်က ပြည်သူ့ဘဏ္ဍာတွေကို ယူငင်စားသုံးနေတဲ့အစိုးရရဲ့တာဝန်မဟုတ်ပေဘူုးလားဗျာ ..နော်....


ဒီနှစ်မှာ ရေရှားတယ်ပြောလို့ ရေသွားလှူကြတယ် နောက်နှစ်နွေအတွက်ကြိုတင်ပြင်ဆင်မှုကရော ...ဟုတ်ကဲ့ ဒီနှစ်လိုပဲရေရှားတယ် အော်ကြရင် နောက်နှစ်မှာလဲ သွားလှူကြမယ်ဆိုတာမျိုးထက် ပိုပြီး အခြားဘာမှထူးခြားမှုရှိမယ်လို့တော့ရွှေမြိုင်အောင် မထင်ရေးချမထင်ပါခင်ဗျား ...


ကမ္ဘာပေါ်မှာရှိတဲ့ သဘာဝဘေးအန္တရာယ် အခံစားရဆုံးတိုင်းပြည်တွေစာရင်းထဲမှာ မြန်မာနိုင်ငံလဲပါတယ်ခင်ဗျ ..ရာသီဥတုဆိုးရွားရတာက သစ်တောတွေပြုန်းတီးလို့ မြစ်ချောင်းရေဝေရေလဲတွေ ပြောင်းလဲလို့ တိမ်ကောကုန်လို့အစရှိသဖြင့် အမျိုးမျိုးသောအကြောင်းအရာတွေရှိပေမဲ့ .......အဲဒီလိုဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ရွှေမြိုင်အောင်ရေးမနေတော့ပါဘူး ...


ရွှေမြိုင်အောင် တို့ငယ်စဉ်က သစ်တောဦးစီးဌာနရဲ့ဆောင်ပုဒ်ဖြစ်တဲ့ ဥတုရာသီ တောကိုမှီဆိုတဲ့ ဘုတ်ပြားတွေကို မော်လမြိုင် တောင်ရိုးတန်းတွေမှာ အတော်များများ တွေ့ရပါတယ် ..အဲဒီနောက် ဘုတ်ပြားကလေးတွေဟာ ရာဘာခြံတွေရှိရာကို နေရာရွှေ့သွားပါတယ် ..အခုတော့ဘုတ်ပြားလေးတွေလဲ ထင်းရှာတွေရဲ့လက်ကြောင့် တောကိုမမှီနိုင်တော့ဘူးဖြစ်သွားရရှာလေသတဲ့ ...


မြန်မာပြည်မှာ သစ်ဝါးတွေရှားပါးလာပြီး ယတြာချေ စိုက်ခဲ့တဲ့ခြံစည်းရိုးကြက်ဆူပင်တေါသာ မလိုချင်ပဲပွားနေရော ..ခင်ဗျ ..အနှစ်မရှိတဲ့ ကြက်ဆူတောက ကြက်ဆူဘုရင်ကြီးအုပ်ချုပ်တဲ့တိုင်းပြည်မှာ ကြက်ဆူဗိုလ်တွေကိုကြောက်ရလို့မိုးလေ၀သကိုမှန်ကန်အောင်ဟောကိန်းမထုတ်နိုင်ပဲ ကြက်ဆူပင်မှာ တွယ်ကပ် တက်ထိုင်နေတဲ့ တောက်တဲ့ကြီးရှိပါတယ် ...


အဲဒီတောက်တဲ့ကြီးက အပူချိန်မြင့်တက်ရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ပြောပြခဲ့တာကို ရွှေမြိုင်အောင် ပြန်ပြောပြမယ်အပူချိန်ကပထမတက်တယ်တဲ့ တက်ပြီးတော့ပြန်မကျဘုးတဲ့ ပြန်မကျရတာကမိုးမရွာလို့တဲ့ မိုးမရွာလို့ တိမ်မရှိလို့အေးအောင်လုပ်တဲ့ မဂက်နက်ဇင် ဘာမှမရှိတော့အပုချိန်ကတန်းနေရောတဲ့ ..


အပူုချိန်တန်းနေလို့ အပူရှိန်ဖြစ်လာတာတဲ့ဒီတော့အပူရှိန်တွေမြင့်ပြီး အပူရှိန်တွေတက်လာတာတဲ့ ...


အပူရှိန်တွေက လေးငါးရက်လောက်တက်နေတော့အဲဒီအပူရှိန်တွေက အပုချိန်ကိုတန်းစေပြန် ...စကားလေး ၂လုံးဖြစ်တဲ့အပူရှိန်နဲ့အပူချိန်ကြားမှာ ရှုပ်ရှုပ်ကလေးနဲ့ရှင်းသွားတာကိုရွှေမြိုင်အောင်နားလည် လိုက်တာက မိုးမရွာလို့ပူတယ်ဆိုတာပါပဲ ခင်ဗျာ ..မှတ်ကရော...


လူပြိန်းနားလည်အောင်ရှင်းပြတတ်တဲ့ တောက်တဲ့ကြီးရေ ..တော်လိုက်တဲ့ဥာဏ်နဲ့ ကွက်တိမှန်မဲ့ဟောချက်ပါလားဗျာ...


သို့သော် ယခုလို ပူပြင်းခြောက်သွေ့ပြီး မိုးခေါင်ရေရှား ဖြစ်နေသည်မှာ ၁၉၉၈ ခုနှစ်က စံချိန်ကို မမီသေးကြောင်း တောက်တဲ့ကြီးကပြောပါတယ် “အဲဒီတုန်းကဆိုရင် မြန်မာပြည်အနှံ့အပြားက မိုးလေဝသစခန်း ၃ဝ လောက်မှာ စံချိန်တင် မြင့်တက်ခဲ့တယ်။ ဒီနှစ်တော့ စခန်း ၁ဝ ခုမှာပဲ စံချိန်ကျိုးသေးတယ်။ ဒီထက် ပိုကျိုးမလားဆိုပြီး စောင့်ကြည့်ရတဲ့ အနေအထားပါ” တဲ့ခင်ဗျာ ...


အပူချိန် ၄၅ဒီဂရီ ၄၇ဒီဂရီအထိ အမြင့်ဆုံးဖြစ်ခဲ့တာတွေ တနိုင်ငံလုံးမှာ အပုချိန် ၄၀ နဲ့အထက်ရှိခဲ့တာနဲ့ပတ်သက်ပြီးဘယ်လိုစံချိန်ကျိုးတယ်ဆိုတာကို တောက်တဲ့ကြီးရဲ့ဟောစာတမ်းထဲမှာမပါပါဘူး ...


အခုမိုးရာသီထဲရောက်တော့မိုးရွာမဲ့အကြောင်း တောက်တဲ့ကြီးနဲ့တကွ တောက်တဲ့အပေါင်းကဟောကြပါပြီ ...


ပြီးခဲ့သည့် ရက်ပိုင်းများကပင် အယ်လ်နီညိုရာသီဥတုဒဏ် ခံစားနေရရာမှ ယခုအခါ လာနီညာဖြစ်နိုင်ခြေ မြင့်တက်လာပြန်၍ ရာသီဥတုပြောင်းလဲမှုမှာ လျင်မြန်စွာဖြစ်ထွန်းနေပြီး ကြိုတင်ခန့်မှန်းရန် ပိုမိုခက်ခဲလာကြောင်း တောက်တဲ့ကြီးက ပြောတာကိုကြည့်ခြင်းအားဖြင့် သူ့ရဲ့ဟောစာတမ်းမမှန် ရင်သူ့မှာအပြစ်မရှိပဲ လာနီညာ တို့ အယ်လ်နီညို တို့ကြောင့်ဖြစ်တာပါလို့ဆင်ခြေတွေအရင်ပေးနေပါပြီခင်ဗျာ ....


(ရွှေမြိုင်အောင်)

June လထုတ် မိုးသောက်ကြယ်ဂျာနယ်မှကူးကူဖေါ်ပြသည်

Saturday, June 5, 2010

ဂျင်မ်ဝက်ဘ် မြန်မာခရီးစဉ် ဘာကြောင့် ဖျက်သိမ်းရပါသလဲ.(VOA NEWS. 5-06-2010).


အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) က ကြိုတင် ကြေညာထားပြီးဖြစ်တဲ့ မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်ကို ကြာသပတေးနေ့က ရုတ်တရက် ဖျက်သိမ်းလိုက်ပါတယ်။ မြန်မာစစ်အစိုးရဟာ နျူကလီးယား တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ မြောက်ကိုရီးယားနိုင်ငံနဲ့ လျှို့ဝှက် ဆက်သွယ် လုပ်ဆောင်နေကြောင်း လတ်တလော ပေါ်ထွက်လာတဲ့ သတင်းအပြင် မြန်မာစစ်အစိုးရက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနိုင်ငံက လက်နက်တွေ ၀ယ်ယူ တင်သွင်းနေတယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့ စွပ်စွဲချက်ကြောင့်ပါ ဒီခရီးစဉ်ကို ရွှေ့ဆိုင်းထားဖို့ ဆုံးဖြတ်ရတာ ဖြစ်ကြောင်း မစ္စတာ ဂျင်မ်ဝက်ဘ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။