Wednesday, September 16, 2009

ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့ လူ့အခွင့်အရေး မဟာမင်းကြီး တောင်းဆို

16 Sep 2009.VOA NEWS. ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) က ခွဲခြားဆက်ဆံမှုဆိုတဲ့ ဉာဉ်ဆိုးကြီးကြောင့် ကမ္ဘာတ၀န်းမှာ လူသန်းပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံနေရတယ်လို့ ၁၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အင်္ဂါနေ့က ပြောကြားသွားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးရှိရာမှာ လွတ်လပ်မှုကို ငြိမ်းချမ်းစွာ ရှေ့ရှုဆောင်ရွက်နေကြတဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရင်ဆိုင်နေကြရတဲ့ မတရားမှုတွေ အကြောင်းကိုလည်း မစ္စ နာဗီ ပီလေးက မီးမောင်းထိုး ပြောသွားပါတယ်။

No comments: